မြန်မာပြည်၏ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးဖြစ်သည့် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အဝတ်အထည် နှင့် စားသောက်ကုန် ပစ္စည်းများသွားရောက်လှူဒါန်းခဲ့သည့် ဦးအောင်ကျော် စန်းနှင့်အဖွဲ့(၈၈ မျိုးဆက်(ငြိမ်း/ပွင့်)သွားရောက်ခဲ့ သည့် အတွေ့အကြုံများအား ဆက်သွယ်မေးမြန်း ထားမှုကို ဖော်ပြလိုက်ပါသည်။
ဘယ်လိုသွားရောက်ခဲ့ပုံနဲ့ ဘာအတွက်ရောက်ဖြစ်ခဲ့တာပါလဲ။
ကျွန်တော်တို့ ခေါင်လန်ဖူးကိုသွားရတဲ့ ခရီး စဉ်ကတော့ အသွားအပြန်နဲ့ဆိုရင် (၁၀)ရက်လောက် ကြာတယ်။ ဇန်နဝါရီ(၂၆)ရက်မှာ မြစ်ကြီးနားကနေ ကျွန်တော်တို့ စထွက်တယ်။ (၂၇)ရက်မှာ ပူတာအိုုကိုု ရောက်တယ်။ ကျွန်တော်တိုု့ လှူဒါန်းမဲ့ကုန်ပစ္စည်းကို စောင့်ပြီးတော့ ဖေဖော်ဝါရီလ(၁)ရက်မှာ စထွက်ခဲ့ တယ်။ (၂)ရက်မှာ ကားလမ်းဆုံးတဲ့ ရဝမ်အခေါ် ဆန် လွှတ်ချက်တောင်ခြေကိုရောက်ခဲ့တယ်။ အဲဒီကနေ ကျွန်တော်တို့ သုံးနာရီလောက် ခြေလျင်လျှောက်ပြီး တော့ လှူဒါန်းမဲ့ ရီဒမ်းရွာကို ရောက်ခဲ့တယ်။ ရီဒမ်း ရွာရဲ့ ကျောင်းတစ်ကျောင်းမှာပဲ ပါလာတဲ့ အဝတ် အစားတွေ လှူဒါန်းမဲ့ပစ္စည်းကိုု လှူခဲ့တယ်။ ပြီးတော့ ခေါင်လန်ဖူး အထကကျောင်းအတွက် ကျောင်းသူ ကျောင်းသား ၂၁၃ ယောက်အတွက် အဝတ်အထည် တွေ၊ ဆန်တွေကို လှူဒါန်းပေးခဲ့ပါတယ်။ ပညာရေး ဝန်ထမ်းတွေအတွက်လည်းတစ်ယောက်ကို ဆန်သုံး ပြည်နဲ့ ဆီ၊ လက်ဖက်အကြော်စုံတွေလည်း ပေးနိုင်ခဲ့ ပါတယ်။
အစ်ကိုတို့ လှူဒါန်းခဲ့တဲ့ ရီဒမ်းရွာမှာ အများဆုံး ဘယ်တိုင်းရင်းသားတွေ နေထိုင်ကြတာလဲ။
ဒီရွာမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ က ရဝမ်နဲ့ လီဆူးတိုင်းရင်းသားတွေနေထိုင်ကြတယ်။ နောက်ပြီးတော့ ရွာရဲ့ပတ်ချာလည်မှာ ကျေးရွာအုပ်စု (၂)ခုမှာနေထိုင်ကြတဲ့ ဒေသခံတွေကို လှူဒါန်းခဲ့တယ်။ ကျေးရွာအုပ်စု(၂)စုရှိပြီးတော့ ရွာပေါင်း (၁၄)ရွာ လောက်ရှိတယ်။
အစ်ကိုတို့သွားရောက်ခဲ့တဲ့လမ်းခရီးတစ်လျှောက် အတွေ့အကြုံလေးတွေကိုု ပြောပြပေးပါအုံး။
ကျွန်တော်တို့သွားရတဲ့နေရာက လမ်းပန်း ဆက်သွယ်ရေးကလည်းခက်တယ်။ ပြီးတော့ ပြောရ မယ်ဆိုရင် ဒီဒေသက အရမ်းခက်ခဲတဲ့ ဒေသတစ်ခု လည်းဖြစ်တယ်။ တောင်ပေါ်ခရီးတွေ ဖြစ်တာမို့ ကျွန်တော်တို့ ရွာတွေအကုန်လုံးထိ သွားလှူလို့အဆင် မပြေပါဘူး။ ဒါကြောင့်မို့ ခေါင်လန်ဖူးနဲ့ မိုင်(၂၀) အကွာက ရီဒမ်းရွာမှာပဲ စုရပ်လုပ်ပြီး ကျေးရွာတွေရဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားပြီးတော့ လာပြီး ယူခိုင်းရပါတယ်။ လူကြီးရော၊ ကလေးရောအတွက် အဝတ်အစားတစ်စုံစီကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
