Travelling Journal
ထိုင်း ဗီဇာဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက်
ရန်ကုန် အခြေစိုက် မြန်မာခရီးသွားကုမ္ပဏီ(၂၃) ခုကို ထိုင်းသံရုံးက ရွေးချယ်ခဲ့ကြောင်း သိရသည်။
ရွေးချယ်ခံထားရသည့်ကုမ္ပဏီ(၂၃) ခုမှ တာဝန် ခံပြီး ထိုင်းဗီဇာလျှောက်ထားခွင့်ကိုရရှိခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ထိုင်းဗီဇာရရှိမှုကို လူကိုယ်တိုင်သံရုံးသို့သွားရောက်လျှောက်ထားရသော်လည်း
ဩဂုတ်လ ၂ ရက်မှ စတင်ပြီး ထိုင်းသံရုံးက ရွေးချယ်ထားသည့် ခရီးသွား လာရေးကုမ္ပဏီများမှတဆင့်ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း သိရသည်။
“မြန်မာကုမ္ပဏီပေါင်း ၄၀၀ ကျော် လျှောက်ခဲ့ပါတယ်။ အဲဒီထဲကနေ အစ်မတို့အပါအဝင် ကုမ္ပဏီ၂၃ ခုကို ရွေးချယ်ခဲ့ပါတယ် ။ ကျွန်မ တို့ဆီဆက်သွယ်လိုက်တာနဲ့ ကုမ္ပဏီကနေ အစအဆုံး ဗီဇာရတဲ့အထိဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့်နယ်က ဗီဇာလုပ်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေသွားတယ်။
လူကိုယ်တိုင်မလာရပဲ စာရွက် စာတမ်းပို့ပေးရုံနဲ့ရပါတယ်။ တချို့က မြဝတီကနေ သွားချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ် “လို့ ဗီဇာဝန်ဆောင်မှု ရရှိတဲ့ Tango Travel &Tour မှ တာဝန် ရှိသူက Travelling သို့ ပြောသည်။
မိမိလျှောက်ထားလိုသည့် ဗီဇာကြေးပေါ်မူတည်ပြီး ၃၅ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ ထိ ရှိကြောင်းသိရသည်။
“အစ်မတို့ တင်ပေးပြီး အစ်မတို့ပဲ သံရုံးမှာ ပြန်ယူပေးရတာပါ။Visa fees က တော့ Tourist visa ဆိုရင် USD 40 ပါ ။ကိုယ်တိုင်သွားဖို့ အခက်အခဲ ရှိတဲ့ ခရီးသည်တွေ အစ်မတို့ဆီက တဆင့် တင်မယ်ဆိုရင် လူလိုက်စရာ မလိုဘူး ပေါ့နော် ။ တကယ်လို့ ခရီးသည်က ကိုယ်တိုင်တင်ချင်ရင်လည်း တင်လို့ရပါတယ်။ မနက် ၈ နာရီ တန်းစီပြီး ဝင်ရတယ်။ နောက်နေ့ Passport ကိုယ်တိုင် ပြန်ယူရတယ်။ အမတို့ဆီဆိုရင်တော့ အဲဒါတွေ လုပ်စရာ မလိုပါဘူး “ဟု Htoo Travels မှ တာဝန်ရှိသူ က Travelling သို့ပြောသည် ။