ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို( ၁၅) ရက်တိုင်တိုင် ကျင်းပမည်

Travelling Journal ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိပြီး အထင်ကရ ဘုရားပွဲတော်တစ်ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း​က ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို ယခုန ...

Travelling Journal

ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိပြီး အထင်ကရ ဘုရားပွဲတော်တစ်ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း​က ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ စပြီး ၁၅ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ် ကြောင်း မြတ်မော်တင်စွန်း ဆရာတော်က Travelling သို့ မိန့်ကြားသည်။

လက်ရှိတွင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့ခြင်းများကို ပွဲတော်ရက်မတိုင်ခင် ပြီးစီးရန် ပြုလုပ်နေကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၉ ရက် မှာ ဘုရား ပွဲ ကျင်းပမှာမို့ပြီးရမယ့် အပိုင်းတွေကို ပြီးစီးအောင် လုပ်သွားမယ်။အရင်ထက်ကို ရင်ပြင်တော်က တော်တော်လေး ကို ကျယ်သွားပါပြီ” ဟု မြတ်မော်တင်စွန်း ဆရာတော်က Travelling သို့ မိန့်ကြားသည်။

ရင်ပြင်တော်တိုးချဲ့ခြင်းများကို မှော်ဘီသဲဖြူဆရာတော်ကြီးမှ ဦးဆောင်ပြီး ဆောင်ရွက် လျက်ရှိကာ လက်ရှိတွင် ဘုရားရင်ပြင်တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေသည်မှာ ငွေကျပ် သိန်း သောင်းကျော် ကုန်ကျပြီဖြစ်ကြောင်း သိရသည်။

Photo Myat Mawtin Pagoda
Photo ဘုရားဖူးများကြည်ညို သဒ္ဒါတရားများဖြင့် ဖူးမြှော်မြင်တွေ့ရမည့် ဆံ​တော်ရှင် မြတ်မော်တင်စွန်း စေတီတော် မြတ်ကြီး၏ မကြာခင် ပြီးစီးတော့မည့် ရင်ပြင်တော် ဒီဇိုင်းများကို တွေ့ရစဥ်။