ခရီးသွားမြို့တော်ဟု တင်စားထားသည့်ကလောမြို့တွင် ရေဘေးကြောင့် အိမ်ခြေ (၄၀၀) ကျော် ပျက်စီး၊ လူ (၁၄) ဦး သေဆုံး

#TravellingJournal ခရီးသွားမြို့တော်ဟု တင်စားထားသည့် ကလောမြို့သည် ရေဘေးကြောင့် အိမ်ခြေ (၄၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၄) ဦး သေဆုံးခဲ့ကြောင်း ကလောမြို့စည်ပင် သာယာရေးဌာနမှ တာဝန်ရှ ...

#TravellingJournal

ခရီးသွားမြို့တော်ဟု တင်စားထားသည့် ကလောမြို့သည် ရေဘေးကြောင့် အိမ်ခြေ (၄၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၄) ဦး သေဆုံးခဲ့ကြောင်း ကလောမြို့စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” လက်ရှိစာရင်းအရဆိုရင် အိမ်အပျက်အစီး
(၄၄၀ )ကျော် နဲ့ လူ (၁၄)ဦး သေဆုံးခဲ့ပါတယ်”ဟု ၄င်းက Travelling ကို ဖုန်းမက်ဆေ့ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် ကလောမြို့ပေါ် ၌ ရေပြန်ကျသွားပြီးနောက် မြို့ပေါ်လမ်းများကို သန့်ရှင်းရေး များဆောင်ရွက်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေကြောင်း ကလောမြို့စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” စည်ပင်ဌာနကတော့ မြို့သန်းရှင်းရေးနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။ လုပ်နေတုံးပါပဲ။ အမြန်ဆုံးဆောင်ရွက်လျက်ရှိနေပါတယ်။ ခန့်မှန်းအားဖြင့် တစ်လခန့်ကြာမြှင့်ပါမယ် “ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ကလောမြို့၌ ကယ်ဆယ်ရေးစခန်း
(၇) ခု ဖွင့်လှစ်ထားပြီး မြို့မဘုန်းကြီးကျောင်း၌ ကယ်ဆယ် ကွပ်ကဲရေးရုံးကို ဖွင့်လှစ်ထားကြောင်း အလှူရှင်များအနေဖြင့် မြို့မဘုန်းကြီးကျောင်းသို့ လှူဒါန်းပေးနိုင်ကြောင်း သိရသည်။

ကလောရေဘေးကြောင့် ရေဘေးရှောင် ဒေသခံလူဦးရေ ခန့်မှန်း ၂၀၀၀ ဝန်းကျင်ရှိပြီး သေဆုံးသူ ဦးရေမှာ (၁၄) ဦး ရှိကြောင်း စည်ပင်သာယာရေးဌာန ၏ လက်ရှိ စာရင်းအရ သိရသည်။

Photo July Angel

ပုံ-စာ စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့က မြင်တွေ့ရသည့် ကလော မြို့ပေါ် မြင်ကွင်းကို တွေ့ရစဥ်။