အစ်ကိုတို့ ခုလိုလှူဒါန်းတာကပထမဆုံးအကြိမ်လား။
ဟုတ်ပါတယ်။ ကျွန်တော်တို့လှူဒါန်းတာ က ပထမဆုံးပါ။ ခုလိုသွားပြီးလှူရတဲ့ ရည်ရွယ်ချက် ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာတစ်နိုင်ငံ လုံးနဲ့ချီပြီးတော့ ပြောရမှာပေါ့။ ဒီဒေသက အရမ်း ခက်ခဲတဲ့ ဒေသ၊ အခုမှသာကားလေးနဲ့သွားနိုင်တာ။ အရင်တုန်းက အဲဒီမှာတာဝန်ကျတဲ့ ကျန်းမာရေး ဆရာမတို့၊ ပညာရေးဆရာမတို့က (၁၀)ညအိပ် လောက် ခြေလျင်လျှောက်ပြီးမှရောက်ရတဲ့ ဒေသ ဖြစ်တယ်။ အဲဒါက ပြီးခဲ့တဲ့နှစ်အထိ အဲဒီလိုပဲ သွား ရောက်ရတုန်းပဲ။ တချို့ဆိုရင် အဝတ်တစ်ထည်ကိုယ် တစ်ခုနဲ့ပဲ တာဝန်သွားထမ်းရတယ်။ လမ်းခရီးမှာ မသယ်နိုင်လို့ ပစ်ထားခဲ့ရတယ်။ သွားရတာလည်း တောင်တန်းတွေက မက်စောက်တယ်။ ပင်လယ်ရေ မျက်နှာပြင် ခုနစ်ထောင်လောက်ကိုကျော်ပြီးတော့မှာ သွားရတယ်။ မြန်မာပြည်ရဲ့ အခက်ခဲဆုံးမြို့နယ်လို့ ပြောရမှာပေါ့။
ကျွန်တော်တို့လှူဒါန်းတဲ့ တန်ဖိုးကတော့ ပြောမပြတတ်ပါဘူး။ ရန်ကုန်ရုံးချုပ်ကနေ ပို့ပေးတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့က သွားလှူပေးရတာဖြစ် တယ်။ အလှူရှင်တွေအနေနဲ့ထပ်ပြီးတော့ လှူဒါန်း မယ်ဆိုရင်လည်း ကျွန်တော်တို့ ထပ်ပြီးတော့ သွား လှူပေးမှာပါ။ ခေါင်လန်ဖူးမြို့နယ်မှာဆိုရင် ရွာပေါင်း (၇၀)ရှိတယ်။ ရီဒမ်းရွာကနေ ခေါင်လန်ဖူးကို လမ်း လျှောက်သွားမယ်ဆိုရင် နှစ်ရက်လျှောက်ရတယ်။ အရင်တုန်းကလုပ်ထားတဲ့ ဗိုလ်တဲလေးတွေရှိတယ်။ အဲဒီမှာ အိပ်ပြီးတော့ သွားလို့ရတယ်။ ကျွန်တော်တို့ လှူတဲ့ ပစ္စည်းတွေကို ရေခဲတောင်ခြေမှာရှိတဲ့ မရန်ဒုံ ရွာကနေ လာယူတဲ့သူတွေရှိတယ်။ အဲဒီရွာက ရေခဲတဲ့ ရွာပေါ့။ ရေခဲတောင်ဘက်က ရွာတွေကို ကျွန်တော်တို့ စောင်ပေးလိုက်နိုင်တယ်။
အဲဒီမှာ အဓိက ဘာတွေလိုအပ်ပါသလဲ။
လိုအပ်တာကတော့ အကုန်လုံးပါပဲ။ လှူ တဲ့အလှူရှင်ပေါ်မှာပဲ မူတည်ပါတယ်။ ကလေးတွေ ပညာရေးအတွက် အထောက်အကူဖြစ်စေမဲ့ သင် ထောက်ကူပစ္စည်းတွေကိုလည်း လှူဒါန်းလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကယ်တွေ၊ ကားတွေကိုမသိဘူး၊ သူတို့ဆီမှာရှိလည်းမရှိဘူး။ မြေပြန့်မှာပြော နေတဲ့ ဇီးသီး၊ အုန်းသီးလိုမျိုးဟာတွေ သူတို့မသိဘူး။သူတို့သိတာ တရုတ်ပြည်ကသွင်းတဲ့ ပန်းသီး၊ လိမ္မော် သီးတွေလောက်ပဲ သူတို့သိတာ။ ကျန်တဲ့ အသီးမျိုး တွေ သူတို့ဆီမှာရှိလည်းမရှိဘူး။ သိလည်းမသိဘူး။ စားစရာဆိုလို့ ဂေါ်ရခါးသီးနည်းနည်းရှိတယ်။ အဲဒါ ကတော့ အစားအသောက်နဲ့ပတ်သက်တာပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင် သင်ထောက်ကူ ပစ္စည်းပဲလှူလှူ၊ ဘာပဲလှူလှူ အဆင်ပြေတယ်။ ကျောင်းသူကျောင်းသားတွေအတွက် ခန္ဓာကိုယ်မှာ ကပ်တဲ့ ရေနွေးအိတ်၊ ဂွမ်းနဲ့ မိုးကာသားထည့်ချုပ် ထားတဲ့ လေဖောင်းအကျႌ၊ နောက်ပြီး စောင်ပေါ့။ အဲဒါတွေကိုတော့ သူတို့ နှစ်သက်မက်မောကြတယ်။ကလေးတော်တော်များက အဲဒီလိုအနွေးထည်ကို လို ချင်ကြတယ်။ ကျွန်တော်တို့ကလည်း ပါသွားတဲ့ပစ္စည်း လောက်လေးပဲ ဝေငှပေးနိုင်ခဲ့တာ။ နှစ်ညအိပ်လောက် သွားတယ်ဆိုရင် ခေါင်လန်ဖူးကိုရောက်မယ်။ အဲဒီ ဘက်က ရွာတွေက ပိုပြီးတော့ခက်ခဲတယ်။ တရုတ် ပြည်က အစားအသောက်မသွင်းဘူးဆိုရင် ပြတ်လပ် တော့တာပဲ။ ခေါင်လန်ဖူးနဲ့ အနီးစပ်ဆုံးက ရှိန်းခေါင် ရွာရှိတယ်။ ဇီဒမ်းရွာနဲ့နီးတယ်၊ အဲဒီဘက်ကရွာတွေ က တရုတ်အစားအသောက်နဲ့ပဲ ရပ်တည်နေရတာဖြစ်တယ်။
ခေါင်လန်ဖူးမြို့နယ်ထဲမှာဆိုရင်လူဦးရေဘယ်လောက်လောက်ရှိသလဲရှင့်။
လူဦးရေနဲ့ပတ်သက်ပြီးတော့ သေသေ ချာချာလေ့လာထားတာတော့မရှိပါဘူး၊ ကျောင်းသူ ကျောင်းသားစာရင်းနဲ့ပတ်သက်ပြီးလေ့လာထားတာ ပဲရှိတယ်။ တရားဝင်မေးခဲ့တာက ုွ ကနေ အထက် တန်းအထိကို ၃၆၂၅ ဦး ရှိတယ်။ အရမ်းကိုလိုအပ် ပါတယ်။ လမ်းမပေါက်တော့ အဲဒီမှာ ကုန်တင်တဲ့ လားဆိုတာရှိတယ်။ တောင်ပေါ်မှာသွားတဲ့ လားဆို တာရှိတယ်။ လူနဲ့မပို့ရင် အဲဒါနဲ့ ပို့ရတာဖြစ်တယ်။ ကုန်ဈေးနှုန်းကလည်း တော်တော်မြင့်မားတယ်။ ကား လမ်းဆုံးတဲ့ နေရာအထိ နတလ ကနေ လမ်းဖောက် နေတာရှိတယ်။ အဲဒါက နုဝမ်ခေါင်ဆိုတဲ့ နေရာအထိတော့ ရောက်ပြီ။ အိမ်လေးသုံးလေးလုံးရှိတဲ့နေရာအထိ တော့ရောက်ခဲ့ပြီ။ လမ်းဖောက်နေချိန်ဆိုတော့ ခရီး သွားလာခွင့်ကို ပိတ်ပင်ကောင်းပိတ်ပင်လိမ့်မယ်။ ကျွန်တော်တို့ပြန်တဲ့အချိန်တုန်းက ကြော်ငြာထားတာ ရှိတယ်။ ပူတာအိုကနေ သွားမယ်ဆိုရင် ဆန်းလွတ် ရစ်ချက်တောင်အထိ အဲဒီမှာ လားတဲလေးတွေရှိ တယ်။ အဲဒီမှာ လမ်းဆံုံးပေးတယ်။ အဲဒီကနေ လားနဲ့ ကဲ့ရင်ကဲ့။ မကဲ့ရင် လူနဲ့ထမ်းပြီး သွားရတယ်။ လား တစ်ကောင်ကို အချိန် ၃၀ ပဲ တင်ခွင့်ရတယ်။ ခေါင် လန်ဖူးထိသွားမယ်ဆိုရင် ငှားခက လားတစ်ကောင် ကို ၄၅၀၀၀ နဲ့ သတ်မှတ်ထားတယ်။ အရမ်းခက်ခက် ခဲခဲနဲ့သွားလာရတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီဒေသ အတွက် ဒီလိုမျိုးလှူဒါန်းမှုတွေကို ထပ်ပြီးလိုအပ်နေ ပါတယ်။ ကျွန်တော်တို့လည်း ထပ်ပြီးသွားရောက်လှူ ဒါန်းချင်ပါသေးတယ်။