ရန်ကုန်- ဟဲဟိုး ခရီးစဉ် ကို အနည်းဆုံး ပရိုမိုးရှင်း ကျပ် ၃၅၀၀၀ ဖြင့် သွားရောက်နိုင်ပြီ

Travelling journal ပြည်တွင်း ပုဂ္ဂလိက ပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Golden Myanmar Airlines မှ ရန်ကုန် –ဟဲဟိုး တိုက်ရိုက်ခရီးစဉ်ကို အနည်းဆုံး ပရိုမိုးရှင်း ကျပ် သုံးသောင်းခွဲ ဖြင့် ...

Travelling journal

ပြည်တွင်း ပုဂ္ဂလိက ပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Golden Myanmar Airlines မှ ရန်ကုန် –
ဟဲဟိုး တိုက်ရိုက်ခရီးစဉ်ကို အနည်းဆုံး ပရိုမိုးရှင်း ကျပ် သုံးသောင်းခွဲ ဖြင့် လေယာဉ်လတ်မှတ်များကို ရောင်းချပေးနေကြောင်း အဆိုပါ လေကြောင်းလိုင်းမှသိရသည်။

လက်ရှိတွင် လေကြောင်းလိုင်းအနေဖြင့် Promotion ကာလ တွင် ကျပ်သုံးသောင်းခွဲဖြင့် ရန်ကုန်- ဟဲဟိုး ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်။

’’အနည်းဆုံး ပရိုမိုးရှင်းနဲ့ လုပ်ပေးနေတာပါ။ GMAတစ်ရက် ၊မန်းရတနာပုံတစ်ရက်စီခြား ပျံသန်းပေးနေပါတယ်။ ပရိုမိုးရှင်း ထိုင်ခုံ ကုန်သွားရင်တော့ မရနိုင်ဘူးပေါ့’’ဟု Golden Myanmar Airlines မှ လတ်မှတ်
အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

အဆိုပါ ခရီးစဉ်များကို ပုံမှန်ကာလများတွင် ဆိုပါက ကျပ် ၅၅၀၀၀ နှင့် ကျပ် ၆၀၀၀၀ အနိမ့်ဆုံး သတ်မှတ်ထားကြောင်းသိရသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် မိုးရာသီကာလများတွင် ခရီးစဉ်အများစုကို အကျိုးတူ ပူးပေါင်းပြေးဆွဲခြင်းများကို လုပ်ကိုင်လေ့ရှိပြီး Golden Myanmar Airlines မှ မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ပူးပေါင်းကာ ပြည်တွင်းခရီးစဉ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ မြစ်ကြီးနား၊ လားရှိုး မြို့များကို ဇွန်လ ၁ရက်မှ စတင်ပြီး ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။

Photo GMA