Featured Transportations

All Transportations

ရန်ကုန်- မြစ်ကြီးနား ပြေးဆွဲသော ခရီးသည်ယာဥ်လိုင်းများ ပြန်လည်ပြေးဆွဲပေးလာ

ရန်ကုန်- မြစ်ကြီးနား ပြေးဆွဲသော ခရီးသည်ယာဥ်လိုင်းများ ပြန်လည်ပြေးဆွဲပေးလာ

#Travelling journal ရန်ကုန် -မြစ်ကြီးနား ပြေးဆွဲနေသော ခရီးသည် ယာဥ် လိုင်းများ ပြန်လည်ပြေးဆွဲ ပေးလာနေပြီဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ရန်ကုန် - မြစ်ကြီးနား သို့ ပြေးဆွဲနေသော ခရီးသည်ယာဥ်လိုင်း များမှာ တစ်ရက်ခြားစီ ပြေးဆွဲပေးနေသလို နေ့စဥ်ပြေးဆွဲပေးနေသည့် ယာဥ်လိုင်းများလည်း ရှိကြောင်း သိရသည်။ " ဒီနေ့ဆို တက်နေလင်း ယာဥ်လိုင်းက ပြန် စတင် ပြေးဆွဲနေပြီ။ မြစ်ကြီးနား ကိုတော့ အများစု ဆွဲကြတာကHigh Class တို့ မြတ်မန္တာလာထွန်းတို့ ရွှေကချင်တို့ မိုးကောင်းကင် တို့ ရှိကြတယ်။ ရက်ခြားဆွဲတာနဲ့ နေ့စဥ်ဆွဲတာတော့ ကွာတယ် "ဟု မြစ်ကြီးနားအ​ခြေစိုက် ခရီးသွား ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ခရီးသွား သွားရောက်သူ မရှိသေးသော် လည်း အလုပ်ကိစ္စနှင့် ရုံးကိစ္စဆောင်ရွက်သူများ ၊ပစ္စည်းတင်ပို့မှုများကို ယာဥ်လိုင်းများမှ ဝန်ဆောင်မှုပေးလာပြီး ကိုဗစ်ကာလတွင်း ၄င်း ယာဥ်လိုင်းများမှအိမ်အရောက် ပစ္စည်း ဝန်ဆောင်မှု များကိုပါ ပို့ဆောင်ပေးလာနေပြီဖြစ်ကြောင်း သိရသည်။ #Travelling journal#News#Photo Aungmingalar FB
Contine Reading
By - Admin / 29-05-2022
ရန်ကုန် – ပုဂံ အသွားအပြန် ကို ကျပ် ၃၈၀၀၀ ဖြင့် JJ ယာဥ်လိုင်းမှ တစ်ပတ် တစ်ကြိမ် ပြေးဆွဲ သွားမည်

ရန်ကုန် – ပုဂံ အသွားအပြန် ကို ကျပ် ၃၈၀၀၀ ဖြင့် JJ ယာဥ်လိုင်းမှ တစ်ပတ် တစ်ကြိမ် ပြေးဆွဲ သွားမည်

#Travelling journal ရန်ကုန် -ပုဂံ အသွားအပြန်ကို တစ်ဦးလျှင် ကျပ် ၃၈၀၀၀ ဖြင့် JJ ယာဥ်လိုင်းမှ တစ်ပတ် တစ်ကြိမ် ပြေးဆွဲ သွားမည်ဖြစ် ကြောင်း ယင်းယာဥ်လိုင်းမှ သိရသည်။ ပုဂံရှေးဟောင်းယဥ်ကျေးမှု နယ်မြေသို့ ခရီးသွားမည့် သူများ အတွက် အဆင်ပြေစေရန်အတွက် စျေးနှုန်းကို သက်သာစေသည့်နှုန်းဖြင့် အဓိကထားကာ ပြေးဆွဲပေး​ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဥ်ကို အောက်တိုဘာ (၁၉) ရက်မှ စတင်၍ ရန်ကုန်- ပုဂံ - ရန်ကုန် ခရီး စဥ်များကို တစ်ပတ် တစ်ကြိမ် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည် ။ အသွားတစ်​​ ကြောင်း လိုက်ပါစီးနင်းမည့်သူများအတွက် ရန်ကုန်- ပုဂံ အသွားတစ်​​ကြောင်းလျှင် ကျပ်၂၂၈၀၀ ၊ အပြန် တစ်​ကြောင်းလျှင် ကျပ်၂၂၈၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဂျေဂျေ ယာဥ်လိုင်းသည့် လိုက်ပါသည့် ခရီးသွားများအတွက်လည်း ပုဂံဒေသရှိ ဂျေဂျေယာဥ်လိုင်းနှင့် မိတ်ဖက် ပေါင်းထားသည့် ဟိုတယ်များဖြစ်သည့် ညောင်ဉီး သံတဲ ၊ Bagan Hmwe Hotel ၊Bagan Relax တို့တွင် တည်းခိုမည်ဆိုပါက သက်သာသည့်စျေးနှုန်းများဖြင့် တည်းခိုနိုင်ရန်လည်း စီစဥ်ပေးထား​ ကြောင်း သိရသည်။ #Travelling journal #News #JJယာဥ်လိုင်း #Bagan #Photo Ko Gyi Kyaw
Contine Reading
By - Admin / 29-05-2022
မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်းခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်မည်

မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်းခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်မည်

ပူတာအို ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျောက် အပျော်စီး ခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဒေသခံခန္တီးရှမ်းတိုင်းရင်းသား တစ်ဦးက Travelling Journal သို့ ပြောကြားသည်။အဆိုပါ အစီအစဥ်ကို ရှမ်းကျေးရွာတစ်ခု ဖြစ်သည့်မုဒုံ ရွာမှ တဆင့် ကောင်းမှုလုံ ဘုရားထိ မြစ်ကြောင်း တစ်လျောက်ကို စီးရန် စီစဥ်ထားခြင်း ဖြစ် ကြောင်းသိရသည်။လက်ရှိတွင် ပူတာအို ရေခဲတောင်ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် မြစ်ကြီးနားအခြေစိုက် ခရီးသွားကုမ္မဏီတစ်ခု ဖြစ်သည့် နွေဦးခရီးသွားကုမ္ပဏီ နှင့် ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတို့က ပူးပေါင်း ဖော်ဆောင် ခြင်းဖြစ်ကြောင်းသိရသည်။"ကျွန်တော်တို့ရဲ့ ပူတာအို ဒေသ ဟာ ခရီးသွား လုပ်ငန်းကို အင်မတန်လုပ်ကိုင်လို့ရတဲ့ ဒေသတစ်ခုပါ။ ပူတာအို ကို လာလည်တဲ့ ခရီးသွားတွေ ရက်ကြာကြာနေနိုင်အောင် Activity တွေ လုပ်လို့ရအောင် အခု မလိခမြစ်ကြောင်းတစ်လျောက် ဖောင်စီးတာပေါ့နော်။ ဖောင်တော့မဟုတ်ဘူးပေါ့ ။ သစ်ထွင်းလှေ နဲ့ မြစ်တွင်းတစ်လျောက် လှပတဲ့ မြင်ကွင်းတွေကို ကြည့်ရှု့ခံစားမယ်။ တိုင်းရင်းသား တွေရဲ့ လူနေမှု ဘဝတွေကို လေ့လာနိုင်မယ်။ အဲလို လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဒီဘက်ဒေသက လူတွေရဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ကို ဖော်ဆောင် ပေးချင်လို့ ရည်ရွယ်ပါတယ် "ဟု ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတစ်ဦးက Travelling journal သို့ ပြောသည်။ပြီးခဲ့သည့် ရက်ပိုင်းတွင်းက ဖုန်ကန်ရာဇီ ရေခဲတောင်တက်ရောက်ခဲ့သည့်ခရီးသွားတစ်ချို့က မလိခမြစ်ကြောင်း တစ်လျောက် မြစ်တွင်း လှေစီးခြင်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက လည်း ပူတာအို ဒေသ မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်း လေ့လာရေးကို သွားရောက် ရန် စီစဥ် ထားကြောင်းသိရသည်။
Contine Reading
By - Admin / 02-05-2022
ရွှေမြန်မာ လေကြောင်း လိုင်း ပြန်လည်ပြေးဆွဲမည်

ရွှေမြန်မာ လေကြောင်း လိုင်း ပြန်လည်ပြေးဆွဲမည်

#Travelling journal ပြည်တွင်းပုဂ္ဂလိက လေ​ကြောင်းလိုင်းဖြစ်သည့်ရွှေမြန်မာ လေကြောင်း လိုင်း မှ ဖေဖော်ဝါရီလ (၄) ရက် မှ စတင်ပြီး ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ထုတ်ပြန်လိုက်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသော စည်းကမ်းချက်များ ၊ သတ်မှတ်ချက်များ နှင့် အညီ ပြန်လည်၍ ပျံသန်း ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည် ။ ရွှေမြန်မာ လေကြောင်း လိုင်းမှ တာချီလိတ် ၊ဟဲဟိုး ၊လားရှိုး ၊မန္တလေး ၊စစ်တွေ ၊ ပူတာအို နှင့်​မြစ်ကြီးနားခရီးစဥ် များကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည် ဟု ယင်းလေကြောင်းလိုင်းမှ သိရသည်။
Contine Reading
By - Admin / 02-02-2021
ရန်ကုန်မြို့တွင်း နေ့ချင်းပြန် ခရီးစဥ်များအတွက် ကြို /ပို့ ကားဝန်ဆောင်မှု စတင်မည်

