ထူးအုပ်စုပိုင် မလိခဟိုတယ် အသေးစား မီးလောင်မှုဖြစ်ခဲ့သော်လည်း ဟိုတယ်လုပ်ငန်း ကို မထိခိုက်ခဲ့ဟု ထုတ်ပြန်

Travelling Journal မြန်မာနိုင်ငံ၏ခရီးသွားဒေသတစ်ခုဖြစ်သော ကချင်ပြည်နယ် ပူတာအိုမြို့ရှိ မလိခဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက အသေးစားမီးလောင်မှုဖြစ်ပွားပြီး ဟိုတယ်၏ စားသောက်ခန်းအသေး ၊ မီးဖိုချောင်နှင ...

Travelling Journal

မြန်မာနိုင်ငံ၏ခရီးသွားဒေသတစ်ခုဖြစ်သော ကချင်ပြည်နယ် ပူတာအိုမြို့ရှိ မလိခဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက အသေးစားမီးလောင်မှုဖြစ်ပွားပြီး ဟိုတယ်၏ စားသောက်ခန်းအသေး ၊ မီးဖိုချောင်နှင့် ၎င်းနှင့်ဆက်စပ်လျှက်ရှိသည့်
ဘန်ဂလိုတစ်ခု၏ ခေါင်မိုးတို့ကို မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း မလိခဟိုတယ်၏ လူမှုကွန်ယက်စာမျက်နှာ(Facebook) ၌ ဖော်ပြထားချက် အရ သိရသည်။

ယင်းဖြစ်စဥ်ကြောင့်ဟိုတယ်၏လုပ်ငန်းလည်ပတ်မှုအလုံးစုံကို မထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ဟိုတယ်အခန်းတွေ က ဘာမှမဖြစ်ပါဘူး။ ကျွန်တော် တို့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ” ဟု
ထူးဟိုတယ်အုပ်စု၏ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိ Malikha lodge 1 တွင် ဘန်ဂလို (၁၂) လုံးရှိပြီး Malikha lodge 2 တွင် သုံးခန်းတွဲပါ အဆောက်အအုံ ငါးလုံး၌ (၁၅) ခန်း
စုစုပေါင်း အခန်းပေါင်း (၂၇) ခန်းရှိကြောင်း ၎င်းက ပြောသည်။

မလိခမြစ်ဖျားရှိ မူလာရှီးဒီရွာတွင် တည်ရှိသည့် ယင်းဟိုတယ်ကို ပြည်တွင်းခရီးသွားဧည့်သည်အများစုသွားရောက်လည်ပတ်ကြပြီး ခရီးသွားဧည့်သည်များ၏ ဓာတ်ပုံ ဝင်ရိုက်ကူးရာ ​ဟိုတယ်တစ်ခုအဖြစ် ပေါ်ပြူလာ ဖြစ်သည့် ဟိုတယ်ဖြစ်​ကြောင်း သိရသည်။

“ဧည့်သည်ကတော့ အနည်းနဲ့အများဆိုသလို
ရှိပေမယ့် ကျွန်တော်တို့က ခရီးစဥ် အားကောင်းတဲ့ဒေသ​​​​တွေမှာ ရှိတဲ့ဟိုတယ်တွေကိုပဲ အဓိကဦးစားပေးရောင်းပါတယ်။ကျွန်တော်က ဟိုတယ်(၁၁)လုံးလောက်ကို ကိုင်ရတာမို့ ကျွန်တော်တို့ ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အတိုင်းပါပဲခင်ဗျာ။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ဆက်လက်စုံစမ်းနေဆဲပါ “လို့ ထူးဟိုတယ်အုပ်စု၏ တာ​ဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

ပုံ/စာ မလိခ ဟိုတယ်၏ မီးလောင်သည့်ပုံနှင့် မလောင်ခင်ပုံမ​ျားကိုတွေ့ရစဥ်
Photo မူရင်းcredit