ကလောမြို့အဝင် ဆိုင်းဘုတ် အနီး ရှမ်းမောင်နှံရုပ်ထု စိုက်ထူမည်

ကလောမြို့ရဲ့လည်ပတ်စရာ တစ်ခုဖြစ်တဲ့တောင်မင်းကြီးခုံပြာ View Point ကို တွေ့ရစဥ်။ Travelling Journal ခရီးသွား မြို့တော် ​ဖြစ်သည့် ကလောမြို့သို့ ဧည့်သည် များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်၍ ကလ ...
ကလောမြို့ရဲ့လည်ပတ်စရာ တစ်ခုဖြစ်တဲ့တောင်မင်းကြီးခုံပြာ View Point ကို တွေ့ရစဥ်။

Travelling Journal

ခရီးသွား မြို့တော် ​ဖြစ်သည့် ကလောမြို့သို့ ဧည့်သည် များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်၍ ကလောမြို့အဝင် ဆိုင်းဘုတ် အနီးတွင် ရှမ်းမောင်နှံရုပ်ထု ကို စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

” ​ကလောမြို့ကို အဆင့်မြင့်အောင် လုပ်ငန်းစဥ် ငါးရပ်နဲ့ ဒီဘတ်ဂျတ်နှစ်ထဲ လုပ်ဆောင်သွားမှာပါ။ ကလောရဲ့ မောမြေဦးပန်းခြံကို အဆင့်မြှင့်မယ်။ LED Bill-board ထောင်မယ်။အဲဒီမှာ ကလောမြို့ရဲ့လည်ပတ်စရာ တွေနဲ့ အစားအသောက် အဲလိုမျိုးတွေကို ရိုက်ကူးပြသ သွားမှာပါ။ လမ်းမီးတွေ လုပ်မယ်။ ကလောမြို့အဝင် ရှမ်းမောင်နှံရုပ်ထု စိုက်ထူမယ်။ နောက်ပိုင်း မှာ တိုင်းရင်းသားအစား အသောက် ပြပွဲတွေ အဲဒါမျိုးတွေ ပါ လုပ်ဆောင်သွားမှာပါ”ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦး ထင်အောင်နိုင် က ​ပြောသည်။

ထို့်​​​ပြင်ရှမ်းပြည်နယ် အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုနှစ်အတွင်း ခရီးသွား လုပ်ငန်းအတွက် ငွေကျပ် သိန်းပေါင်း တစ်သောင်း ကို သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခရီးသွား များသည် ကလောမြို့၏ သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ထားသည့် ဓာတ်ပုံရှူခင်း ကြည့်ကွက်များစွာရှိသည့် နေရာများသို့ သွားရောက် အပန်းဖြေလည်ပတ်မှု များပြားလာကြောင်း သိရသည်။

Photo kalaw Travelling