​MHA အသင်းမှ ၂၀၂၅ ခုနှစ်တွင် Green Energy Solution ဆု ရရှိရန် ဝင်ရောက်ယှဥ်ပြိုင်မည်

#TravellingJournal မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)မှ၂၀၂၅ ခုနှစ်တွင် Green energy Solution ဆု ရရှိရန် ဝင်ရောက် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း MHAအသင်းမှ တာဝန်ရှိသူ တ ...

#TravellingJournal

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)မှ၂၀၂၅ ခုနှစ်တွင် Green energy Solution ဆု ရရှိရန် ဝင်ရောက် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း MHAအသင်းမှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

“ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံ ကိုယ်စားပြု Green Energy Solution ဆုရဖို့ဝင်ရောက်ယှဥ်ပြိုင်သွားမှာပါ။ ဆုရဖို့လည်း ကျိန်းသေကြိုးစားသွားမှာပါ “ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း မှ တွဲဖက်အထွေထွေအတွင်းရေးမှူး က Travelling သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ဟိုတယ်များမှလည်း Solar Hybrid Energy ရရှိရန် ကြိုတင် ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်ကြောင်း၄င်းက ပြောသည်။

ထို့ပြင် အသင်းအနေဖြင့်ရေရှည်လက်တွဲသွားမည့် ဆိုလာထုတ်လုပ်သည့်ကုမ္ပဏီများဖြင့် ဆောင်ရွက်သွားရန် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်လုပ်ငန်းတွင် Green Energy ဖြင့် လျှပ်စစ်ကဏ္ဍ ရယူပြီးဝန်ဆောင်မှုပေးလာမည်ဆိုပါက နိုင်ငံ၏ပုံရိပ်လည်းတိုးတက်ကောင်းမွန်လာမည်ဖြစ်သလို နိုင်ငံတကာများ၏ အမြင်၌လည်း ဆိုလာမှ လျှပ်စစ်မီးသုံးစွဲပြီး ဧည့်သည်များအား ဝန်ဆောင်မှုပေးနေကြောင်းကိုသိရှိနိုင်လာမည်ဖြစ်သလို ထိုမှတဆင့် အာဆီယံကလည်း သိရှိသွားမည်ဖြစ်သောကြောင့် အဆိုပါ ဆုကို ရရှိရန် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Green Energy Solution