Singapore Airlines မှ ပေးအပ်သည့် Top Passenger Sales Award ဆု မြန်မာခရီးသွားကုမ္ပဏီ (၁၀ ) ကျော် ရရှိ

#TravellingJournal ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Singapore Airline မှ နှစ်စဥ် ဂုဏ်ပြုချီးမြှင့်သော ” Top Passenger Agents Award ( ၂၀၂၃ – ၂၀၂၄) ကို ပြည်တွင်းအခြေစိုက ...

#TravellingJournal

ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Singapore Airline မှ နှစ်စဥ် ဂုဏ်ပြုချီးမြှင့်သော ” Top Passenger Agents Award ( ၂၀၂၃ – ၂၀၂၄) ကို ပြည်တွင်းအခြေစိုက် ခရီးသွားကုမ္မဏီ( ၁၀) ကျော် ရရှိခဲ့ကြောင်း Than Than Travels မှ တာဝန်ရှိသူ ဦးဇော်မင်းအောင် က Travelling သို့ ပြောသည်။

” ကျွန်တော်တို့က ၁၉၉၂ ခုနှစ်ကတည်းက
စတင် ကုမ္ပဏီတည်ထောင်ခဲ့တာပါ။ PSA အေးဂျင့်ကိုယ်စားလှယ်တွေကို နှစ်တိုင်း ဂုဏ်ပြုပေးတာပါ။နှစ်တိုင်းဆု ရပါတယ်။ သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပေါ်မူတည်ပြီး ဆုကိုပေးတာပါ “ဟုThan Than Travels မှ တာဝန်ရှိသူ ကိုဇော်မင်းအောင် က Travelling ကို ပြောသည်။

ပြည်ပ စျေးကွက်တွင် ခရီးသွားဝေစုစျေးကွက်အများဆုံးကိုရောင်းချထားနိုင်သည့်ခရီးသွားကုမ္ပဏီကြီးများဖြစ်ကြသော New Motion Travels & Tours နှင့် Htoo Travels အပါအဝင် ဂုဏ်ပြုဆုများရရှိခဲ့ကြောင်းသိရသည်။

“အစ်မတို့က တော့ ၁၉၉၆ မှာ တည်ထောင်တာပါ။ စင်ကာပူလေကြောင်းလိုင်းနဲ့ က ၁၉၉၉-၂၀၀၀ လောက်မှာ စတင် လက်တွဲ ခဲ့ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့သတ်မှတ်ချက်ပြည့်ရင် ဆုပေးတဲ့ သဘောပါ။ အစ်မတို့လည်း နှစ်တိုင်းရပါတယ် “ဟု Htoo Travels မှ တာဝန်ရှိသူ မသဇင်က Travelling ကို ပြောသည်။

စင်ကာပူလေကြောင်းလိုင်းအနေဖြင့် မြန်မာ နိုင်ငံရှိခရီးသွားကုမ္ပဏီ( ၁၃) ဝန်းကျင်ခန့် ကိုPSA အရောင်း ကိုယ်စားလှယ် များ ထားရှိကာသတ်မှတ် ထားသည့်စံနှုန်းများအပေါ် အဆိုပါဆုများကို ချီးမြှင့်လေ့ရှိကြောင်း New Motion Travels & Tours မှ တာဝန်ရှိသူ ဦးထိုက်လွန်းမောင်က Travelling သို့ပြောသည်။

Singapore Airline
Photo Htoo Travels