ကွန်တိန်နာ အလုံး (၆၀) ပေါ်တွင် စက်ပစ္စည်းများကို တင်ဆောင်လာသည့် နိုင်ငံတကာ ရထားတွဲ မန္တလေး မြို့သို့ ရောက် ရှိမည်

#Travelling Journal တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်- လင်ချန်း-မြန်မာ) နိုင်ငံတကာ ရထားတွဲ မှာ ၁၅ ရက် အကြာတွင် မန္တလေးမြို့သို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ...

#Travelling Journal

တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-

လင်ချန်း-မြန်မာ) နိုင်ငံတကာ ရထားတွဲ မှာ ၁၅ ရက်

အကြာတွင် မန္တလေးမြို့သို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာခဲ့ပြီး တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်ခြင်းအတွက် ရည်ရွယ်ပြီး အဆိုပါ ရထားပေါ်တွင် စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ နှင့်အတူ စက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ ကားနှင့်ဆိုင်ကယ် အပိုပစ္စည်းများကို သယ်ဆောင်လာသည်။

စတင်ထွက်ခွာလာသည့် ရက်မှ စပြီး ၁၅ရက်အတွင်း မန္တလေးမြို့ကို ဆိုက်ရောက်လာမည့် အဆိုပါ ရထားသည် တရုတ်နိုင််ငံ ချုံချင့် နှင့် မြန်မာ နိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာမြင့်ချိန်ကို ယခင်ထက် ရက်ပေါင်း (၂၀ )မြန်ဆန်စေမည်ဟု တရုတ်သံရုံး၏

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#News Brief

#Travelling journal

#PhotoChineseEmbassyInMyanmar