
#TravellingJournal
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ကို ြပည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်စေရန် ပြည်ပသုံးနိုင်ငံတွင် ခရီးသွားမြှင့်တင်မှုများကို ဆောင်ရွက်နေကြောင်း Kalaw Princess Co.,Ltd မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။
” Asian တွေကိုပဲ အဓိကထားပြီး ခရီးစဥ်တွေကို ရောင်းချမှာပါ။ဒါ့ပြင် သံတမန်မိသားစုတွေနဲ့ ဂျာမန်ခရီးစဥ်စျေးကွက်ကိုလည်း အဓိက ဖောက်နေပါတယ်”ဟု Kalaw Princess Co ltd မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။
လက်ရှိတွင် ခရီးသွားမြှင့်တင်မှုကို ပုဂ္ဂလိက အနေဖြင့် ဆောင်ရွက်နေပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် ချင်းမိုင်မြို့၌ ခရီးသွားကုမ္ပဏီ ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ဆောင်ရွက်နေကြောင်း သိရသည်။
ခရီးစဥ်များအနေဖြင့် ကျေးရွာများသို့ လည်ပတ်စေနိုင်သည့် Package Tour များကို ရေးဆွဲနေသလို စက်ဘီး Tour နှင့် Local activities များကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် Kalaw Princess Co ltd လက်အောက်ရှိ ဟိုတယ်များကိုလည်း လာမည့်နှစ်များတွင် ဖွင့်လှစ်သွားရန် စီစဥ်ထားပြီးဖြစ်ကြောင်း သိရသည်။