JJ Express ယာဉ်လိုင်း ဇွန် ၁၆ ရက်မှ စတင်ကာ New Normal ပုံစံသစ်ဖြစ် ပြေးဆွဲမည်

Travelling journal JJ Express ယာဉ်လိုင်း မှ ၁၆ ရက်မှ စတင်ကာ New Normal ပုံစံသစ်ဖြစ် ပြေးဆွဲမည်ဖြစ်ကြောင်း JJ Express အုပ်စုမှ ဥက္ကဋ္ဌ ဦးမြင့်ဦးက Travelling Journal သို့ ပြောသည်။ ’’ အခု ကား ...

Travelling journal

JJ Express ယာဉ်လိုင်း မှ ၁၆ ရက်မှ စတင်ကာ New Normal ပုံစံသစ်ဖြစ် ပြေးဆွဲမည်ဖြစ်ကြောင်း JJ Express အုပ်စုမှ ဥက္ကဋ္ဌ ဦးမြင့်ဦးက Travelling Journal သို့ ပြောသည်။

’’ အခု ကား ၈စီး ကို ဆောင်ရွက်ထားပါတယ်။ New Normal အခင်းအကျင်းနဲ့ပေါ့’’ဟု ၎င်းက ပြောသည်။

JJ Express ယာဉ်လိုင်း မှ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံတို့ကို ပြေးဆွဲပေးနေပြီး ယာဉ်စီးခများအနေဖြင့် အထူးကားဆိုပါက ၂၉၈၀၀ ကျပ်၊ ရိုးရိုးကားဆိုပါက ၁၆၈၀၀ ကျပ် ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ယခင် ယာဥ်စီးခများထက် အနည်းငယ်သာယူထားခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိ တွင် JJ Express မှ အထူးကားများ နှင့် ရိုးရိုးကားများတွင် ပါ အရံအတားများကို ဆောင်ရွက်ထားခြင်းဖြစ်သလို စီးနင်းလိုက်ပါသည့် ခရီးသွားများ၏ Safety ပိုင်းများကို ဦးစားပေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။

Photo UMyint Oo