မြန်မာ့ခရီးသွားဘဏ် မှ နေပြည်တော်ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀)ကာလ တန်ဖိုးရှိ စားစရာများ လှူဒါန်းမည်

#TravellingJournal မြန်မာ့ခရီးသွားဘဏ်မှ နေပြည်တော် ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀) ကာလတန်ဖိုးရှိ စားစရာများ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Ban ...

#TravellingJournal

မြန်မာ့ခရီးသွားဘဏ်မှ နေပြည်တော် ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀) ကာလတန်ဖိုးရှိ စားစရာများ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) မှ Executive Director ဖြစ်သူ ဒေါ်သိင်္ဂီလင်းက Travelling သို့ ပြောသည်။

“MTB က အမြန်ဆုံးသွားလှူဖို့ ဒီနေ့ စတင်ပြင်ဆင်နေပါတယ်။ကိုယ့် Team နဲ့ အမြန်ဆုံး ရမည်းသင်း၊ တပ်ကုန်းနေရာတွေ အဆိုးဆုံးဖြစ်မဲ့နေရာတွေကို စားစရာတွေလှူဖို့ ပြင်ဆင်နေပါတယ်။ အဝတ်အထည်တွေလည်း ပါပါမယ်။ဒီနေ့တော့ သိန်း ၁၀၀ ဖိုး စတင်ရည်ရွယ်ထားပါတယ်”ဟု ဒေါ်သိင်္ဂီလင်းက Travelling သို့ ပြောသည်။

နေပြည်တော်ပတ်ဝန်းကျင်တွင် ရွာကြီးရွာငယ်ပေါင်း(၈)ရွာ ဝန်းကျင်ရှိပြီး အိမ်​ခြေပေါင်း ၂၅၀၀ ဝန်းကျင်ရှိကာ လူဦးရေပေါင်းတစ်သောင်းကျော်၏ နေအိမ်တော်တော်များများ ရေမြုပ်နေသဖြင့် စားသောက်ရန် အခက်အခဲဖြစ်နေသောကြောင့် အစားအသောက်များ လှူဒါန်းနိုင်ရန် သဗ္ဗသုခနာရေးကူညီမှုအသင်း မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ညိုက Travelling သို့ ပြောသည်။

ထို့ပြင်တပ်ကုန်းမြို့နယ်၊မန်ကျည်းပင်၊မြောက်ရွေးစုရွာ၊ဆင်သေရွာ၊ ဝက်ကုန်းရွာတို့မှာ ရေကြီးမှုဒဏ်အဆိုးဆုံးကို ခံစားရသည့် ကျေးရွာများဖြစ်ကြောင်း ၄င်းက Travelling သို့ ပြောသည်။

“ကျေးရွာတော်တော်များများ ရေကြီးပါတယ်။ ပျဥ်းမနား(သကြားစက်)ဖက်ဆို ရေတော်တော်ကြီးပါတယ်။ တစ်ချို့ရွာတွေက ရေကျသွားပါပြီ။ တစ်ချို့ရွာတွေကတော့ မကျသေးပါဘူး။ ဇီးကုန်းရွာဆို ရေကျသွားပေ မယ့် တင်ကျန်ခဲ့တဲ့နှုန်းတွေက ပေါင်လောက်ထိရှိပါတယ်။ ကျွန်မတို့ ဒီနေ့မှတော့ ထမင်းဗူး( ၇၀၀) နဲ့ ရေသန့်ဗူးတစ်လီတာ ဗူး (၁၀၀၀)ကို သွားရောက်လှူဒါန်းခဲ့ပါတယ် “ဟု သဗ္ဗသုခ နာရေးကူညီမှုအသင်း မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ညိုက Travelling သို့ပြောသည်။

ထို့ပြင် နေပြည်တော်အခြေစိုက်Jade Garden Hotel( Nay Pyi Taw )မှ စက်တင်ဘာ ၁၂ ရက် တွင် လယ်ဝေးမြို့နယ်၊ကွမ်းခြံကျေးရွာရှိ ရေဘေးသင့် ကျေးရွာသူကျေးရွာသားများ အား ကြာဆံကြော်နှင့်ရေသန့်များကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်နှင့် Myanmar Tourism Marketing Association ( MTM) တို့ကလည်း ရေဘေးသင့်ဒေသများကို လှူဒါန်း သွားမည်ဖြစ်ကြောင်းသိရသည်။

Donation
Photo သဗ္ဗသုခ နာရေးကူညီမှုအသင်း/JadeGardenhotel

ပုံ-စာ စက်တင်ဘာ (၁၁)နှင့် (၁၂) ရက်များတွင်ရေဘေးသင့်ဒေသများနှင့်လှူဒါန်မှုများကိုတွေ့ရစဥ်။