Kalaw Villa(မြင်းက) တွင် Vacation Home အသစ်တစ်ခု ထပ်မံဖွင့်လှစ်

#TravellingJournal ခရီးသွားမြို့တော်ဖြစ်သည့် ကလောမြို့ရှိKalaw Villa( မြင်းက )တွင် မိသားစုနှင့်အုပ်စုဖွဲ့နားနေတည်းခိုနိုင်ရန် ရည်ရွယ်ပြီး Vacation Home အသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း ပိုင်ရှ ...

#TravellingJournal

ခရီးသွားမြို့တော်ဖြစ်သည့် ကလောမြို့ရှိ
Kalaw Villa( မြင်းက )တွင် မိသားစုနှင့်အုပ်စုဖွဲ့နားနေတည်းခိုနိုင်ရန် ရည်ရွယ်ပြီး Vacation Home အသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း ပိုင်ရှင် ဖြစ်သူက Travelling သို့ ပြောသည်။

လေပြေဧ အမည်ရှိသည့် Vacation Home ကို
ယခုလ နိုဝင်ဘာ(၉) ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး
မျက်နှာစာ (၅၃)ပေ အနောက် (၈၀) ပေအကျယ်ရှိသည့် မြေပေါ်တွင် နှစ်ထပ်လုံးချင်း တိုက်အိမ်လေးကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

” ခြံဝန်းအကျယ်ကြီးနဲ့ တည်းခိုနေချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ကိုယ်အိမ်ပုံစံလေး လို နေလို့ရတဲ့ခံစားမှုလေးလည်း ရစေချင်လို့ အိမ်ကိုစိတ်တိုင်းကျ အလှဆင်ပေးထားပါတယ်။ ဒါ့ပြင် Mini ဂေါက်ကွင်းလေးလည်း ထည့်ထားပေးထားပါတယ် “လို့ လေပြေဧ Vacation Home ပိုင်ရှင် ဒေါ်အေးသီရိအောင် က Travelling သို့ ပြောသည်။

အဆိုပါ နှစ်ထပ်လုံးချင်းတိုက်အိမ်တွင် အခန်းသုံးခန်းထည့်သွင်းထားပြီး လူသုံးဦး တည်းခိုသည့်အခန်းတစ်ခန်းနှင့် လူနှစ်ဦးတည်းခိုအိပ်ခန်း နှစ်ခန်းပါရှိကြောင်းသိရသည်။

” လုံးချင်းအိမ်ကတော့ အနည်းဆုံး (၇ ) ဦး တည်းလို့ရပါတယ်။ အိုးစည်တောင်နဲ့နီးပါတယ်။ အခုနိုဝင်ဘာလထဲမှာတော့ တစ်ညကို တစ်သိန်းရှစ်သောင်း ထားပေးထားပါတယ်။ ဒီဇင်ဘာကျရင်တော့ စျေးနည်းနည်းတက်ပါမယ် “လို့ ပိုင်ရှင်ဖြစ်သူ က Travelling သို့ ပြောသည်။

လက်ရှိ တွင် ခေါက်ဆွဲခြောက်နှင့်ကြက်ဥများထားရှိပေးထားပြီး နောက်ပိုင်းတွင် ဒေသထွက် ရွာငံကော်ဖီကို ထားရှိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကလောမြို့သို့ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သူများပြားလာသည်နှင့်အတူ အသစ်ဆောက်လုပ်လာကြသည့် Vacation Home များ များပြားလာခဲ့ကြောင်း သိရသည်။

Photo Tin Soe Aung