#Travelling journal
ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သည့်ရွှေမြန်မာ လေကြောင်း လိုင်း မှ ဖေဖော်ဝါရီလ (၄) ရက် မှ စတင်ပြီး ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ထုတ်ပြန်လိုက်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသော စည်းကမ်းချက်များ ၊ သတ်မှတ်ချက်များ နှင့် အညီ ပြန်လည်၍ ပျံသန်း ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည် ။
ရွှေမြန်မာ လေကြောင်း လိုင်းမှ တာချီလိတ် ၊ဟဲဟိုး ၊လားရှိုး ၊မန္တလေး ၊စစ်တွေ ၊ ပူတာအို နှင့်မြစ်ကြီးနားခရီးစဥ် များကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည် ဟု ယင်းလေကြောင်းလိုင်းမှ သိရသည်။