သုံးနှစ်တစ်ကြိမ်ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF) ၏အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်၊ရာထူးတချို့ လူပြောင်းလဲမှုများရှိခဲ့

Travelling Journal ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုပြီးဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၃ -၂၀၂၆ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင် ပြန်လည် ရွေးချယ်တင်မြှေ ...

Travelling Journal

ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုပြီးဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၃ -၂၀၂၆ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင် ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌ အဖြစ် ဦးရန်ဝင်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

ယင်းနောက်တွင် ညီနောင်အသင်းသားအစုအဖွဲ့​များမှ အလုပ်အမှုဆောင်များကို Opa Vote ဖြင့် ဆန္ဒမဲထည့်ကြပြီးနောက် ဦးမျိုးဝင်းသန်း ဒု-ဥက္ကဋ္ဌ (၁) ၊ ဦးလူမွန် ဒု-ဥက္ကဋ္ဌ (၂) ၊ ဦးကျော်မင်းထင် ဒု-ဥက္ကဋ္ဌ (၃) ၊ ဦးနောင်းနောင်းဟန် ဒု-ဥက္ကဋ္ဌ (၄) ၊ ဦးမျိုးသွင် ဒု-ဥက္ကဋ္ဌ (၅) ၊ ဦးအောင်မျိုးမင်းဒင် ဒု-ဥက္ကဋ္ဌ (၆) ၊ ဦးသန်းထွဋ် အထွေထွေအတွင်းရေးမှုူး ၊ ဦးကျော်မင်းလှိုင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၊
ဦးကျော်ကျော်ဆင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ၊ ဦးကောင်းမင်းခန့် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) ၊ ဦးလင်းထိန် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၄) ၊ ဦးကျော် ဇေယျ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၅) ၊ ဒေါ်နေရည်အောင်​တွဲဖက် အထွေထွေ အတွင်းရေးမှူး (၆) တို့ကိုရွေးချယ်ခဲ့ကြသည်။

ထို့​​နောက် ဘဏ္ဍာရေးမှူးအဖြစ်​ ဦးသန်းရွှေ ၊ ဒေါ်ခင်သိဂိီလှမောင် တွဲဖက် ဘဏ္ဍာရေးမှူး (၁) ၊ ဦးကျော်မင်းထိုက် တွဲဖက် ဘဏ္ဍာရေးမှူး (၂) ၊ ဦးမင်းသိန်း စာရင်း စစ် ၊ ဒေါ်မေသက်လွင် တွဲဖက်စာရင်းစစ် (၁) ၊ ဒေါ်အေးသီတာမိုး တွဲဖက်စာရင်းစစ်(၂) နှင့် ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဒေါ်တင်မာမြင့် ၊ ဦးဖြိုးဇော်ဝေ ၊ ဒေါ်နှင်းသက်ကျော်နိုင် တို့ အား အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

အလုပ်အမှုဆောင်များအဖြစ် ဦးကျော်ဇေယျ (မန္တလေး) ၊ ဦးကျော်ဝင်း၊ ဒေါ်ခိုင်နွယ်သိန်း၊ဒေါ်စံမေခင်၊ဒေါ်စုမြတ်စန္ဒီဦး၊ ဦးဇာနည်တင်မြင့်၊ ဦးတင်မြင့် ၊ဦးတူးခေါင်၊ ဦးထွန်းလင်းသောင်း၊ဒေါ်နှင်းယိမ်းအောင် ၊ ဦးနေအောင်ကို ၊ဒေါ်ဖြူဖြူတင် ၊ ဦးမင်းအောင်မော်၊ ဦးမျိုးမင်းဇော် ၊ဦးမျိုးလွင် (ခ) ဦးမျိုးကြီး ၊ ဦးမျိုးသိန်းကျော်၊ ဦးမြင့်ဇော် ၊ ဦးမြင့်ထွေး( ခ) ဦးသာဓု ၊ဒေါ်မြတ်စုခိုင် ၊ ဦးမောင်မောင်အေး ၊ ဦးရဲဝင်း ၊ ဦးလှမြင့် ၊ ဦးဝင်းနိုင်ဦး ၊ ဦးသက်ထူးအောင်၊ ဦးသက်လွင်တိုး ၊ ဦးသန်းဌေး( ဒု ဥက္ကဋ္ဌ) ၊ ဦးသန်းဌေး( ဥက္ကဋ္ဌ) တို့ဖြင့် အသီးသီးပြန်လည် ဖွဲ့စည်းခဲ့သည်။

အဆိုပါ အလုပ်အမှုဆောင်များရေွးချယ်ပွဲကို အောက်တိုဘာ ၁၄ ရက် က အင်းယားလိတ် ဟိုတယ် ၊ Mingalar Ball Room ၌ ကျင်းပခဲ့
ခြင်းဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းဆက်စပ်ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အဖွဲ့ချုပ် တစ်ခုဖြစ်ကြောင်းသိရသည်။