Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် တိုင်းအစိုးရ သတ်မှတ်

ထွန်းတောက် Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန ...

ထွန်းတောက်

Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ဇန်နဝါရီလ (၁၂) တွင်ပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ၎င်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ Out-Bound လိုင်စင်ချပေးဖို့အတွက် ရန်ုကုန်တိုင်းအနေနဲ့တော့ ဘယ်လိုမူဘောင်နဲ့ ချပေးမလဲဆိုတာကို သတ်မှတ်လိုက်တယ်။ သတ်မှတ်တဲ့ အခါမှာ Deposit တင်ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ Deposit ကို သိန်း (၁၀၀) တင်ရမယ်ဆိုပြီးတော့ ဆံးုဖြတ်လိုက်တယ်။ တစ်ခြား တိုင်းနဲ့ ပြည်နယ်က ဘယ်လိုယူမလဲဆိုတာကတော့ မသိပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ပေါင်း တစ်ထောင်နီးပါး ရှိကြောင်း သိရသည်။

Travelling_Journal/Vol_1_Issue_20