နန်းမြင့်​​​မျှော်စင် ရောင်းချမည့် သတင်း မဟုတ်မှန်ကြောင်း လက်ဝယ်ပိုင်ဆိုင်ထားသည့် ရှင်သန်သူ ကုမ္ပဏီမှ ပြောကြား၊လွန်ခဲ့သည့် ငါးနှစ်ကတည်းက ထူးအုပ်စုကရောင်းချထားပြီးဖြစ်နေ

#TravellingJournal ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ အမြင့်ဆုံး ဘုရားဖြစ်သည့် သဗ္ဗေညုဘုရား ဥာဏ်တော် ထက် သုံးပေ နိမ့်သည့် ပုဂံဒေသတစ်ခုလုံးအား အပေါ်စီးမှ မြင်တွေ့နိုင်သော နန်းမြင့်​​​မျှော်စင် အား စျ ...

#TravellingJournal

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ အမြင့်ဆုံး ဘုရားဖြစ်သည့် သဗ္ဗေညုဘုရား ဥာဏ်တော် ထက် သုံးပေ နိမ့်သည့် ပုဂံဒေသတစ်ခုလုံးအား အပေါ်စီးမှ မြင်တွေ့နိုင်သော နန်းမြင့်​​​မျှော်စင် အား စျေးကွက်အတွင်းရောင်းချမည်ဟု ထွက်ပေါ်လာသည့် ကောလာဟလမှာ မှားယွင်းကြောင်း လက်ရှိနန်းမြင့်မျှော်စင်ကို ပိုင်ဆိုင်ထားသည့် ရှင်သန်သူကုမ္ပဏီမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

အဆိုပါ နန်းမြင့်​​​မျှော်စင်ကို လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်ကတည်းက နာမည်ကျော် သူဌေးကြီး တစ်ဦးဖြစ်သူဦးတေဇ၏ ထူးလုပ်ငန်းစု စီမံခန့်ခွဲအောက်၌ မရှိတော့ပဲ ရှင်သန်သူကုမ္ပဏီသို့ လက်ပြောင်းထားခဲ့ပြီးဖြစ်ကြောင်း ထူး ဟိုတယ်လုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ ပြောသည်။

“လူမှုကွန်ယက်မှာတွေ့ပါတယ်။ မရောင်းပါဘူး။ ကျွန်တော်တို့လက်ထဲမှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ရှိပါတယ်။ ကျွန်တော်တို့ မရောင်းပါဘူး “ဟု ရှင်သန်သူကုမ္ပဏီမှ တာဝန်ရှိသူက Travelling ကို ပြောသည်။

လက်ရှိတွင် နန်းမြင့်​​​ မျှော်စင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့် နိုင်ငံခြားသားဧည့်သည်ဆိုပါကတစ်ဦးလျှင် ၅ ဒေါ်လာ ဝင်ကြေးကောက်ခံကြောင်း သိရသည်။

#Bagan

#Photo-နန်းမြင့်မျှော်စင်