ဟိုက်ခိုမြို့၏ ခရီးသွားနှင့် ယဉ်ကျေးမှုရေဒီယိုအားကစားဌာန၊ စျေးကွက်မြင့်တင်ရေးဌာနတို့မှ ဌာနမှူး Mr.Peng Li Jun နှင့်တွေ့ဆုံခြင်း

ပြည်နယ်ခရီးသွားဖွံ့ဖြိုးတိုးတက်စေဖို့နှစ်စဉ်ယွမ် (၁၅) သန်း သုံးစွဲဆောင်ရွက်နေပါတယ် ယဉ်ယဉ်လှ တွေ့ဆုံမေးမြန်းသည်

ဟိုင်နန်ပြည်နယ်သည် တရုတ်ပြည်နယ် တောင်ဘက်စွန်းတွင်တည်ရှိပြီး ကျွန်းစုပြည်နယ်တစ်ခုဖြစ်သလို တရုတ်ပြည်နယ်၏ အကြီးဆုံးစီးပွားရေးမြို့တော်လည်းဖြစ်ပါသည်။ လက်ရှိတွင် တရုတ်ပြည်၏ လွတ်လပ်သည့် ကုန်သွယ်ရေးဇုန်အဖြစ် ဖော်ဆောင်နေသလို ဟိုင်နန်ပြည်နယ်သို့ ခရီးသွားဧည့်သည်များလာရောက်စေရန် အတွက် ခရီးသွားမြှင့်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိနေပါသည်။

ထို့ကြောင့် ဟိုင်နန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်ပြီး ဟိုင်နန်ပြည်နယ်၊ ဟိုက်ခိုမြို့၏ ခရီးသွားနှင့် ယဉ်ကျေးမှုရေဒီယိုအားကစားဌာန စျေးကွက်မြင့်တင်ရေးဌာနဌာနမှူး ဖြစ်သူ Mr.Peng Li Jun နှင့် Travelling ဂျာနယ် မှ မေးမြန်းထားမှုများကိုကောက်နှုတ်ဖော်ပြလိုက်ပါသည်။

လက်ရှိမှာ ဟိုက်ခိုမြို့ကို ပြည်ပခရီးသွား ဧည့်သည်တွေပိုမိုလာရောက်ဖို့ ဘယ်လိုမျိုး ဆွဲဆောင် ထားပါသလဲ။

ဟိုက်ခိုမြို့ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်နေပြီး ခရီးသည်တွေ ၀င်ရောက်လာရင် နေထိုင်စားသောက်မှု၊ တည်းခိုမှုအစရှိတဲ့ ၀န်ဆောင်မှု လုပ်ငန်းများကို ပိုမိုကောင်းမွန် အောင် ဆောင်ရွက်လျက်ရှိနေပါတယ်။


ဟိုင်နန်ကျွန်းမှာ ခရီးသွားတွေအတွက် အဓိကလည်ပတ်စရာဘယ်နှစ်ခုရှိပါသလဲ။

#ခရီးသွားတွေအတွက် ဆွဲဆောင်စရာ နေရာတွေကတော့ အမျိုးပေါင်း ၅၀ ကျော်ရှိပါတယ်။ အဲဒီထဲက ဟိုင်နန်းပြည် နယ်ရဲ့ အထင်ကရလည်ပတ်စရာနေရာ များကတော့ Baishamen Park, Dadondhaibay,Taqistpark (Celestial Drottoes) , Monkey Island, Phoenix Island , Park Edge of the world, Nan Shan Buddhish Centre, Ethnic Village Li and Miao, Hot Springs Nartyan,Yalong Bay Love Cupe Coastal, BoAo Station တို့ ဖြစ်ပါတယ်။


ဟိုင်နန်ကိုလက်ရှိမှာတစ်နှစ်ကို ဧည့်သည် ဘယ်လောက်၀င်ရောက်နေပါသလဲ။

၂၀၁၈ နှစ်မှစပြီး လက်ရှိအချိန်ထိ ဟိုင်နန်ပြည်နယ် မိန်းလန့်လေဆိပ်ကနေ ၀င်ရောက်လည်ပတ်သူ ပြည်တွင်းပြည်ပ ခရီးသည်၀င်ရောက်မှုကတော့ ၃၆ သန်း ခန့်ရှိပါတယ်။


