#Travelling journal
ရန်ကုန် -ပုဂံ အသွားအပြန်ကို တစ်ဦးလျှင် ကျပ် ၃၈၀၀၀ ဖြင့် JJ ယာဥ်လိုင်းမှ တစ်ပတ် တစ်ကြိမ် ပြေးဆွဲ သွားမည်ဖြစ် ကြောင်း ယင်းယာဥ်လိုင်းမှ သိရသည်။
ပုဂံရှေးဟောင်းယဥ်ကျေးမှု နယ်မြေသို့ ခရီးသွားမည့် သူများ အတွက် အဆင်ပြေစေရန်အတွက် စျေးနှုန်းကို သက်သာစေသည့်နှုန်းဖြင့် အဓိကထားကာ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဥ်ကို အောက်တိုဘာ (၁၉) ရက်မှ စတင်၍
ရန်ကုန်- ပုဂံ – ရန်ကုန် ခရီး စဥ်များကို တစ်ပတ် တစ်ကြိမ် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည် ။ အသွားတစ် ကြောင်း လိုက်ပါစီးနင်းမည့်သူများအတွက် ရန်ကုန်- ပုဂံ အသွားတစ်ကြောင်းလျှင် ကျပ်၂၂၈၀၀ ၊ အပြန် တစ်ကြောင်းလျှင် ကျပ်၂၂၈၀၀ ကျသင့်မည်ဖြစ်ကြောင်း
သိရသည်။
ထို့ပြင် ဂျေဂျေ ယာဥ်လိုင်းသည့် လိုက်ပါသည့် ခရီးသွားများအတွက်လည်း ပုဂံဒေသရှိ ဂျေဂျေယာဥ်လိုင်းနှင့် မိတ်ဖက် ပေါင်းထားသည့် ဟိုတယ်များဖြစ်သည့်
ညောင်ဉီး သံတဲ ၊ Bagan Hmwe Hotel ၊Bagan Relax တို့တွင် တည်းခိုမည်ဆိုပါက သက်သာသည့်စျေးနှုန်းများဖြင့် တည်းခိုနိုင်ရန်လည်း စီစဥ်ပေးထား ကြောင်း
သိရသည်။
#Travelling journal
#Photo Ko Gyi Kyaw