ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါဟု ကြေညာထားသည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံရှိ ကဏ္ဍ အလိုက် စီးပွားရေးလုပ်ငန်းများစွာထိခိုက်နေပါသည်။ ယင်းတို့ထဲမှ နိုင်ငံ၏ စီးပွားရေး ကဏ္ဍထဲတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည့် ခရီးသွားလုပ်ငန်းကဏ္ဍမှာအစိုးရိမ်ရဆုံးနှင့်ထိခိုက်မှု များပြားသည့် အခြေအနေများဖြစ်ပါသည်။
ထိခိုက်ဆုံးရှုံးရသည့် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များအား Travelling journalမှ လက်လှန်းမီသလောက်
စုစည်းကာ ၎င်းတို့၏ ထိခိုက်ခံစားနေရသည့်အကြောင်းများနှင့်ပတ်သက်ပြီး မေးမြန်းထားခြင်းများကို စုစည်းဖော်ပြလိုက်ပါသည်။
ဒေါ်တင်မာမြင့်
သဇင်ဂါးဒင်း ဟိုတယ် ပိုင်ရှင်/ MRA ဒုဥက္ကဋ္ဌ
အန်တီတို့အနေနဲ့ ကိုဗစ်ကြောင့် စပြီးခံစားနေရပြီ။ အရင်တုန်းကဆိုရင် occupancy ကျတယ်ဆိုပဲရှိတာ။ ရပ်သွားတယ်ဆိုတာမရှိဘူး။ နာဂစ်ပဲဖြစ်ဖြစ်၊ တခြားဖြစ်ခဲ့တာတွေလည်းရှိတယ်။ တိုရီစင်သမိုင်းတစ်လျှောက်မှာ မျိုးစုံဖြစ်ခဲ့ဖူးတယ်။ အခုက လေကြောင်းလိုင်းတွေလည်းရပ်သွားတယ်။ အားလုံးကလည်း Lock လုပ်နေကြပြီဆိုတော့ အန်တီတို့ရဲ့လုပ်ငန်းတွေက occupancy လျော့တဲ့အနေအထားမဟုတ်တော့ဘူး ရပ်တဲ့အဆင့်ကိုဖြစ်နေတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေကလည်း သဘောတရားတွေကို နားလည်ကြတယ်။ ဒီဟာကို ဘယ်လိုကျော်လွှားမလဲ ဆိုတာကိုတော့ အန်တီတို့က ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့ ကဏ္ဍဖြစ်နေတယ်။ ခုချိန်ဆိုရင် အန်တီတို့ဆီမှာ tax တွေကလည်းများတယ်။ လုပ်ငန်းခွန်၊ ဝင်ငွေခွန်ရှိတယ်၊ Profit tax ၊စည်ပင်ခွန်တွေရှိတယ်။ အဲဒီဟာတွေကလည်း လုပ်ငန်းကလည်းရပ်မယ်။ ဒီကဏ္ဍတွေကိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရတယ်။ ဒီ tax တွေကပါ ထပ်ပိမယ်ဆိုရင်တော့ အန်တီတို့ဘက်မှာ ခက်ခက်ခဲခဲ နဲ့ ကျော်ဖြတ်ရမှာ ဖြစ်တယ်။ ပြီးတော့ ဒီကိစ္စက တစ်လ လောက်လည်းမဟုတ်ဘူး။ ဒီရဲ့ အကျိုးဆက်က တစ်နှစ်လောက်ထိသွားမလား၊ အသေးစိတ် ဆွေးနွေးနေရတဲ့ ကဏ္ဍတွေဖြစ်နေတယ်။ အန်တီတို့အနေနဲ့ ထပ်မံပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် ဘဏ်ရဲ support နဲ့ အန်တီတို့က ရင်းနှီးမြှုပ်နှံထားတာရှိတယ်။ ဒီဘက်က လုပ်ငန်းရပ်လို့ ဒီဝန်တွေကိုထမ်းရတာက တစ်ပိုင်း၊ ဘဏ်ကအတိုးနှုန်းတွေကလည်း ဒီဝင်ငွေပေါ်တွေမှာ တောက်လျှောက် နှစ်ဦးနှစ်ဘက် နားလည်မှုလုပ်ကြရတာ။ ဗဟိုဘဏ်ကနေ ဒါကို support လုပ်ပေးသင့်တယ်။ ပြီးတော့ အစိုးရကလည်း tax ပိုင်းတွေကို ကာလအပိုင်းအခြား တစ်ခုအန နဲ့ ရှင်းပြပေးစေချင်တယ်။ အခု ဘဏ်က လုပ်ငန်းတွေ မရပ်ဆိုင်းနိုင် အောင် ထုတ်ချေးနိုင်မယ်ဆိုတာက လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံဖို့ဆိုတာကလည်း လူတိုင်းမှာမရှိနိုင်ဘူး။ မပြည့်စုံတဲ့ဟာရှိပေမဲ့လည်း ဒီ ခြောက်လကို ဒါ ကြီးကို ထမ်းထားပြီးတော့ ခြောက်လ ပြည့်လို့ ကိုယ်ံဘာသာ ကိုယ် မရုန်းနိုင်ဘူးဆိုရင် ဒါတွေကို ပြန်ဆပ်ရအုံးမှာ။ ဒါတွေကိုလည်း ဘယ်လိုလုပ် ပြန်ဆပ်မလဲ။ အဲတာနဲ့ ပက်သတ်ပြီး စဉ်းစားစရာတွေ ရှိတာပေါ့။ ခုလောလောဆယ် tax ကို ဗဟိုဘဏ်က လျှော့တဲ့အတွက် ဝမ်းသာတယ်။ ဒါပေမဲ့ သူလျှော့တာက ဖြစ်နိုင်မဲ့ effect မဖြစ်ဘူး။ ကျန်တဲ့ဟာတွေ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ အန်တီတို့ ဆွေးနွေးနေတယ်။
ဒေါ်စုမွန်ချစ်
ကမ္ဘာ့မြန်မာခရီးသွားကုမ္ပဏီ ဒါရိုက်တာ
အစ်မတို့က တစ်လပိုင်းလောက်ကတည်းက စပြီးတော့ အစ်မတို့ဘက်မှာ ဧည့်သည်တွေက မရှ်တော့ဘူး။ ခရီးမထွက်ကြတော့ဘူး။ အစ်မတို့ရဲ့ မူတယ်၊ လာရှိုးဘက်က ရှိတဲ့ သူ တွေက ခရီးမထွက်ကြတော့ဘူး။ အစ်မတို့နဲ့ ဗီယက်နာမ် ခရီးစဉ်၊ ကိုရီးယား ခရီးစဉ်တွေ လုပ်ထားကြတယ်။ အဲ့တုန်းက ကိုရီးယားက သိပ်မပျံ့သေးဘူး။ အဲ့ကစပြီး ခရီးစဉ်တွေက cancel ဖြစ်သွားကြတယ်။ အဲလိုဖြစ်သွားတဲအတွက် ခရီးသည်တွေကို အစ်မတို့က အဆင်ပြေအောင် ပြန်လုပ်ပေးရတယ်။ တစ်လ ပိုင်းကတည်းက cancel ထြစ်လိုက်တာက ခု အိန္ဒိယ ကလည်း ထပ်ပိတ်လိုက်တဲ့အခါကိတော့ ခရီးစဉ်တွေ အားလုံး cancel ဖြစ်သွားတယ်။ နှစ်လပိုင်း သုံးလပိုင်း က ရောင်းထားတဲ့ တျုးတှကေ စထွက်နေရတယ်။ ကြိုရောင်းထားတဲ့ တိုးတွေက စထွက်နေရတယ်။ နောက်ပိုင်းမှာ ရောင်းရတဲ့ဟာ မရှိဘူး ဧပြီလ အတွက် ချထားတဲ့ Deposit တွေကို အဲလိုင်းတွေက နောက်နှစ် ပြန်လုပ်ပေးမယ်ပြောတယ်။ တချို့ အဲလိုင်းတွေက ဇွန်လ အထိပဲ ရက်ချ်န်းပေးဖို့ပြောတယ်။ အဲလိုမျိုး june အထိဆိုရင် ခုဖြစ်တဲ့ ကိစတွေက သုံးလပိုင်း အထိတောင် ဘာမှန်းမသိဘူး။ ဇွန်မှာရော ခရီးသွားတွေ ရှိပါ့မလား။ နောက်တခုက ဇွန်ဆို တာကျောင်းဖွင့်ရာသီဖြစ်တယ်။ ခရီးသွားတဲ့ရာသီ မဟုတ်တဲ့ အတွက် ဧည့်သည်က ပြန်ပြီ ရနိုငိပါ့မလား။ သူတို့ကိုတော့ အစ်မတို့က. သက်တမ်းတိုးမြှင့်ဖို့တောင်းဆိုထားတယ်။ ဒီနှစ်မဟုတ်ရင် ၂၀၂၁ ထိ တိုးပေးဖို့ တောင်းဆိုထားတယ်။ လေကြောင်းလိုင်းတွေကအထက်ကို ပြန်တင်ပေးမယ်လို့ ပြောထားတယ်။ ပြီးတော့ လေကြောင်းလိုင်းတွေ အနေနဲ့က deposit တွေ ပြန်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ worldwide ဆက်တာတွေမှာ ဒီပြသာနာကို ဖြေရှင်းနေရတဲ့အတွက် သူတို့အတွက်လည်းမလွယ်ဘူးပေါ့။ အစ်တို့အနေနဲ့ ဆုံးရှုံးဖူးတာတွေရှိတယ်။ အဲလိုင်းတွေက ငွေပြန်မအမ်းဘူးဆိုတော့ အစ်မတို့က ဧည့်သည်ကိုပြန်အမ်းရတာဖြသ်တယ်။ ဧည့်သည်ကတော့ အပြည့်လိုချင်တယ်ပြေတယိ။ အဲအတွက် နစ်နာမှုတွေရှိတယ်။ အစ်မတို့ ကုမ္ပဏီ ဆိုရင် Covid 19 ဗိုင်းရပ်ကြောင့် ဒေါ်လာငါးသောင်းနီးပါးလောက် ဆုံးရှုံးနစ်နာသွားရတယ်။
ဦးသူရိန်စိုးမြင့်
မုဒြာစားသောက်ဆိုင်ပိုင်ရှင်(ပုဂံ)
အကိုက ပုဂံမှာ စားသောက်ဆိုင်ဖွင့်ထားတာက ပြီးခဲ့တဲ့အောက်တိုဘာလောက်က ဖွင့်ထားတာ။ဒီကိုရိုနာဗိုင်းရပ်စ်က COVID -19 က အကုန်လုံးပေါ်သက်ရောက်တာပါပဲ။
ကျွန်တော်တို့ ပုဂံက ခရီးသွားကိုပဲမှီခိုအားထားနေရတဲ့ ဒေသတစ်ခုဖြစ်တော့ အများဆုံးထိကြတယ်။စားသောက်ဆိုင်အနေနဲ့ဆိုရင် အခုချိန်မှာ ပြည်ပခရီးသွားက မရှိသလောက်ပဲ၊ ပြည်တွင်းခရီးသွားကလည်း တော်တော်လေးလျှော့သွားတာရှိတယ်။ အဲဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ ရပ်တည်ဖို့ကတော့ တော်တော်ခက်ခဲတယ်။ ဒါမို့ plan တွေကိုအမျိုးမျိုးစဉ်းစားတယ်။ စဉ်းစားတဲ့ ကာလမှာ ဝန်ထမ်းတွေအတွက် ကြည့်ပြီး သူတု့ိနဲ့ ဘယ်လောက်ထိ ရပ်တည်ပေးနိုင်မလဲ။ ဘယ်လောက်ထိ ရပ်တည်ရမလဲပေါ်မှာကြည့်နေရပါတယ်။ ဒါပေမယ့် လစဉ် ဒီလိုပဲ အနှုတ်လက္ခဏာ တွေပြနေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ရေရှည်ကိုရပ်တည်နိုင်မှာ မဟုတ်ပါဘူး၊ ခေတ္တခဏ နှစ်လနီးပါး၊သုံးလနီးပါးနားဖို့ လစာမဲ့ခွင့်အနေနဲ့ပဲ ညှိနှိုင်းပြီး ဆက်သွားရမယ့် အနေအထားဖြစ်နေတယ်။အဓိက ပြည်ပခရီးသွားနည်းတော့ ပြည်တွင်း ကလည်း ကျသွားပြီလေ။ ဘယ်လိုကျော်လွှားမလဲဆိုတော့ အဖြေရှာတဲ့ နည်းလမ်းတစ်ခုကတော့ နောက်ဆုံး ဧပြီလကို စောင့်ကြည့်ပြီး မေလကနေ စပြီး ဇွန်၊ဇူလိုင် သုံးလကို ခဏနားတာမျိုးကတော့ အဆင်ပြေဆုံးဖြစ်မယ် ထင်ပါတယ်။
ဒေါ်တင့်တင့်လွင်
Water Bus ပဲ့ကိုင်ရှင်
အမတို့အနေနဲ့က မတ်လ ၁၆ ရက်က လူလျှော့မလို့ ကလေးတွေကို တစ်ယောက်ချင်းစီမေးကြည့်တော့ နယ်ကကလေးတွေရဲ့နောက်ကွယ်က အပူတွေကိုကြားသိခဲ့ရတယ်၊အဲဒီလိုကြားတော့အမမျက်ရည်ကျရတယ်။လစာလျှော့တော့လည်း ရတာမှ ၂သိန်း ၊၃ သိန်း အဲဒီနောက်မှာ မိသားစုက တစ်ပုံတစ်ပင်။ အခုတော့ Plan ပြောင်းပြီး ကလေးတွေကို လစာရဖို့ ဟိုတယ်တွေမှာအစားအသောက် Night Food တွေ ဟိုတယ်ဈေးတွေချပြီး စိုက်ပျိုးရေး ၊အထည်ချုပ် ၊ delivery Service တွေမှာ ခွဲချပြီးအလုပ် ပေးထားတယ်။ ကိုယ်ကတော့ အရှေ့မှာ တော်တော် ရုန်းနေရတယ်။ ဘဏ်တွေက လုပ်ငန်းရှင်တွေကို ၆ လလောက် အတိုးနည်းနည်းနဲ့လုပ်ငန်း ပေါ်မူတည်ပြီး ချေးမှဖြစ်မယ်။အာမခံမယူပဲ အစိုးရက Grant တော့လုပ်ပေးရမှာပေါ့။ တစ်နှစ် ၊နှစ်နှစ် သက်တမ်းနဲ့ပေါ့။ဒါပေမယ့် SME နု့ဲ Coperate က Business Investment Size ကွာတော့ ဆင့်ပါးစပ် နှမ်းပက် သလောက် ဆိုမထူးဘူးလေ၊ SMEပဲ အဆင်ပြေလည်း နိုင်ငံမတိုးတက်ဘူး၊ DICAနဲ့ သမ္မတရုံးကို တိုက်ရိုက် အွန်လိုင်းapplication သွားပြီးချပေးရင် ပိုပြီး Transparent ဖြစ်မယ် ထင်ပါတယ်။
ဦးသန်းဌေး
သန်းဌေးနှင့်ရောင်ရင်းများအုပ်စု
လက်ရှိ အနေအထားက ပြည်တွင်းခရီးသွားအခြေအနေက အကျဘက်မှာရှိနေပါတယ်။ ထွက်နေတဲ့ ဂိတ်တွေရှိပါတယ်။ ဒါပေမယ့် ကားတစ်စီးမှာ
