ရန်ကုန်မြို့တွင်း နေ့ချင်းပြန် ခရီးစဥ်များအတွက် ကြို /ပို့ ကားဝန်ဆောင်မှု စတင်မည်

The Hideout Camping သို့ လည်ပတ်သည့့်ဧည့်သည်တစ်ချို့ကိုတွေ့ရစဥ် #Travelling journal ရန်ကုန်တိုင်းဒေသကြီး အတွင်း နေ့ချင်းပြန် လည်ပတ်လိုကြသည့် ခရီးသွားများအတွက် ကြို /ပို့ ကားဝန်ဆောင်မှု ခရီးစဥ်ကိ ...
The Hideout Camping သို့ လည်ပတ်သည့့်ဧည့်သည်တစ်ချို့ကိုတွေ့ရစဥ်

#Travelling journal

ရန်ကုန်တိုင်းဒေသကြီး အတွင်း နေ့ချင်းပြန် လည်ပတ်လိုကြသည့် ခရီးသွားများအတွက် ကြို /ပို့ ကားဝန်ဆောင်မှု ခရီးစဥ်ကို စတင်သွားမည် ဖြစ်ကြောင်း ကျက်သရေထူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဒါရိုက်တာ ဒေါ်ပွင့်နွယ်အောင် က Travelling journal သို့ ပြောသည်။

“နေ့ချင်းပြန် ဒီ လေးနေရာကို ပတ်ကြိုပေးမယ်။ဝင်းသစ်​မွှေးခြံသွားချင်တဲ့သူက ဝင်း မှာ ချပေးခဲ့မယ်။ ပြီးရင် လမ်းသင့်တဲ့ The Hideout မှာ ချပေးမယ်။Area 22 ဆီ သွားချင်တဲ့သူက အဲဒီကို သွား ပို့ ပေးမယ်။ဘယ်နှစ်နာရီမှာ ပြန်လာကြိုပေးမယ်ဆိုတာကို တစ်ခါတည်း မှာထားတဲ့ပုံစံမျိုး စီစဥ်ထားပါတယ် “ဟုဒေါ်ပွင့်နွယ်အောင် က Travelling journal သို့ ပြောသည်။

အဆိုပါ ဝန်ဆောင်မှု အစီအစဥ်ကို ဖေဖေါ်ဝါရီ ၆ ရက်မှ စတင်မည်ဖြစ်ပြီး ခရီးသွားများအနေဖြင့် မိမိသွားရောက်လိုသည့် ဝင်းသစ်​မွှေးခြံ ၊ Sein So၊ Area 22၊The Hideout တို့ကို Air Con လေအိတ်ကားဖြင့် ကြို/ပို့ ပို့ဆောင်ပေးသွား မည့်အစီအစဥ် ပြုလုပ်ထားကြောင်း သိရသည်။

စုရပ်ဖြစ်သည့် ဆူး​​လေမြို့​တော်ခန်းမ​ရှေ့မှ နံနက် ၈ နာရီမှ စတင်ထွက်ခွာပြီး မြေနီကုန်း Dagon centre​ ရှေ့၊ လှည်းတန်း ရန်ကုန်တက္ကသိုလ်​၊ 8 miles ရွှေဘဲ​၊ ၁၀မိုင်ကုန်း​စျေးနားနှင့် ပြည်လမ်းတစ်​လျောက်ခရီးသည်များကိုလိုက်လံကြိုပို့ပေးမည့်ပုံစံမျိုး ရေးဆွဲ ထား​ပြီးတစ်ဦးလျှင် နေ့ချင်းသွား/ပြန်ကားခ ကျပ် ၈,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

နေ့စဥ် လူဦးရေ ၂၅ ဦး သာ လက်ခံသွားမည်ဖြစ်သော်လည်း ၁၀ ဦး ပြည့်ပါက ကားထွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဝန်ဆောင်မှုအနေဖြင့် ခရီးသွားအာမခံ ၊ Face Shield ၊ Mask ၊ ရေသန့် ၁ ဗူး တို့ကိုပါ ပေးသွားမည်ဖြစ်​ ကြောင်း သိရသည်။

လက်ရှိတွင် ယင်း နေရာများမှာ ခရီးသွားများ အများဆုံး သွားရောက် လည်ပတ်နေကြ သည့် နေ့ချင်းပြန် နေရာများ ဖြစ်ကြောင်း သိရသည်။

Photo The Hideout FB/ဝင်းသစ်မွှေးခြံ FB