မြန်မာတစ်နိုင်ငံလုံးတွင် (၁၂)ကြိမ်မြောက်ဆင်အမွှာပူးကို ဝင်္ဂ​ဘော်ဆင်စခန်း၌ မွေးဖွား

#TravellingJournal ပဲခူးတိုင်းဒေသကြီး၊ဘုရားကြီးမြို့ရှိ ဝင်္ဂ​ဘော်ဆင်စခန်း၌ ပထမဆုံးဆင်အမွှာလေး မွေးဖွားခဲ့ကြောင်း အဆိုပါဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးဖြိုးကျော်ဆင့် က Travelling ကို ပြောသည်။ ...

#TravellingJournal

ပဲခူးတိုင်းဒေသကြီး၊ဘုရားကြီးမြို့ရှိ ဝင်္ဂ​ဘော်ဆင်စခန်း၌ ပထမဆုံးဆင်အမွှာလေး မွေးဖွားခဲ့ကြောင်း အဆိုပါဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးဖြိုးကျော်ဆင့် က Travelling ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက် နံနက် ပိုင်းကအသက်(၂၁ )နှစ်အရွယ် မိခင်ဆင်မလေးပုလဲစန္ဒာမှ ဆင်အမွှာက​လေး နှစ်ကောင်​ကိုမွေးဖွားခဲ့ကြောင်း သိရသည်။

“မိခင်ဆင်မလေးရဲ့နာမည်ပါအောင် အကြီးဖြစ်သူ ဆင်မကလေးကို ပုလဲဆင့် လို့ပေးပါတယ်။ အငယ်ဖြစ်သူ ဆင်ထီးကလေးကိုတော့ ကျော်ပုလဲ လို့အမည်ပေးထားပါတယ်။ ကျွန်တော်တို့ဆင်စခန်းရဲ့ပထမဆုံးဆင်အမွှာလေးမွေးတာဖြစ်ပြီး တစ်နိုင်ငံလုံးအနေနဲ့ပြောရင်( ၁၂) ကြိမ်မြောက် ဆင်အမွှာလေး မွေးဖွား တာဖြစ်ပါတယ်”ဟု မန်နေဂျာ ဦးဖြိုးကျော်ဆင့် က Travelling သို့ ပြောသည်။

အဆိုပါ ဆင်စခန်ုကို ပဲခူးမြို့ဘုရားကြီးလမ်းမှလာရောက်နိုင်သလို အမြန်လမ်း ၃၉ မှ တစ်ဆင့်လည်း ဆင်စခန်းဆီသို့ လာရောက်လည်ပတ်နိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့ဝင်္ဂ​ဘော်ဆင်စခန်းကို တစ်ချို့က ပိတ်ထားတယ်လို့ပဲ ထင်ကြတယ်။ ဒါပေမဲ့မပိတ်ထားပါဘူး။ ပိတ်ရက်မရှိ မနက်၆ နာရီကနေ ညနေ၆ နာရီထိဖွင့်လှစ်ပေးထားပါတယ် “ဟု တာဝန်ရှိသူက ပြောသည်။

ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းခရီးသွားတစ်ဦးကို တစ်ထောင်ကျပ်နှင့် ပြည်ပခရီးသွားဧည့်သည် ဆိုပါက တစ်သောင်းကျပ် ကောက်ခံ​ပြီး ဆင်စီးမည်ဆိုပါက ပြည်တွင်းတစ်ဦးကို ငါးထောင်ကျပ်နှင့်ပြည်ပခရီးသွားဧည့်သည်ပါက နှစ်သောင်း ကျပ် သတ်မှတ်ထားကာ လက်ရှိတွင် ဆင်ဘူဖေးကျွေးမွေးလိုပါက တစ်သိန်းကျပ် သတ်မှတ်ထားကြောင်းသိရသည်။

လက်ရှိ တွင် အဆိုပါဆင်စခန်း၌ ဆင်အမွှာကလေးအပါအဝင် ဆင်(၉)ကောင် ရှိပြီး ပွင့်လင်းရာသီကာလများတွင် ဆင်စခန်းသို့ တစ်လလျှင် ဧည့်သည် (၁၀၀၀)ဝန်းကျင်ခန့် လာရောက်လည်ပတ် ကြောင်းသိရသည်။

Photo ဝင်္ဂ​ဘော် ဆင်စခန်း