ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်း

PHOTO NEWS မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်းပွဲကို ယနေ့ စက်တင်ဘာ ၁၀ ရက်က နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ကမ္ဘာအေး ကုန်းမြ ...

PHOTO NEWS

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်းပွဲကို ယနေ့ စက်တင်ဘာ ၁၀ ရက်က နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ကမ္ဘာအေး ကုန်းမြေ ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပေးအပ် လှူဒါန်းခဲ့သည်။
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် စာသင်ကြားနေကြသည့် စာသင်သား သံဃာ အပါး( ၄၀၀) အား THE TEACHING OF BUDDHA စာအုပ်များကို ပေးအပ်လှူဒါန်း ပေးခဲ့ပြီး ပါချုပ်ဆရာတော် နှင့် စာချ ဆရာတော် (၆၉)ပါးကို ဝါဆိုသက်န်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ THE TEACHING OF BUDDHA စာအုပ်များကို ဂျပန် သာသနာပြုအဖွဲ့က ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို)အသင်းသို့ ပေးအပ်လှူဒါန်း ခဲ့သည့်စာအုပ်များကို အသင်းမှ ထပ်ဆင့် ပြန်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

Travelling journal/Activity