နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဟိုတယ်ဝန်ဆောင်မှုပေးသည့် ဟိုတယ်အလုံး (၁၀၀) ကျော်ရှိလာ

#TravellingJournal နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဟိုတယ်ဝန်ဆောင်မှုဆောင်ရွက်နေသည့် ဟိုတယ်အလုံး ရေ (၁၀၀ )ကျော် ရှိလာပြီ ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling သို့ ပြောသည်။ လ ...

#TravellingJournal

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဟိုတယ်ဝန်ဆောင်မှုဆောင်ရွက်နေသည့် ဟိုတယ်အလုံး ရေ (၁၀၀ )ကျော် ရှိလာပြီ ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ဟိုတယ်(၄၉၁)လုံးမှာလည်း(Running Active) ဖြစ်နေပြီး Solar Hybrid Energy ရရှိရန် ကြိုတင်ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

” မကွေးမှာဆိုရင် ပုလဲရွှေရည်ဟိုတယ်မှာ တပ်ဆင်ထားတယ်။ ရန်ကုန်မှာကတော့ အလုံးရေ ၁၀၀ ကျော်လောက်ရှိပါမယ်။ ကုန်ကျစရိတ် ကတော့ ကနဦးတပ်ဆင်တဲ့အခါမှာတော့ တပ်ဆင်တဲ့ ဟိုတယ်အကြီးအသေးပေါ် မူတည်ပြီး ဟိုတယ်အလတ်စားဆိုရင် သိန်း (၈၀၀၀) လောက် ကုန်ကျပါတယ်။ ဆိုလာတပ်ဆင်ခြင်းကြောင့် အရင်ကထက် ကုန်ကျစရိတ်ပိုပြီး သက်သာလာတာကို တွေ့ရပါတယ် “ဟု ဟိုတယ် ဆိုင်ရာ လုပ်ငန်း ရှင် အသင်းမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

ပုလဲရွှေရည်ဟိုတယ်အနေဖြင့် ယခင်က ဆိုလာ စနစ် မတပ်ဆင်ခင်က လျှပ်စစ်ကုန်ကျစရိတ် မှာ (၂၀၂၂) ဇန်နဝါရီလ မှ ဒီဇင်ဘာလ ထိ မီးစက်ဒီဇယ်ဖိုးကုန်ကျစရိတ်မှာ သိန်း ၈၀၀ ကျော် ကုန်ကျခဲ့ကြောင်းသိရသည်။

ဆိုလာစနစ်တပ်ဆင်ခဲ့သည့်အတွက် (၂၀၂၃) ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ ထိ မီးစက် ဒီဇယ်ဖိုးကုန်ကျစရိတ်မှာ ကျပ်သိန်း (၅၀၀) ကျော်သာ ကျသင့်လာခဲ့ပြီး (၂၀၂၄) ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလ ထိ မီးစက် ဒီဇယ်ဖိုးကုန်ကျစရိတ်မှာ သိန်း (၃၀၀) ကျော်ထိ ထပ်မံ လျော့ကျလာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် အသင်းဝင်ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် (၁၈၀၀)ကျော်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၏ မဟာဗျူဟာရည်မှန်းချက် အနေဖြင့် (Green Energy Solution) ဖြစ်သလို စက်သုံးဆီ လျှော့ချသုံးစွဲသွားရန်နှင့် တစ်ဖက်တွင်လည်း နိုင်ငံခြားငွေသုံးစွဲမှု၌ လျှော့ချသွားရန် စသည့် အချက်များကို အကောင်အထည် ဖော်နေကြောင်း သိရသည်။

ထို့ပြင် အသင်းအနေဖြင့် ရေရှည်လက်တွဲသွားမည့် ဆိုလာထုတ်လုပ်သည့်ကုမ္ပဏီများဖြင့် ဆောင်ရွက်သွားရန် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်လုပ်ငန်းတွင် Green Energy ဖြင့် လျှပ်စစ်ကဏ္ဍ ရယူပြီးဝန်ဆောင်မှုပေးလာမည်ဆိုပါက နိုင်ငံ၏ပုံရိပ်လည်းတိုးတက်ကောင်းမွန်လာမည်ဖြစ်သလို နိုင်ငံတကာများတွင်လည်း ဆိုလာမှ လျှပ်စစ်မီး သုံးစွဲပြီး ဧည့်သည်များအား ဝန်ဆောင်မှုပေးနေကြောင်းကို သိရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်

#TravellingJournal
#News
ပုံ-စာ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲထားသည့် ရန်ကုန်အ​​ခြေစိုက်ဟိုတယ်တစ်ခုနှင့် မကွေးအခြေစိုက်ဟိုတယ်တစ်ခုကို တွေ့​ရစဥ် ။