ကလောမြို့၏ အထင်ကရ ဟိုတယ်တစ်ခု တောင်ပေါ်ရှုခင်းသာဟိုတယ်ကို ရောင်းချ

Travelling Journal ထင်းရှုးမြို့တော်ဟု တင်စားခံထားရသည့် ကလောမြို့၏ အထင်ကရ ဟိုတယ် တစ်ခုဖြစ်ပြီး ရှုခင်းအလှဆုံး View Point တစ်ခု ဖြစ်သည့် Hill Top Villa Hotel (တောင်ပေါ်ရှုခင်းသာဟိုတယ်) ကို ပြန် ...

Travelling Journal

ထင်းရှုးမြို့တော်ဟု တင်စားခံထားရသည့် ကလောမြို့၏ အထင်ကရ ဟိုတယ် တစ်ခုဖြစ်ပြီး ရှုခင်းအလှဆုံး View Point တစ်ခု ဖြစ်သည့် Hill Top Villa Hotel (တောင်ပေါ်ရှုခင်းသာဟိုတယ်) ကို ပြန်လည် ရောင်းချ​တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ခရီးသွား လုပ်ငန်း ကောင်း မွန်နေသည်ဟု မဆိုနိုင်သော်လည်း ပြီးခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ၌ ခရီးသွား လုပ်ငန်းကြောင့် Tourism Industry တစ်ခုလုံး ယိုင်နဲ့ခဲ့ရပြီး ဟိုတယ်အများစုမှာ ဘဏ်တိုးများကြောင့် ဟိုတယ်တစ်ချို့ ဘဏ်များကို ရောင်း ချခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကတော့ အဲလိုမဟုတ်ပါဘူး။ ပိုင်ရှင်သဘောအရ ပြန်ရောင်းချတာပါ။ အခုတော့ နီးနီးစပ်စပ် Offer ထွက်ထားတာလည်း ရှိပါတယ်။ နိုင်ငံခြားသားလည်း ဝယ်လို့ရပါတယ်။ သိန်းကြီး ၂ သိန်း နဲ့ ရောင်းချမှာ ဖြစ်ပါတယ် “ဟု ယင်းဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

ယင်းဟိုတယ်သည် ဓာတ်ပုံ ရိုက်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ကာ ခရီးသွား အများစု မှာ ယင်းနေရာသို့ မဖြစ်မနေ သွားရောက်လည်ပတ်ကြလေ့ရှိကြောင်းသိရသည်။

“အခု ပြန်ရောင်းချမယ်လို့တော့ကြားတယ်။ လက်ရှိ က ဝင်​ကြေး ဘာညာတော့မပေးရပါဘူး။ နောက် ပိုင်ရှင် အသစ် ဖြစ်ရင်တော့ ဝင်ကြေး ကောက်မလား တော့ မသိဘူး။ အဲလိုကောက်မယ်ဆိုရင်တော့လည်း တနည်းတဖုံ စဥ်းစားရမယ် “ဟု ကလောအခြေစိုက် ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက Travelling သို့ ပြောသည်။

ကိုဗစ် ကာလအတောအတွင်းနှင့် နိုင်ငံရေးအခြေအနေ များကြားကာလတွင် နေပြည်တော် ၊ ပုဂံ၊ အင်းလေး၊ ကလော ၊ ချောင်းသာ ၊ ငွေဆောင် ၊ ငပလီ နှင့် ရန်ကုန် မြို့ရှိ ဟိုတယ် အလုံးရေ( ၁၀၀) ဝန်းကျင်ခန့်ကို ပိုင်ရှင်များက ပြန်ရောင်းချနေကြောင်း ဟိုတယ်လုပ်ငန်းအသိုင်းအဝန်းမှ သိရသည်။

Photo Hillto