ငွေဆောင်တွင် မုတ်သုန်မုန်တိုင်းရေလွှာ လျှောစီးပြိုင်ပွဲ စတင်

Travelling Journal အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)ဟု တင်စားခံထားရသည့် ငွေဆောင်ကမ်းခြေတွင် မုတ်သုန်မုန်တိုင်းရေလွှာလျှောစီး ပြိုင်ပွဲ ကို ယနေ့ [မေလ(၂၉)]စတင် ယှဥ်ပြိုင်နေကြောင်း Surf Assoc ...

Travelling Journal

အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)
ဟု တင်စားခံထားရသည့် ငွေဆောင်ကမ်းခြေ
တွင် မုတ်သုန်မုန်တိုင်းရေလွှာလျှောစီး ပြိုင်ပွဲ ကို ယနေ့ [မေလ(၂၉)]စတင် ယှဥ်ပြိုင်နေကြောင်း Surf Association of Myanmar မှ ဦးအောင်ဇော်လင်း (ခ)ပင်ကီ က Travelling ကို ပြောသည်။

” ဒီနေ့မှာတော့ အမြင့်ပေ ၈ ပေကျော်တဲ့ လှိုင်းလုံးကြီးတွေပေါ်မှာ​ ရေလွှာလျှောစီးပြိုင်ပွဲ​ ကျင်းပနေပါတယ်။ ပြိုင်ပွဲ ဝင် (၁၆) ဦး ပြိုင်နေပါတယ်။ဒီနေ့တစ်ရက်ထဲကျင်းပတာပါ။ အဲဒီထဲမှာ မိန်းကလေးနှစ်ဦး ပါပါတယ်။ကျွန်တော်တို့ ငွေဆောင်ရွက်ကလပ်ရှေ့က ပင်လယ်ပြင်ထဲမှာလှိုင်းစီးမှာပါ “ဟု ဦးအောင်ဇော်လင်း (ခ)ပင်ကီ က Travelling ကို ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးရေလွှာလျှောစီးအဖွဲ့ကိုတည်ထောင်ထားသည့်အသင်းဖြစ်ပြီး အဆိုပါ အသင်းကို ၂၀၁၇ ၌ စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၈ တွင် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သော်လည်း ကြားကာလနှစ်များတွင် ရပ်နားခဲ့ပြီး၂၀၂၂ မှ ပြန်လည် စတင်ကာပြိုင်ပွဲ များကို ကျင်းပခဲဲ့ကြောင်းသိရသည်။

လက်ရှိတွင် ရေလွှာလျှောစီးသူ အသင်းဝင် ၃၀ ဦးဝန်းကျင်ရှိပြီး လှိုင်းလုံးအသေးများနှင့် လေ့ကျင့်လိုပါက At The Sea ဟိုတယ်နှင့် ချစ်သူများကျွန်းတို့ ၌ သွားရောက်လေ့ကျင့်လေ့ရှိကြောင်းသိရသည်။

Surfing စီးမည့် သူကိုယ်တိုင်သည် မိမိစီးမည့် ဘုတ်၏ အစိတ်အပိုင်း‌များကို သိရမည်ဖြစ်ပြီး မိမိစီးမည့်ဘုတ်ကို Handle လုပ်နိုင်ရမည်ဖြစ်သလို လှိုင်းလာပါက ဖမ်းရမည့်သင်ကြားနည်းစနစ်များနှင့်ဘုတ်ပေါ်၌နေရမည့်ပုံစံများကို သင်ကြားပြသပေး​ကြောင်းသိရသည်။

ယနေ့ မေလ ၂၉ ရက် ၌ ကျင်းပသည့်
မုတ်သုန်မုန်တိုင်းရေလွှာလျှောစီး ပြိုင်ပွဲတွင်
ပထမဆုကို ဦးအောင်မင်းပိုင် ၊ ဒုတိယဆုကို
ဦးအောင်မင်းနိုင် အမြွှာညီအစ်ကို တို့မှ ရရှိခဲ့ပြီး တတိယဆုကို ဦးအောင်ဇော်လင်း မှ ရရှိခဲ့​ကြောင်းသိရသည်။

Ngwe saung beach
Photo-Surf Association of Myanmar