မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်းခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်မည်

ပူတာအို ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျောက် အပျော်စီး ခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဒေသခံခန္တီးရှမ်းတိုင်းရင်းသား တစ်ဦးက Travelling Journal သို့ ပြောက ...

ပူတာအို ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျောက် အပျော်စီး ခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဒေသခံခန္တီးရှမ်းတိုင်းရင်းသား တစ်ဦးက Travelling Journal သို့ ပြောကြားသည်။အဆိုပါ အစီအစဥ်ကို ရှမ်းကျေးရွာတစ်ခု ဖြစ်သည့်မုဒုံ ရွာမှ တဆင့် ကောင်းမှုလုံ ဘုရားထိ မြစ်ကြောင်း တစ်လျောက်ကို စီးရန် စီစဥ်ထားခြင်း ဖြစ် ကြောင်းသိရသည်။လက်ရှိတွင် ပူတာအို ရေခဲတောင်ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် မြစ်ကြီးနားအခြေစိုက် ခရီးသွားကုမ္မဏီတစ်ခု ဖြစ်သည့် နွေဦးခရီးသွားကုမ္ပဏီ နှင့် ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတို့က ပူးပေါင်း ဖော်ဆောင် ခြင်းဖြစ်ကြောင်းသိရသည်။”ကျွန်တော်တို့ရဲ့ ပူတာအို ဒေသ ဟာ ခရီးသွား လုပ်ငန်းကို အင်မတန်လုပ်ကိုင်လို့ရတဲ့ ဒေသတစ်ခုပါ။ ပူတာအို ကို လာလည်တဲ့ ခရီးသွားတွေ ရက်ကြာကြာနေနိုင်အောင် Activity တွေ လုပ်လို့ရအောင် အခု မလိခမြစ်ကြောင်းတစ်လျောက် ဖောင်စီးတာပေါ့နော်။ ဖောင်တော့မဟုတ်ဘူးပေါ့ ။ သစ်ထွင်းလှေ နဲ့ မြစ်တွင်းတစ်လျောက် လှပတဲ့ မြင်ကွင်းတွေကို ကြည့်ရှု့ခံစားမယ်။ တိုင်းရင်းသား တွေရဲ့ လူနေမှု ဘဝတွေကို လေ့လာနိုင်မယ်။ အဲလို လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဒီဘက်ဒေသက လူတွေရဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ကို ဖော်ဆောင် ပေးချင်လို့ ရည်ရွယ်ပါတယ် “ဟု ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတစ်ဦးက Travelling journal သို့ ပြောသည်။ပြီးခဲ့သည့် ရက်ပိုင်းတွင်းက ဖုန်ကန်ရာဇီ ရေခဲတောင်တက်ရောက်ခဲ့သည့်ခရီးသွားတစ်ချို့က မလိခမြစ်ကြောင်း တစ်လျောက် မြစ်တွင်း လှေစီးခြင်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက လည်း ပူတာအို ဒေသ မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်း လေ့လာရေးကို သွားရောက် ရန် စီစဥ် ထားကြောင်းသိရသည်။