ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ စုပေါင်းပြီး နိုင်ငံတော်အဆင့်ခရီးသွားပြပွဲ ကျင်းပမည်

#TravellingJournal လာမည့် ၂၀၂၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ စုပေါင်းပြီး နိုင်ငံတော်အဆင့်ခရီးသွားပြပွဲကျင်းပရန် စီ ...

#TravellingJournal

လာမည့် ၂၀၂၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ စုပေါင်းပြီး နိုင်ငံတော်အဆင့်ခရီးသွားပြပွဲကျင်းပရန် စီစဥ် နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF) ဥက္ကဋ္ဌဦးရန်ဝင်း က Travelling သို့ ပြောသည် ။

” ခရီးသွားလုပ်ငန်းကို Promote လုပ်တဲ့သဘောပေါ့။ အခုညီနောင်အသင်းတွေနဲ့စုပေါင်းပြီး လုပ်မှာဖြစ်ပါတယ်။ ကျင်းပမဲ့လ ကတော့ မသတ်မှတ်ရသေးပါဘူး။ စီစဥ်နေဆဲပါ ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling သို့ ပြောသည်။

ပုဂ္ဂလိကကဏ္ဍအနေဖြင့် ခရီးသွားပြပွဲကို ကျင်းပနိုင်ရန်အတွက် နိုဝင်ဘာ (၁၂) ရက်က အထူးအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း( UMTA)မှလည်း (၂၀၂၅) ခုနှစ်တွင်
ခရီးသွားပြပွဲများကို ကျင်းပသွားရန်စီစဥ်ထားကြောင်း အဆိုပါအသင်း၏ အထွေထွေ အတွင်းရေးမှူး ဒေါ်မေသက်လွင်က Travelling သို့ပြောသည်။

“MTF နဲ့ ပူးပေါင်းပြီး ခရီးသွားပြပွဲကတော့ ကျင်းပသွားမှာပါ။ လ ကတော့ မသတ်မှတ်ရသေးဘူး။ အစ်မတို့ UMTA အနေနဲ့ သီးသန့်ကျင်းပမဲ့ ပြပွဲကိုတော့ ဇွန်လထဲ ကျင်းပမှာ​​ ဖြစ်ပါတယ် “ဟု ဒေါ်မေသက်လွင်က Travelling သို့ ပြောသည်။

လာမည့် ၂၀၂၅ ခုနှစ် တွင် ပြည်ပခရီးသွားများ လာရောက် လည်ပတ်နိုင်ရန်အတွက် Tourism နယ်ပယ်အသီးသီးမှ ခရီးသွားကုမ္ပဏီများ​မှလည်း အပြိုင်အဆိုင် ခရီးသွားစျေးကွက်များကို ချဲ့ထွင်နေ​ကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

Photo-Internet
ပုံ-စာ မြန်မာ့ခရီးသွားပြပွဲ (၂၀၂၃) ကို ရန်ကုန််မြို့ရှိ ဝန်ကြီးများရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မြင်ကွင်းကို တွေ့ရစဥ်။