လူအပြည့်မရပါဘူး။ လူ ၂၀ ၊ ၃၀ ထက် မပိုတဲ့အနေအထားဖြစ်နေတာ။အရင်ကတော့ ခရီးသွားလုပ်ငန်းက ယှဉ်ပြိုင်ပြီး လုပ်နေရတဲ့ အခြေအနေကနေ အခုက အားလုံးစုပြီးမှ လုပ်နေရတဲ့အနေအထားဖြစ်နေပါတယ်။ သူ့ဆီနည်းနည်း၊ ကိုယ့်ဆီနည်းနည်းနဲ့စုပြီး ခရီးစဉ်တစ်ခုကို ထွက်နေရတဲ့အနေအထားပါ။အကျဘက်ကို ရောက်နေပါတယ်။အန်ကယ်တို့လည်းခရီးစဉ်ကို ရောင်းနေပါတယ်။ ဒါပေမယ့် လူက မရလာသေးပါဘူး။
ဒေါ်နီလာ
Direct go Travel & Tour ဒါရိုက်တာ
ညီမတို့ကုမ္ပဏီက ကုမ္ပဏီသေးသေးလေးမို့ ဒီနေ့
တွက် ကြည့်တော့ အဲဒီလောက်တော့ ဆုံးရှုံးတာရှိတယ်။ နောင်ဘာဖြစ်အုံးမလဲဆိုတာကတော့ မသိသေးဘူး။
ညီမတို့က သင်္ကြန်ခရီးစဉ် ရောင်းဖို့လောက်ကို ဇန်နဝါရီ လောက်ကတည်း ပြင်ဆင်ရတယ်။ Travel Show တွေ လိုက်သွားရတယ်၊Both တွေလိုက်ရောင်းရတယ်။ ကြော်ငြာတွေတင်ရတယ်။ အဲဒီအတွက် စရိတ်စကတွေ ကုန်ခဲ့တယ်။ ဝန်ထမ်းစရိတ်တွေလည်းပါတယ်ပေါ့။ တခြားကုမ္ပဏီတွေဆို ဒေါ်လာ သိန်းချီကုန်တယ်။
အဲလိုင်းတွေကို ပေးထားရတာတွေရှိတာ။ ဒီခရီးစဉ်တွေ မရောင်းရခြင်းအားဖြင့် ဘယ်လောက်ထိ ထိခိုက်သွားလဲ ၊ဘယ်လောက်ကုန်ကျစရိတ်တွေရှိခဲ့လဲဆို တာတွက်ကြည့်လိုက်မိတာပါ။
ညီမကုမ္ပဏီက အကြီးမဟုတ်တဲ့အတွက် ဝန်ထမ်းတွေကို မနက်ဖြန် မတ်လ ၁၈ ရက်ကနေစပြီးတော့ ဒီမတ်လကုန်အထိ ပေးနားထားတယ်။အဲဒီနားထားတဲ့အတွက် လစာကို အပြည့်ပေးမယ်။ နားတဲ့ရက်တွေကို လာမယ့် High Season မှာ အိုတီ ပြန်ဆင်းပေးဖို့တော့ ပေးပါလို့ပြောထားတယ်၊အခုလိုအချိန်မှာ သူတို့ကို ပိုက်ဆံတွေသွားနှုတ်လိုက်မယ်ဆိုရင်လည်း သူတို့ အတွက်ကုန်ကျစရိတ်တွေ မလုံမလောက်တာဖြစ်မှာစိုးလို့ ပါ။ မဆင်းတဲ့ရက်တွေကို မှတ်ထားပြီး နောင်မှာ အစားထိုးပြန်ဆင်းပေးဖို့ပြောထားပါတယ်။ခရီးသွားတာက နောက်ထက်တစ်လလောက်အထိ အဆင်မပြေသေးရင်တော့ ပေးနားထားမယ့် အခြေအနေရှိတယ်။ ပေးနားမယ်ဆိုရင် ဒီလကုန်မှာ ကြိုပြောပါမယ်လို့ ပြောထားပါတယ်။ လစာလည်းပေးမယ်။ နားထားတဲ့ရက်တွေကိုတော့ ပိတ်ရက်တွေကို နှုတ်ပြီးအစားထိုးဆင်းပေးဖို့ ပြောထားပါတယ်။ လစာတော့အပြည့်ပေးပါမယ်လို့ ကလေးတွေကို ပြောထားတယ်။ ဝန်ထမ်းစရိတ်နဲ့ရုံးခန်းငှားခနဲ့ဆို တစ်လကို သိန်း၂၀၀န်းကျင်ရှိတယ်။တစ်ခြား ဘာအခမှတော့ မပါသေးဘူး။ တစ်ချို့ဝန်ထမ်းများတဲ့ ကုမ္ပဏီတွေဆို တစ်လကို သိန်း ရာချီရှိတယ်။အဲဒီဝန်ထမ်းတွေကိုတော့ တစ်ဝတ်လျှော့လိုက်တာတို့၊ အလှည့်ကျ ရုံးဆင်းခိုင်းတာတု့ိ၊ လစာကို တစ်ဝတ် ပေးတာမျိုးလုပ်နေတာကိုတော့ကြားပါတယ်။ လစာများများပေးထားတဲ့ ဝန်ထမ်းတွေဆို ၃၀ ရာခိုင်နှုန် းနှုတ်ပြီး ပေးတာမျိုးလုပ်တာရှိတယ်။
