မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းအကြား Myanma Tourism Bank ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါသည်။ အဆိုပါဘဏ်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်းရှင်များ အကြားများစွာ စိတ်၀င်စားခြင်း ခံနေရပါသည်။ ယင်းကြောင့် အဆိုပါဘဏ်၏ ရည်ရွယ်ချက် လုပ်ဆောင်ချက် များကိုသိရှိစေရန်အတွက် Myanma Tourism Bank ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးရန်၀င်းအား Travelling Journal မှ ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
မြန်မာ့ခရီးသွားဘဏ်ကိုစတင်တည်ထောင်ရတဲ့ရည်ရွယ်ချက်ကိုသိချင်ပါတယ်။
အဓိကကတော့ ခရီးသွားလုပ်ငန်း ကြီးကို ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူ ပြုနိုင်အောင်ရည်ရွယ်တာပါ။ ခရီးသွား လုပ်ငန်းမှာက SME တွေများတယ်လေ။ ဟိုတယ်ဆိုလည်း ဟိုတယ် အသေးလေး တွေများတယ်။ ခရီးသွားလုပ်ငန်းတွေက လည်း SME အသေးတွေပဲဖြစ်တယ်။ စား သောက်ဆိုင်တွေလည်း SME တွေပဲ။ ဒီ SME လုပ်ငန်းတွေကို အန်ကယ်တို့က ငွေရေးကြေးရေး အထောက်အပံ့ပေးနိုင် အောင် ရည်ရွယ်တာပါ။
ဒီဘဏ်ကနေချေးငွေတွေပေးဖို့ဆိုရင်ဘယ်လိုသတ်မှတ်ချက်တွေနဲ့ချေးငွေပေးဖို့ ရည်ရွယ်ထားပါသလဲ။
အဲ့ဒါကတော့ အများနဲ့ တိုင်ပင်ပြီး တော့ သတ်မှတ်ရမှာပေါ့။ SME ပေးတာ တွေလည်းရှိမယ်။ အချင်းချင်းတာ၀န်ခံတဲ့ ဝိုင်းကြီးချုပ်စနစ်တွေလည်းရှိမယ်။ သူတို့ လုပ်ငန်းရဲ့ ခိုင်မာမှုလည်း ကြည့်မယ်။ ခရီး သွားလုပ်ငန်းလိုင်ကိုင်နေသူအချင်းချင်း ကတော့ သိကြတဲ့အတွက် ယုံကြည်ရတဲ့ အနေထားတွေရှိတယ်။ ဘဏ်ရဲ့ချေးငွေကို ယူပြီးရင် ပြန်ဆပ်နိုင်မယ့် အနေအထား လည်း ချေးတဲ့သူမှာ ရှိရမယ်။ သူ့မှာ ပြန် ဆပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှိသလား။ ဒါမှမဟုတ် ငွေကိုချေးပြီးတေ့ာ သုံးဖြုန်းပစ် မယ့်သူမျိုးလား။ ဒီ Industry ထဲမှာဆိုရင် တော့ ပိုပြီးသိတာပေါ့။ ဝိုင်းကြီးချုပ် ငါး ယောက် ဆယ်ယောက်စုပြီး ချေးမယ်ဆို ရင် အချင်းချင်းသိနိုင်တာပေါ့။ အဲ့ဒါဆိုရင် ပေးလို့ရတာပေါ့။
ချေးငွေယူမယ့်သူတွေကို ဘဏ်တိုးနှုန်းကိုကော ဘယ်လောက် သတ်မှတ်ထားပါသလဲ။
ဘဏ်တိုးနှုန်းကိုတော့ ဗဟိုဘဏ်ရဲ့ ဘဏ်တိုးနှုန်းနဲ့ လောလောဆယ်သတ်မှတ် ထားတယ်။ ဒါပေမဲ့ ပထမသုံးလ၊ ခြောက် လမှာဆိုရင်ဘဏ်မှာ အပ်တဲ့သူတွေကို တော့ အတိုးနှုန်းနည်းနည်းမြှင့်ပြီးတော့ ၀န်ဆောင်မှုပေးသွားမယ်။ ဒါပေမဲ့ ဗဟို ဘဏ်ရဲ့စည်းကမ်းထဲမှာတော့၀င်ရမှာပေါ့။
အခုဆိုရင်ခရီးသွားလုပ်ငန်းကြားမှာတော်တော်လေးစိတ်၀င်စားခြင်းခံနေရတယ်။ဒီဘဏ်ဖွင့်တဲ့အတွက် အဲ့ဒီအတွက် ဒီဘဏ်ကနေ ခရီးသွားအသိုင်းအဝိုင်းအတွက် ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။