ရန်ကုန်မြို့တွင်း နေ့ချင်းပြန် ခရီးစဥ်များအတွက် ကြို /ပို့ ကားဝန်ဆောင်မှု စတင်မည်

The Hideout Camping သို့ လည်ပတ်သည့့်ဧည့်သည်တစ်ချို့ကိုတွေ့ရစဥ် #Travelling journal ရန်ကုန်တိုင်းဒေသကြီး အတွင်း နေ့ချင်းပြန် လည်ပတ်လိုကြသည့် ခရီးသွားများအတွက် ကြို /ပို့ ကားဝန်ဆောင်မှု ခရီးစဥ်ကို စတင်သွားမည် ဖြစ်ကြောင်း ကျက်သရေထူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဒါရိုက်တာ ဒေါ်ပွင့်နွယ်အောင် က Travelling journal သို့ ပြောသည်။ "နေ့ချင်းပြန် ဒီ လေးနေရာကို ပတ်ကြိုပေးမယ်။ဝင်းသစ်​မွှေးခြံသွားချင်တဲ့သူက ဝင်း မှာ ချပေးခဲ့မယ်။ ပြီးရင် လမ်းသင့်တဲ့ The Hideout မှာ ချပေးမယ်။Area 22 ဆီ သွားချင်တဲ့သူက အဲဒီကို သွား ပို့ ပေးမယ်။ဘယ်နှစ်နာရီမှာ ပြန်လာကြိုပေးမယ်ဆိုတာကို တစ်ခါတည်း မှာထားတဲ့ပုံစံမျိုး စီစဥ်ထားပါတယ် "ဟုဒေါ်ပွင့်နွယ်အောင် က Travelling journal သို့ ပြောသည်။ အဆိုပါ ဝန်ဆောင်မှု အစီအစဥ်ကို ဖေဖေါ်ဝါရီ ၆ ရက်မှ စတင်မည်ဖြစ်ပြီး ခရီးသွားများအနေဖြင့် မိမိသွားရောက်လိုသည့် ဝင်းသစ်​မွှေးခြံ ၊ Sein So၊ Area 22၊The Hideout တို့ကို Air Con လေအိတ်ကားဖြင့် ကြို/ပို့ ပို့ဆောင်ပေးသွား မည့်အစီအစဥ် ပြုလုပ်ထားကြောင်း သိရသည်။ စုရပ်ဖြစ်သည့် ဆူး​​လေမြို့​တော်ခန်းမ​ရှေ့မှ နံနက် ၈ နာရီမှ စတင်ထွက်ခွာပြီး မြေနီကုန်း Dagon centre​ ရှေ့၊ လှည်းတန်း ရန်ကုန်တက္ကသိုလ်​၊ 8 miles ရွှေဘဲ​၊ ၁၀မိုင်ကုန်း​စျေးနားနှင့် ပြည်လမ်းတစ်​လျောက်ခရီးသည်များကိုလိုက်လံကြိုပို့ပေးမည့်ပုံစံမျိုး ရေးဆွဲ ထား​ပြီးတစ်ဦးလျှင် နေ့ချင်းသွား/ပြန်ကားခ ကျပ် ၈,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ နေ့စဥ် လူဦးရေ ၂၅ ဦး သာ လက်ခံသွားမည်ဖြစ်သော်လည်း ၁၀ ဦး ပြည့်ပါက ကားထွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဝန်ဆောင်မှုအနေဖြင့် ခရီးသွားအာမခံ ၊ Face Shield ၊ Mask ၊ ရေသန့် ၁ ဗူး တို့ကိုပါ ပေးသွားမည်ဖြစ်​ ကြောင်း သိရသည်။ လက်ရှိတွင် ယင်း နေရာများမှာ ခရီးသွားများ အများဆုံး သွားရောက် လည်ပတ်နေကြ သည့် နေ့ချင်းပြန် နေရာများ ဖြစ်ကြောင်း သိရသည်။ Photo The Hideout FB/ဝင်းသစ်မွှေးခြံ FB
Contine Reading
By - Admin / 30-01-2021
JJ Express ယာဉ်လိုင်း ဇွန် ၁၆ ရက်မှ စတင်ကာ New Normal ပုံစံသစ်ဖြစ် ပြေးဆွဲမည်