ဒေါ်ဥမ္မာဦး
Golden Orbit Travelဒါရိုက်တာ
ကိုဗစ်ကြောင့်တော့ အမတို့က ဘာမှတော့ သိပ်မထိခိုက်ပါဘူး၊ဘာလို့လဲဆို ကိုဗစ်ဖြစ်တဲ့အချိန်မှာ အမတို့က တရုတ်နည်းနည်းရှိတယ်။ ဟောင်ကောင်ဧည့်သည်နည်းနည်းရှိတယ်။ တရုတ်နှစ်သစ်ကူးမှာလာတဲ့ အဖွဲ့တွေက လေးဖွဲ့ရှိတယ်။အဲဒီလေးဖွဲ့က Cancelပဲ။ အလာမခံတော့ဘူး။
အဲဒီအချိန်မှာ တရုတ် ဝူဟန်မှာက အကြီးအကျယ်ဖြစ်နေတဲ့ အချိန်ဆိုတော့။ အမတို့ဒီဘက်ကနေ မရောင်းတော့ဘူး။ ပြည်တွင်းကတော့ ဒီအတိုင်းပဲ အမတို့ကရောင်းနေရတာပါပဲ။ အမတို့က အစကတည်းက ပြည်တွင်းခရီးစဉ်ကို သိပ်မရောင်းဘူး။ ဒီအတိုင်းလေယာဉ်လတ်မှတ်တို့ ၊ကားလတ်မှတ်တို့သာပုံမှန်အတိုင်းရောင်းတာ။ အရမ်းမထိခိုက်ဘူးဆိုတာကလည်း ဒီအပိုင်းမှာ မရောင်းတာကလည်း ရခိုင်ကိစ္စနဲ့ ဖြစ်ပြီးကတည်းက UK က ရပ်နေတာ။ အမတို့က အရင်က UKကို ပဲ အဓိက ရောင်းခဲ့တာ။ အဲဒါကလည်းအစကတည်းက ရပ်နေတာဆိုတော့ ထိခိုက်မှုသိပ်မရှိခဲ့ပါဘူး။
ဦးတင်လှိုင်ထွန်း
My Apex Travel (မကွေးအခြေစိုက်ခရီးသွားကုမ္ပဏီ)
အဓိကကတော့ မကွေးရွှေစက်တော်ဘုရားပွဲက တကွင်းလုံးပြည့်အောင်လာကြတာ ဒီရာသီကလေ။ ပိုပြီးထိခိုက်သွားတာက ၁၀ တန်းမပြီးခင်မှာ ပိတ်သွားတဲ့အတွက် ဧည့်သည့်အများကြီးမျှော်လင့်ထားတာက ၁၀တန်းဖြေပြီးရင်ပိုပြီးများတဲ့ အခြေအနေ၊ ၁၀ တန်းမပြီးခင်ပိတ်လိုက်တော့ ခရီးသွားကဏ္ဍကော၊ဈေးသည်နဲ့ စီးပွားရေးဆိုင်ရာအရောင်းအဝယ်ဆိုင်ရာကိစ္စတွေက ပိုပြီးထိခိုက်သွားတဲ့ သူတစ်ချို့ရှိတယ်။ နည်းနည်းမြှုပ်နှံထားရတာလည်းရှိတာပေါ့။လက်ရှိမှာက နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုအားနည်းတယ်။ ပြည်တွင်းခရီးသွားက များတယ်။
