တောင်ရိုတင်းရင်းသားများ၏ရိုးရာတာတက်ပွဲတော်ကျင်းပ

Travelling Journal တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်ဖြစ်သည်​့ ရိုးရာတာတက်ပွဲတော်ကို ကျင်းပနေကြောင်း တောင်ရိုးတိုင်းရင်းသားဒေသခံတစ်ဦးက Travelling သို့ပြောသည်။ အဆုိပါပွဲတော်သည် တ ...

Travelling Journal

တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်ဖြစ်သည်​့ ရိုးရာတာတက်ပွဲတော်ကို ကျင်းပနေကြောင်း တောင်ရိုးတိုင်းရင်းသားဒေသခံတစ်ဦးက Travelling သို့ပြောသည်။

အဆုိပါပွဲတော်သည် တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဥ် တန်ခူးလနှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။

တောင်ရိုးတိုင်းရင်းသားများသည်် ရာသီအလိုက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးရိုးရာ ဓလေ့ဖြစ်သည့် တာတက်ပွဲ (ခေါ်) မီးလုံးပွဲတော်ကို တောင်ရိုးတိုင်းသားများနေထိုင်ရာ
မြို့နယ်များရှိရွာများအလိုက် နှစ်စဥ်ကျင်းပလေ့ရှိကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုး
ပေါင်းစုံနေထိုင်ကြပြီး တိုင်းရင်းသား တစ်ခုချင်းစီ၌ ရိုးရာဓလေ့နှင့်ယဥ်ကျေးမှု ကိုယ်ပိုင်ဟန်​များရှိကြကာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၃၃)မျိုးတွင် တောင်ရိုးမျိုးနွယ်စုလည်း ပါဝင်ကြောင်း သိရသည်။

အနီးစပ်ဆုံးအနေဖြင့် ဧပြီလ (၂၄)ရက်တွင် ကလောမြို့နယ်ရှိ တောင်မြေခြားရွာ နှင့် ပင်းတယမြို့နယ်ရှိ ပွေးလှရွာl ဝါတရာရွာ l တည်ပင်ရွာတို့ ရိုးရာတာတက်ပွဲတော်ကိုကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ရှမ်း ပြည် နယ်အတွင်း ကလော l အောင်ပန်းl
ပင်းတယနှင့် ပင် လောင်းတို့တွင် တောင်ရိုးတိုင်းရင်းသားလူဦးရေငါးသိန်းဝန်းကျင်ခန့်နေထိုင်ကြပြီး တောင်ရိုးတိုင်းရင်းသား များနေထိုင်ကြသည့်ကျေးရွာများတွင် ယင်း ပွဲတော်များကို ဆင်နွဲဲ ကြလေ့ရှိကြောင်းသိရသည်။

Taung Yoe Traditional Festival
Photo Lu Wine /Sai khant zaw