အဓိကကတော့ အန်ကယ်တို့ Industry ထဲသူတွေကတော့ အချင်းချင်းသိ ကြတယ်။ သိပြီးသားဖြစ်တဲ့အတွက် သူတို့ ရဲ့ ငွေရေးကြေးရေး လိုအပ်ချက်၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို သိတဲ့အတွက် တစ်ခြားဘဏ်တွေကိုသွားပြီး ချေးငွေယူ တာထက်၊ အပ်တာထက်စာရင် အန်ကယ် တို့ဆီမှာ အပ်မယ်၊ ချေးမယ်ဆိုရင် သူတို့ အတွက် အကြောင်းသိပြီးဖြစ်တဲ့အတွက် ပိုကောင်းတာပေါ့။ အန်ကယ်တို့ကလည်း ပိုပြီးယုံကြည်ရတာပေါ့။ အဓိကတော့ Tourism Industry ထဲက သူတွေပြီး တော့မှ ကျန်တဲ့ဘဏ်တွေလိုပေါ့။ ကျန်တဲ့ Industry အားလုံးကိုတော့ အတတ်နိုင်ဆုံး အန်ကယ်တို့က ဖြည့်ဆည်းပေးသွားမယ်။ Tourism Industry တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ခရီးသွားလုပ်ငန်းကတော့ ဦးစားပေးပေါ့။ ကျန်တဲ့လုပ်ငန်း၊ တိုင်းရင်း သားလုပ်ငန်းရှင်တွေ အကုန်လုံးရအောင် တော့ နောက်ပိုင်းမှာ လုပ်ပေးသွားမှာဖြစ် တယ်။
ဒီဘဏ်ကနေချေးငွေကိုဘယ်တော့လောက်မှာစတင်ချေးယူလို့ရပါသလဲ။
ဘဏ်ဖွင့်ပြီးရင် နောက်တစ်လအတွင်း မှာ မန္တလေးနဲ့ နေပြည်တော်မှာ ဆက်ဖွင့် မယ်။ ပြီးရင်ငွေဘဏ်စာရင်းတွေ စဖွင့်လို့ ရပြီ။ ပြီးရင် Loan ချေးတဲ့သူလည်း ချေး လို့ရမယ်။ အပ်တဲ့သူလည်း အပ်လို့ရတယ်။ Loan ယူတဲ့သူကိုလည်း ခိုင်မာတဲ့ အာမခံ စနစ်နဲ့ သတ်မှတ်ပြီးတော့ ဒီလူတွေကို ချေး ပေးမှာပေါ့။
ဒီဘဏ်မှာရှယ်ယာထည့်ချင်တဲ့သူတွေကိုရောဘယ်လိုထည့်ခွင့်ပေးထားသလဲ။
ခုလောလောဆယ်တော့ အရင်ထည့် ၀င်ပြီးသားသူတွေပဲ ။ ဒီဘဏ်ကလည်း အများပိုင်ပဲ။ ဘဏ်ဖွင့်ပြီး ရင်တော့ ရှယ်ယာထည့်ချင်တဲ့ သူတွေကို နောက်ပိုင်းမှာ ဖိတ်ခေါ်သွားမယ်။ ရှယ်ယာတစ်ခုကို တစ်သောင်းကနေ စရောင်းချပေးမှာပေါ့၊ ဒါတွေက နောက်ပိုင်းမှမှာ။
ဘဏ်ကို ရန်ကုန်၊ နေပြည်တော်၊ မန်္တလေးအပြင် ဘဏ်ခွဲတွေကို ဘယ်မှာ ဆက်ပြီးဖွင့်သွားဖို့ ရှိပါသလဲ။
နေပြည်တော်နဲ့ မန်္တလေးက ပြင် ထားပြီးသား။ ရယ်ဒီပဲ။ တစ်လအတွင်းဖွင့် မယ်။ ပြီးရင် မူဆယ်နဲ့ မြ၀တီကို ဆက်ဖွင့် မယ်။ မူဆယ်နဲ့ မြ၀တီကတော့ နေရာတွေ ရှာပြီး ပြင်ဖို့ဆင်ဖို့လုပ်နေတယ်။
လက်ရှိဘဏ်ရဲ့ ကနဦး ရင်းနှီးမြှုပ်နှံငွေက ဘယ်လောက် ထည့်၀င်ထားပါသလဲ။
ဘဏ်ရဲ့စနစ်အရ ပထမဦးဆုံးစထည့် ရမှာက မြန်မာကျပ်ငွေ ဘီလီယံ(၂၀)ပေါ့။ ပြီး Plus ၁၀ % ဆိုတော့ စုစုပေါင်း (၂၂) ဘီလီယံ ထည့်၀င်ထားတယ်။ အဲ့ဒါနဲ့ စတင် ရင်းနှီးမြှုပ်နှံထားပါတယ်။
အန်ကယ်အနေနဲ့ မြန်မာ့တိုရီစင်ဘဏ်နဲ့ပတ်သက်ပြီးတော့ ပြောချင်တဲ့ စကားရှိရင်ပြောပေးပါဦး။
အဓိကတော့ ဒီဘဏ်နဲ့ ပတ်သက် ပြီး မြန်မာ့စီးပွားရေးလောကကို အတတ် နိုင်ဆုံး ဒီဘဏ်ကလည်း အထောက်အကူ ပြုနိုင်တဲ့ ဘဏ်တစ်ခု ဖြစ်စေချင်တာရယ်။ ခရီးသွားလုပ်ငန်းထဲမှာရှိတဲ့ အကြောင်း သိတဲ့သူတွေ၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း လုပ်ကိုင်သူတွေ။ ဒီ Industry ထဲမှာရှိတဲ့ ခရီးသွားလုပ်ငန်းရှင်တွေကို အထောက်အကူ၊ အထောက်အပံ့ပေးနိုင် ဖို့အတွက်၊ ပြီးရင် ကျန်တဲ့ စီးပွားရေးလုပ် ကိုင်တဲ့ Sector အားလုံးကို လိုအပ်သလို ဖြည့်ဆည်းပေးသွားဖို့ ရည်ရွယ်ထားပါ တယ်လို့ ပြောချင်ပါတယ်။
#Travelling_Jouranl/Vol_1_Issue_12