လွယ်ပီကော်လာတောင် ပတ်ဝန်း ကျင်တွင် ဒုတိယကမ္ဘာစစ် ကာလအတွင်းက ကျန်ရှိနေခဲ့သည့် မျိူးနွယ်စုအဖြစ် ယူဆထားခြင်း ခံရသည့် လူပုမျိုးနွယ် မိသားစု တစ်စုအကြောင်းကို Travelling journal မှ ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ သတင်း၏နောက်ဆက်တွဲအဖြစ် ယင်းလူပုမျိုးနွယ်စုထဲမှ လူပုလေးနှင့် တွေ့ဆုံခဲ့ရသည့် ကျိုင်းတုံ မြို့ နမ်လင်းတောင်းရွာ မှ ဒေသခံ ဦးကျော်တိုးနှင့် Travelling journal မှ ဆက်သွယ်ရရှိပြီး ဗဟုသုတ ရရှိ စေရန် အလို့ဌာ မေးမြန်းထားမှု များကို ဖော်ပြလိုက်ပါသည်။
#အကိုနာမည်လေး အရင် ပြောပြပါအုံး။
ကျွန်တော်နာမည်က ဦးကျော်တိုးဖြစ်ပါတယ်။
#ဘယ်ရွာမှာနေတာလဲရှင့်။
ကျွန်တော်က ကျိုင်းတုံမြို့နယ်
နမ်လင်းတောင်းရွာမှာနေထိုင်တာဖြစ်ပါတယ်။
#ဒီလူပုလေးနဲ့ ဘယ်တုန်းက စပြီး အကိုတို့သိခဲ့ရတာပါလဲ။
ကျွန်တော်အဲဒီမရောက်ခင်ကတည်းက ဒီဘက်ဒေသတွေမှာရှိတယ်လို့ ပြောကြတယ်။ကျွန်တော် ဒီမှာနေတာ နှစ်၄၀ရှိပါပြီ။ ကျွန်တော်တွေ့ဖူးတာက တစ်နှစ် နှစ်နှစ်ပဲရှိပါသေးတယ်။ နှစ်သစ်ကူးပွဲတော်မှာ သွားတွေ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ကျော်ကတည်းက အဘိုးကြီး အဘွားကြီးတွေရှိတယ်တဲ့။ အဘိုးကြီး အဘွားကြီးတွေက နောက်ဆုံးကောင်လေးတစ်ယောက်ကိုခေါ်လာခဲ့ပြီးကတည်းက ထွက်မလာတော့ဘူး။ အခု ဒီကောင်လေးတစ်ယောက်ပဲ ထွက်လာတော့တယ်။ သူပြောတာက
သူ့မှာ အမေရယ် သူ့ညီမတွေကော ရှိတယ်လို့ပြောပါတယ်။
#ဘယ်လိုအချိန်မျိုးမှာဆို ရွာ ကို လူပုလေး လာတကျပါလဲ။
နှစ်ရက် သုံးရက်ဆို တစ်ခေါက်လာတယ်လို့ပြောတယ် ။ကျွန်တော်တို့ ရွာ ရဲ့ ဟိုဘက် နမ့်ဟယ်လုံရွာ ဘက်ကိုလာတယ်။ကျွန်တော်တို့ရွာနဲ့ဆို ဆိုင်ကယ်နဲ့သွားရင် နာရီဝတ်လောက် မောင်းရသေးတယ်။ ရွာ ကိုလာပြီး စားစရာ
လာတောင်းလေ့ရှိတယ်။ သူတို့အများဆုံးလာတောင်းတာက စားစရာသောက်စရာအသီးအနှံ ၊ထမင်းလည်းလာတောင်း လေ့ရှိတယ်။
#အကို့ဆီမှာကော လာတောင်းတာမျိုးကြုံဖူးလား
ရှိတာပေါ့။ ဟိုတစ်ခေါက်ကတောင်ပေးလိုက်သေးတယ်။ မုန့်တွေတောင်ပေးလိုက်သေးတယ်။ အရက်တိုက်ရင်လည်းသောက်တယ်။
#သူ့တို့အသက်ကဘယ်လောက်လောက်ရှိမယ်ထင်လဲ။
အဲဒီကောင်လေးကိုကြည့်ရတာ အသက်၂၀လောက်တော့ရှိမယ်ထင်ရတာပဲ။
#သူ့ကိုမေးရင်နာမည်တွေပြောပြလား။
နာမည်ကတော့ မသိဘူးပြောတယ်။
သူတို့ကို လက်ယပ်ပြီးခေါ်ရတာပဲ။
#သူ့အရပ်က ဘယ်လောက်လောက်ရှိသလဲ။
အရပ်ကတော့ သုံးပေခွဲ ၄ပေလောက်တော့ရှိတယ်။
#သူတို့နေထိုင်တဲ့နေရာကိုရောက်ဖူးလား။
သူတို့နေရာဆီကိုပေးမသွားဘူး ပြောတယ်။သူတို့နေရာဘက်ကို ရောက်ပြီဆိုတာနဲ့ ပေးမသွားတော့တာ။ သူတို့ရှိလောက်တဲ့နေရာကို မှန်းပြီး ရွာသူကြီးက လှမ်းအော်လိုက်ရင် ထွက်လာတယ်ပြောတယ်။ သူကြီးမခေါ်ရင်
မလာဘူးလို့ပြောတယ်။
#သူတို့ စကားပြောလား။
ကျွန်တော်တို့ပြောတဲ့ စကားကိုပဲ သူလိုက် ပြန်ပြောတယ်။ ကျွန်တော်တို့က ထမင်းစားပြီးပြီလား မေးရင် ထမင်းစားပြီးပြီလား ပြန်မေးတယ်။ သံယောင်လိုက်ပြောတာ။ ရှမ်းလိုမေးရင် ရှမ်းလိုပြောတယ်။ လားဟူလိုမေးရင်လားဟူလို ထွက်လာတာပဲ။ကျွန်တော်တို့မေးတဲ့စကားကိုပဲ ပြန်ထွက်ပြောလာတာ။ သူကြားလိုက်တဲ့ အသံပေါ်ကို လိုက်ပြောတာ။
#အကိုတွေ့မြင်ရတဲ့သူတို့ ထူးခြားချက်လေးတွေ ပြောပေးပါလား ။
ကျွန်တော်တို့နဲ့တော့ မတူဘူး။ သေးသေးလေးပဲ။
လက်တွေ ခြေထောက်တွေမှာ ကြွက်သားမပါဘူး။ ခြေသလုံးကြွက်သားလည်းမရှိဘူး။အရမ်းမြန်တယ်။ နောက်ပြီးတော့ သွားလိုက်ရင် မြောက်ကြွမြောက်ကြွ
ပုံစံမျိုးသွားလာတာ။ ခန္တာကိုယ်ပေါ့ပါးနေသလိုမျိုး။လမ်းလျှောက်တဲ့အခါ အဲဒီလိုမြင်ရတယ်။
#နှစ်သစ်ကူးကာလက ဘယ်အချိန်လဲ။
နှစ်သစ်ကူးဆိုရင် နမ်လင်းတောင်းရွာကို လူပုလေးက လာတယ်။ ပွဲတော်မှာ ကျွန်တော်တို့ က ရင် လိုက်က
တာပဲ။ ကခိုင်းရင် ကတယ်။ ပွဲတော်ရှိတာကို ကြိုပြောထားရတယ်။ အင်္ဂလိပ်လို ၁ လပိုင်းဆို နမ်လင်းတောင်းရွာရဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပပါတယ်။