ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာ ခရီးစဥ်ကို ခရီးစဥ်ဒေသအသစ်အဖြစ် စတင်ရောင်းချလာ

Travelling Journal အညာမြေ၏အိုအေစစ်ဟု တင်စားရသည့် ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ခရီးစဥ်ဒေသ အသစ်တစ်ခုအဖြစ် The Unlock Travels & Tour က ခရီးစဥ်ကို စတင်ရောင်းချပေ ...

Travelling Journal

အညာမြေ၏အိုအေစစ်ဟု တင်စားရသည့် ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ခရီးစဥ်ဒေသ အသစ်တစ်ခုအဖြစ် The Unlock Travels & Tour က ခရီးစဥ်ကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းTour ကုမ္ပဏီမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါ တောင်ပေါ်(တောင်)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပေါ် (တောင်)ကျေးရွာအုပ်စု၌ တည်ရှိပြီး ဒေသခံများက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။

“အညာဒေသဆိုပေမယ့် ရှမ်းပြည်ကိုရောက်နေသလိုမျိုးခံစားရစေတယ်။ အရမ်းလှပြီး သာယာတဲ့နေရာလေးဖြစ်တယ်။ ကျွန်တော်တို့ ရဲ့ပုဂံဒေသခံကို ပြည့်စုံကနေ ဒီရွာလေးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီရွာလေးမှာ Trekking လည်း လုပ်လို့ရပါတယ်။ ဓာတ်ပုံံလှလှလေးတွေရိုက်လို့ရမယ်။ ဒီနေရာလေးက မြူခိုးတွေနဲ့ တိမ်တိုက်တွေနဲ့အရမ်းလှတော့ ဧည့်သည်တွေကိုလည်း သွားလည်စေချင်တဲ့ဆန္ဒနဲ့ရည်ရွယ်ပြီး ခရီးစဥ်ကို စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ် “ဟု The Unlock Travels & Tour မှ အရောင်းမန်နေဂျာ ကိုဟိန်းထက်ကိုကိုက Travelling ကို ပြောသည်။

ယခင်က ပုဂံ – ပုပ္ပါး ခရီးစဥ် ကိုသာ ရောင်းချပေးသော်လည်း ယခုခရီးစဥ်သည် ပုပ္ပါးဒေသကို ဦးစားပေးပြီး ပုဂံခရီးစဥ်နှင့်တွဲ ပြီးရောင်းချပေးထားကြောင်းသိရသည်။

ယင်းခရီးစဥ် သုံးညအိပ်လေးရက်ခရီးစဥ်အတွက် တည်းခိုငြိမ်းအပါအပြီးအစီးကို လူတစ်ဦးလျှင် တစ်သိန်း ရှစ်သောင်းကျသင့်မည်ဖြစ်ပြီး မြန်မာဘူဖေး (၇) နပ်စာ ပါဝင်ထားကြောင်း သိရသည်။

Photo The Unlock Travels & Tour / Bagan Lover