လက်ရှိဟိုင်နန်ကနေပြေးဆွဲနေတဲ့ လေ ကြောင်းလိုင်းဘယ်နှစ်လိုင်းပျံသန်းပြေး ဆွဲနေပါသလဲ။

လက်ရှိအချိန်ထိ မန်္တလေး – ဟိုင်ခို အပါအ၀င် လေကြောင်းလိုင်းကို အောင် မြင်စွာပြေးဆွဲနိုင်ခဲ့ပါတယ်။
နိုင်ငံတကာလေကြောင်းအနေနဲ့က တော့ ဒီနှစ်အတွင်းမှာ (၇)လိုင်းပြေးဆွဲဖို့့ စီမံကိန်းရှိပါတယ်။ ၂၀၂၀ ခုနှစ် စီမံကိန်း အရဟိုင်နန်ကနေ နိုင်ငံတကာကို တိုက် ရိုက်လေကြောင်းလိုင်းပေါင်း ၁၀၀ တိတိ ပြေးဆွဲပေးဖို့ရှိပါတယ်။ အခုဆိုရင် ဟိုင်နန် ကနေတိုက်ရိုက်ပျံသန်းနေတဲ့လေကြောင်း လိုင်း ၂၆ လိုင်းရှိနေပါတယ်။


မြန်မာအပါအ၀င်တခြားနိုင်ငံတွေကို ဆိုက်ရောက်ဗီဇာပေးထားတယ်လို့ကြားသိရပါတယ်။ ဒီလိုပေးရတဲ့ရည်ရွယ်ချက်က ဘယ်လိုပါလဲ။

၂၀၀၆ ခုနှစ်ကနေစတင်ပြီး ၂၆ နိုင်ငံ ကို Visa ကင်းလွှတ်ခွင့်ပေးခဲ့ပါတယ်။ပြီး ခဲ့တဲ့ ၂၀၁၈ အထိ နိုင်ငံပေါင်း ၅၉ နိုင်ငံကို Visa ကင်းလွှတ်ခွင့်ပေးခဲ့ပါတယ် ။ ဒါ့အပြင် တိုက်ရိုက်လေကြောင်းလိုင်းတွေ ပြေးဆွဲနေပြီးတော့ တချို့နိုင်ငံများကို VOA ပးနေပါတယ်။
Group Visa နဲ့ လာရောက်လည် ပတ်မယ်ဆိုရင် ရက်ပေါင်း ၃၀ နေထိုင် ခွင့်ရမှာဖြစ်ပြီးတော့ ယွမ် ၁၃၀ ပေး ဆောင်ရပါမယ်။ ဒါပေမဲ့ အခြားပြည်နယ် တွေကိုတော့ သွားရောက်လည်ပတ်ခွင့် တော့မရပါဘူး။
တစ်ယောက်ချင်း VOA ကိုတော့ ယွမ် ၁၆၈ သတ်မှတ်ထားပြီးတော့ ရက် ပေါင်း ၃၀ အထိနေထိုင်နိုင် နိုင်မှာဖြစ်ပါ တယ်။ နောက်ပြီး အခြားပြည်နယ်တွေကို ပါ သွားရောက်လည်ပတ်နိုင်ပါတယ်။


ဟိုင်နန်ပြည်နယ်ကို ခရီးသွားဧည့်သည် တွေလာရောက်ဖို့ဘတ်ဂျက်ဘယ်လောက် သုံးစွဲပါသလဲ။

ပြည်နယ်ခရီးသွားဖွံ့ဖြိုးတိုးတက်စေဖို့ နှစ်စဉ် ပြည်တွင်းပြည်ပခရီးသွား Promotion ပွဲတွေ ပြုလုပ် နေသလို ခရီးသွား အတွက် ယွမ် ၁၅ သန်းသုံးစွဲဆောင်ရွက် နေပါတယ်။

#Travelling_Journal/Vol_1_Issue_14