လေပြင်းတိုက်ခတ်မှုကြောင့် သမိုင်းဝင်မွေတော်ကက္ကူဘုရား အရံစေတီ ငါးဆူ ထီးတော်မြေခခဲ့

Travelling Journal ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ရှိသည့် သမိုင်းဝင်မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီ ငါးဆူ မှာလေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်​ မြေခ ခဲ့က ...

Travelling Journal

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ရှိသည့် သမိုင်းဝင်မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီ ငါးဆူ မှာလေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်​ မြေခ ခဲ့ကြောင်း မွေတော်ကက္ကူ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဆန်း က Travelling သို့ပြောသည်။

ပြီးခဲ့သည့် မေလ (၂) ရက် ညပိုင်းတွင်လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါအရံစေတီငါးဆူ၏ ထီးတော်မြေခခဲ့ရကြောင်း သိရသည်။

“မေလ ၂ ရက် ည၇ နာရီ ခွဲခန့်က ဖြစ်ခဲ့တာပါ။ စေတီတစ်ဆူလုံးမဟုတ်ပါဘူး။ အရံစေတီ ငါးဆူ ရဲ့ထီးတော်ပဲ ​မြေခ ခဲ့တာ “ဟု ဦးကျော်ဆန်း က Travelling သို့ ပြောသည်။

ယင်းကဲ့သို့ ဖြစ်စဥ်မျိုးလည်း ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကလည်း မွေတော်ကက္ကူဘုရားဝန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အရံစေတီ( ၁၀၃၈ )ဆူ မှာ ပျက်စီးခဲ့ရကြောင်းသိရသည်။

“ပြီးခဲ့တဲ့ ရှစ်နှစ်တုန်းက အရံစေတီ တစ်ထောင်ကျော်ပျက်စီးခဲ့ပါတယ်။ အခုကတော့ ငါးဆူ ဆိုတော့မကြာခင် ပြန်လည်ပြုပြင်သွားဖို့စီစဥ်နေပါပြီ”ဟု အတွင်းရေးမှူးဦးကျော်ဆန်း က Travelling သို့ ပြောသည်။

ထို့ပြင် လေပြင်းတိုက်ခတ်၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကက္ကူကျေးရွာရှိ လူနေအိမ်တစ်ချို့လည်းခေါင်မိုးသွပ်များပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။

Photo နွိုး ဟွမ်