ပဲခူးတိုင်းအတွင်းရှိ Camp၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်

#Travelling Journal ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Camp & Glamping ၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိ ...

#Travelling Journal

ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Camp & Glamping ၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။

ပဲခူတိုင်းဒေသကြီးအတွင်းရှိ Camping Site များတွင် ရွက်ဖျင်တဲများဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့်လုပ်ငန်းရှင်များ ၊ အနည်းဆုံးအခန်း ငါးခန်းဝန်းကျင် ဖြင့် Bed &Breafast ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism – CBT) လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များကို
မကြာခင် တရားဝင် ပြုလုပ်ခွင့်ရရှိနိုင်သည့် လိုင်စင်ထုတ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

“အခုလက်ရှိကတော့ မူကြမ်းရေးဆွဲထားပြီးတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ ဗဟိုကော်မတီကိုဆက်လက်တင်ပြဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးသွားမယ်။ စံနှုန်းသတ်မှတ်ချက်တွေကို ရေးဆွဲနေတုန်းပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားတွေအတွက်လည်း ရွေးချယ်လို့ရနိုင်မယ်။ဒါ့ပြင် အသေးစားအလတ်စားလုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေပါမယ် “ဟု ပဲခူးတိုင်းဒေသကြီး ဟိုတယ်ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling ကို ပြောသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်မြို့နှင့်တောင်ငူမြို့အပါအဝင် ဖွင့်လှစ် ထားရှိသည့် ဟိုတယ်အလုံးရေ ( ၁၀၂)လုံးရှိကြောင်းသိရသည်။

ကိုဗစ်ကာလအလွန်မှစတင်ပြီး ပဲခူးမြို့အပါအဝင် နယ်မြို့များတွင် Camp & Glamping စသည်များဖြင့် ခရီးသွားဝန်ဆောင်မှုပေးလာကြသည့် လုပ်ငန်းရှင်များ များပြားလာခဲ့ကြောင်း သိရသည်။

#Camping
#Photo ပဲခူးတိုင်းဒေသကြီး၊အလိုင်နီဆည် နားတွင် Tents ပုံစံ ဖြင့် တည်ဆောက်ထားသည့် Home at Alaingni ကို တွေ့ရစဥ်။