ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ဒီဇင်ဘာလတွင် ထိုင်းခရီးသွားအဖွဲ့ကို (Fam-Trip) ခရီးစဥ် ဖိတ်ခေါ်မည်

#TravellingJournal မြန်မာ – ထိုင်း ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ အခြေစိုက်ခရီးသွားကုမ္ပဏီများကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် (Fam- Trip) ခရီးစ ...

#TravellingJournal

မြန်မာ – ထိုင်း ခရီးသွားလုပ်ငန်းမြှင့်တင်
ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ အခြေစိုက်ခရီးသွားကုမ္ပဏီများကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် (Fam- Trip) ခရီးစဥ်ကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက Travelling သို့ပြောသည်။

“ဒီဇင်ဘာလထဲတော့ မှန်းထားပါတယ်။ ထိုင်းနိုင်ငံက ခရီးသွားကုမ္မဏီတွေနဲ့ ထိုင်းမီဒီယာတွေကိုလည်းဖိတ်ခေါ်သွားဖို့ စီစဥ်နေတာပါ ။ ဘယ်မီဒီယာတွေပါမလဲတော့ မသိရသေးပါဘူး။ လူ (၃၀)လောက်တော့ ပါပါမယ် “ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက Travelling သို့ပြောသည်။

အဆိုပါ(၅) ညအိပ် (၆) ရက် ခရီးစဥ်တွင် ရန်ကုန် ၊ပဲခူး ၊နေပြည်တော်၊ပုဂံ နှင့် မန္တလေး စသည့်ခရီးစဥ် ဒေသများကို သွားရောက်လည်ပတ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ် မေလပိုင်းကလည်း
မြန်မာ – တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး
ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip– FAM Trip) ကို ဖိတ်ခေါ်ခဲ့ပြီး တရုတ်နိုင်ငံရှိ ပေကျင်း၊ကူမင်း၊ယူနန်၊ ကွေ့လင်၊ ချုံချင့်၊ ချန်ဒူး အစရှိသော ဒေသများမှ ခရီးသွားအေဂျင်စီများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဌာနများနှင့် မီဒီယာများမှ ကိုယ်စားလှယ် (၄၁) ဦးတို့ လိုက်ပါလာကြပြီး မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသ များဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင် စသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ခဲ့ ကြောင်း သိရသည်။

အလားတူ (၂၀၂၃) ခုနှစ်တွင် ရုရှား Fam-Trip ခရီးစဥ်တစ်ခုကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။

ပုံ-စာ ထိုင်းခရီးသွား များ အများဆုံး သွားရောက်လည်ပတ်ကြသည့် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် ကို တွေ့မြင်ရစဥ်။