DPTOA အသင်းမှ ဒုတိယအကြိမ် လေ့လာရေးဘုရားဖူးခရီးစဥ်ကို ကျပ်လေးသောင်းဖြင့် ရောင်းချ

#Travelling Journal ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA )မှ ဒုတိယအကြိမ် ဘုရားဖူးနှင့်လေ့လာရေး ခရီးစဥ်ကို ကျပ်လေးသောင်းဖြင့် ရောင်းချပေးနေကြောင်း အဆိုပါအသင်းမှ တာဝန် ရှိသူတစ်ဥ ...

#Travelling Journal

ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA )မှ ဒုတိယအကြိမ် ဘုရားဖူးနှင့်လေ့လာရေး ခရီးစဥ်ကို ကျပ်လေးသောင်းဖြင့် ရောင်းချပေးနေကြောင်း အဆိုပါအသင်းမှ တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါခရီးစဥ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထင်ကရမုနိလေးဆူထဲတွင် ပါဝင်သည့် ဇလွန်ပြည်တော်ပြန်ဘုရား​​ကြီး၊မာန်​အောင်မြင်မုနိရုပ်ပွား တော်၊ရဟန္တာ ဦးသီလဓာတ်တော်တို့ကို ဖူးမြှော်ကြမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဓနုဖြူမြို့ရှိ အထင်ကရနေရာများဖြစ်သော ကျိုက္ကလွန်ပွန်းစေတီတော်၊ စစ်သူကြီးမဟာဗန္ဓုလအုတ်ဂူ တို့ကိုလည်းလည်ပတ်ကြမည့်အပြင် ဟင်္သာတမြို့ရှိ နတ်မှော်ရွှေသာလျှောင်းဘုရားကြီး၊ ကျောက်တော်ကြီး၊ ဦးပါရဲဘုရား၊ ငါးမျက်နှာဘုရားကြီးတို့ပါ သွားရောက်လည်ပတ်ရန် စီစဥ်ထားကြောင်း သိရသည်။

အဆိုပါ နေ့ချင်းပြန်ခရီးစဥ်​ကို (၃၃)ယောက်စီး နှင့် (၄၅) ယောက်စီး Aircon Express ကားများဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကားခအသွားအပြန် တစ်ဦးလျှင် ကျပ်လေးသောင်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကာ ဝန်ဆောင်မှုများအနေဖြင့် ရေသန့် ၊ဒေသန္တရဗဟုသုတများ ရှင်းပြပေးမည့် ခရီးသွားလမ်းညွှန် (Guide)၊ခရီးသွားအာမခံ ( Insurance)၊ ခရီးစဉ်တစ်လျောက်လိုက်လံဝန်ဆောင်မူ့ပေးမည့် ( Tour leader ) များပါဝင်ကြောင်းသိရသည်။

ယင်းခရီးစဥ်ကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း( DPTOA )အသင်းရုံးမှ
ဇူလိုင်လ(၂၇) ရက်တွင်ထွက်ခွာမည်ဖြစ်ပြီး လက်မှတ်များဝယ်ယူလိုပါက အသင်းရုံးသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းကနေ ဒါက ဒုတိယအကြိမ် လေ့လာရေးခရီးစဥ်လို့ပြောလို့ရပါမယ်။ ပထမအကြိမ် တုန်းကတော့ ခရီးသည်ပေါင်း(၂၀၀)နီးပါးလိုက်ပါခဲ့ပါတယ်။ ဒီလိုမျိုးခရီးစဥ်တွေကိုထပ်ပြီး ဖော်ဆောင်သွားဖို့ရှိပါတယ် “ဟု ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA)မှ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling ကိုပြောသည်။

#Travelling Journal
#News
#Photo Travelling Journal

ပုံ-စာ DPTOA မှ စီစဥ်သည့် ပထမကြိမ်မြို့လေးမြို့ခရီးစဥ်မှခရီးသွားပုံံရိပ်တစ်ချို့ကိုတွေ့ရစဥ်။