#TravellingJournal
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA )ဗဟို၏ နဝမအကြိမ်မြောက်အလုပ်အမှုဆောင်ရွေးချယ်ပွဲ (၂၀၂၅ -၂၀၂၇ ) ကို အီလက်ထရောနစ်မဲပေးစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူက Travelling သို့ပြောသည်။
“ကျွန်တော်တို့ဗဟိုအသင်းရဲ့အလုပ်အမှုဆောင်ရွေးချယ်ပွဲကို အီလက်ထရောနစ်မဲပေးစနစ်နဲ့ ကျင်းပသွားမှာပါ။ UMFCCI ၊ MTF စတဲ့အသင်းအဖွဲ့တွေက ကျင်းပတဲ့ ပုံစံမျိုးမတူ အောင် ပါဝင်ရွေးချယ်မဲ့ အသင်းသားတွေရဲ့ဖုန်းနံပါတ်၊သူ့တို့ရဲ့ မေးလ်လိပ်စာ အဲဒါတွေနဲ့ ပေးသွားရမှာဖြစ်ပါတယ် “ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA )၏ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကို က Travelling သို့ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ လက်အောက်တွင် ဟိုတယ်ဇုန် (၂၁ ) ဇုန်ထိရှိပြီး အမှုဆောင်ရွေးချယ်ပွဲများကို ကျင်းပပြီးစီးခဲ့သော်လည်း နယ်မြေ တည်ငြိမ်မှုမရှိသေးသည့် ဇုန်များ၏ အမှုဆောင်များကို ယခင်အတိုင်းထားရှိမည်ဖြစ်ကြောင်းသိရသည်။
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် သက်တမ်းအားဖြင့် (၂၂ ) နှစ် ဝန်းကျင် ရှိသည့်အသင်း အဖွဲ့ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအားလုံး၌ ဟိုတယ်လုပ်ငန်းရှင်အသင်းဝင်ပေါင်း (၁၈၀၀) ကျော်ရှိကြောင်းသိရသည်။