JJ Express ယာဉ်လိုင်း ဇွန် ၁၆ ရက်မှ စတင်ကာ New Normal ပုံစံသစ်ဖြစ် ပြေးဆွဲမည်

Travelling journal JJ Express ယာဉ်လိုင်း မှ ၁၆ ရက်မှ စတင်ကာ New Normal ပုံစံသစ်ဖြစ် ပြေးဆွဲမည်ဖြစ်ကြောင်း JJ Express အုပ်စုမှ ဥက္ကဋ္ဌ ဦးမြင့်ဦးက Travelling Journal သို့ ပြောသည်။ ’’ အခု ကား ၈စီး ကို ဆောင်ရွက်ထားပါတယ်။ New Normal အခင်းအကျင်းနဲ့ပေါ့’’ဟု ၎င်းက ပြောသည်။ JJ Express ယာဉ်လိုင်း မှ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံတို့ကို ပြေးဆွဲပေးနေပြီး ယာဉ်စီးခများအနေဖြင့် အထူးကားဆိုပါက ၂၉၈၀၀ ကျပ်၊ ရိုးရိုးကားဆိုပါက ၁၆၈၀၀ ကျပ် ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ယခင် ယာဥ်စီးခများထက် အနည်းငယ်သာယူထားခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိ တွင် JJ Express မှ အထူးကားများ နှင့် ရိုးရိုးကားများတွင် ပါ အရံအတားများကို ဆောင်ရွက်ထားခြင်းဖြစ်သလို စီးနင်းလိုက်ပါသည့် ခရီးသွားများ၏ Safety ပိုင်းများကို ဦးစားပေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။ Photo UMyint Oo
Contine Reading
By - Admin / 12-06-2020
ရန်ကုန်- ဟဲဟိုး ခရီးစဉ် ကို အနည်းဆုံး ပရိုမိုးရှင်း ကျပ် ၃၅၀၀၀ ဖြင့် သွားရောက်နိုင်ပြီ

ရန်ကုန်- ဟဲဟိုး ခရီးစဉ် ကို အနည်းဆုံး ပရိုမိုးရှင်း ကျပ် ၃၅၀၀၀ ဖြင့် သွားရောက်နိုင်ပြီ

Travelling journal ပြည်တွင်း ပုဂ္ဂလိက ပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Golden Myanmar Airlines မှ ရန်ကုန် -ဟဲဟိုး တိုက်ရိုက်ခရီးစဉ်ကို အနည်းဆုံး ပရိုမိုးရှင်း ကျပ် သုံးသောင်းခွဲ ဖြင့် လေယာဉ်လတ်မှတ်များကို ရောင်းချပေးနေကြောင်း အဆိုပါ လေကြောင်းလိုင်းမှသိရသည်။ လက်ရှိတွင် လေကြောင်းလိုင်းအနေဖြင့် Promotion ကာလ တွင် ကျပ်သုံးသောင်းခွဲဖြင့် ရန်ကုန်- ဟဲဟိုး ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်။ ’’အနည်းဆုံး ပရိုမိုးရှင်းနဲ့ လုပ်ပေးနေတာပါ။ GMAတစ်ရက် ၊မန်းရတနာပုံတစ်ရက်စီခြား ပျံသန်းပေးနေပါတယ်။ ပရိုမိုးရှင်း ထိုင်ခုံ ကုန်သွားရင်တော့ မရနိုင်ဘူးပေါ့’’ဟု Golden Myanmar Airlines မှ လတ်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။ အဆိုပါ ခရီးစဉ်များကို ပုံမှန်ကာလများတွင် ဆိုပါက ကျပ် ၅၅၀၀၀ နှင့် ကျပ် ၆၀၀၀၀ အနိမ့်ဆုံး သတ်မှတ်ထားကြောင်းသိရသည်။ လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် မိုးရာသီကာလများတွင် ခရီးစဉ်အများစုကို အကျိုးတူ ပူးပေါင်းပြေးဆွဲခြင်းများကို လုပ်ကိုင်လေ့ရှိပြီး Golden Myanmar Airlines မှ မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ပူးပေါင်းကာ ပြည်တွင်းခရီးစဉ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ မြစ်ကြီးနား၊ လားရှိုး မြို့များကို ဇွန်လ ၁ရက်မှ စတင်ပြီး ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။ Photo GMA
Contine Reading
By - Admin / 07-06-2020