အခုချိန်က တောက်လျှောက်သွားနေကြတယ်။တစ်ချို့ကတော့ ၁၀ တန်း ကိုရှောင်ရှဉ်တာလည်းရှိတော့ ခပ်စောစောလာကြတာလည်းရှိတယ်။ ခရီးသွားလုပ်ငန်းကိုတော့တော်တော်ထိခိုက်သွားတာကိုတော့ မြင်ရတယ်။ အခုချိန်မှာက မကွေးကိုလာတာက ရွှေစက်တော်ပြီးရင် ကျောင်းတော်ရာဘက်ကို သွားလည်ကြတာများတယ်။ ကျန်တာက မင်းဘူးနဂါးပွတ်တောင်၊ စက္ကိန်းတဲစေတီ၊မြသလွန်စေတီ သွားကြတာများတယ်။ မကွေးအခြေစိုက်တာက ကုမ္ပဏီ နှစ်ခုပဲရှိပါတယ်။ အကိုတို့ဆီကို ချိတ်ဆက်ပြီးလာနေတာက ခရီးစဉ်က ရွှေစက်တော်၊ ကျောင်းတော်ရာ၊ မင်းဘူးနဂါးပွတ်တော် ဒီခရီးစဉ်ပတ်ကေ့တွေကို လာကြတာပါ။ ပြည်တွင်းပဲများပါတယ်။လောလောဆယ် နှုတ်နဲ့ပြောထားတာပဲရှိတယ်။ ကွန်ထရက်မလုပ်ထားတဲ့ အတွက် သူတို့ဘက်လည်းမနစ်နာသလို ကိုယ်တွေ ဘက်က လည်း မနစ်နာပါဘူး။ မကွေးက ပြီးခဲ့တဲ့ ၂၀၁၉ ထက်ဆိုရင်တော့ ၂၀၂၀ မှာ ခရီးသွားဧည့်သည်ဝင်ရောက်မှုက ထက်ဝတ်နီးပါးကျော် များလာပါတယ်လို့ ပြောရပါမယ်။
ဒေါ်ခင်ခင်ထွေး
Khin Khin Travel and Tour
ညီမတို့ကလက်ရှိမှာ ဝန်ထမ်းလည်းနည်းနေသေးတယ်။အဲ့ဒီအတွက် ခုလိုမျိုး ခရီးသွားရာသီကျနေချိန်မှာရုံးထဲမှာ ပြင်ဆင်စရာတွေလုပ်မယ်။အလုပ်ကို ပိုပြီးတော့ စနစ်ကျအောင်လုပ်ဖို့ပဲရှိတယ်။ အရင်ကဆို Operation ပိုင်းတွေနဲ့ ရှုပ်နေတော့ Work Flow တို့ Training တို့မလုပ်နိုင်သေးဘူး။ခုတော့ ဒီလိုကာလမှာ အင်တိုက်အားတိုက်လုပ်သွားမယ်။ ဂျပန်မှာဆိုရင်တော့ ဝန်ထမ်းတွေ လျှော့တယ်။ ညီမတို့ကတော့ ဝန်ထမ်းရော ဝန်ထမ်းလစာတွေရော လျှော့ဖို့ အစီအစဥ် လုံးဝမရှိပါဘူး။
ဦးဇင်ကိုဝင်း
သရဖြူ မြတ်နိုးသူ ခရီးသွားကုမ္ပဏီ ဒါရိုက်တာ
အစ်ကိုတို့ကုမ္ပဏီကလည်း တခြား သူတွေ လိုပဲ။အစ်ကိုတို့က ခုသြက်န်တွင်းဆိုရင် ပြည်တွင်းကို အားကိုးထားတဲ့အချိန်ဖြစ်တယ်။ အဓိက ရောင်းရတဲ့ အချိန်ကာလဖြစ်တယ်။ ခု ဒီဟာဖြစ်သွားတဲ့အတွက်ညအားလုံး ထိခိုက်သွားတယ်။ ပြည်တွင်းရော ပြည်ပရော အကုန်ထိခိုက်ကြတာ။ ကျွန်တော်တို့ဆိုရင် ခုမဖွင့်ဖြစ်တော့ဘူး။ အစ်တို့ကုမ္ပဏီက သြက်န်ကဆိုရင် အများဆုံးသွားကြတဲ့ ခရီးစဉ်တွေကို စီစဉ်ပေးရတာ။ ပြည်တွင်းဆိုရင် ခရီးစဉ်ဆယ်ခုအထက်ပျက်တယ်။ ပြည့ပကတော့ သုံးလေး ခုလောက်ရှိတယ်။ မဖွင့်ရဲဘူးဖြစ်သွားတာ။ အစ်တို့က ၂၀၀၈ လောက်ကတည်းက အမာခံပရိသတ်ရှိတယ်။ ခုတော့ အများဆုံးပို့ပေးတဲ့ခရီးစဉ်အကုန်ပျက်သွားတာပေါ့။