ပူတာအိုတွင် CB ဘဏ်အုပ်စုကအဆင့်မြင့် အပန်းဖြေစခန်း ပါဝင်မည့် ဟိုတယ်စီမံကိန်း ဆောင်ရွက်နေ

Travelling Journal ခရီးသွားမြို့တော်အဖြစ်ကြိုးစားဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင်ဒေသတည်ရှိရာ ပူတာအို မြို့တွင် CB ဘဏ်အုပ်စုမှ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြင့် အပန်းဖ ...

Travelling Journal

ခရီးသွားမြို့တော်အဖြစ်ကြိုးစားဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင်ဒေသတည်ရှိရာ ပူတာအို မြို့တွင် CB ဘဏ်အုပ်စုမှ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြင့် အပန်းဖြေစခန်းများပါ ပါဝင်သည့် ဟိုတယ်စီမံကိန်းကို ဆောင် ရွက်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ပူတာအိုမြို့၏ အထင်ကရ ကောင်းမှုလုံစေတီ နှင့် ၁၄ ကီလိုမီတာ ကွာဝေးသည့် မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းတွင် ဆောင်ရွက်နေကြောင်း သိရသည်။

မြေလွတ်မြေရိုင်းဧက (၁၇) ဧကကျော်ကို အခြားနည်းသုံးစွဲခွင့်ဖြင့် ရရှိထားပြီး ယင်းမြေပေါ်တွင် နှစ်ယောက်အိပ်ခန်း ပါဝင် သည့် ဘန်ဂလို (၁၁ ) လုံးလောက်ကို ဆောက်လုပ်သွားမည်ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပူတာအို) သို့
အစောပိုင်းကာလက တင်ပြသည့် စာရင်းတွင်ဖော်ပြထားကြောင်းသိရသည်။

“ကျွန်တော်တို့ ဆီ ၂၀၂၀ ဇန်နဝါရီ လောက်က စာတင်ပြထားတာကတော့ ဘန်ဂလို Type အမျိုးအစားလို့ပဲ ဖော်ပြထားပါတယ်။ ကြားရတဲ့ လေးထပ်အဆောက်အအုံဆောက်လုပ်တာကတော့ မကြားမိပါဘူး။ ဟိုရက်ပိုင်းက အဲဒီဘက်ရောက်တော့ လုပ်ငန်းခွင်လုပ်နေတာတော့ တွေ့ရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းကို ကာရံထားတော့ အပြင်ကနေ ကြည့်ရတာက မမြင်ရပါဘူး “ဟု ပူတာအို ဟိုတယ်ခရီးတာဝန်ခံ က Travelling သို့ ပြောသည် ။

အဆိုပါစီမံကိန်းတွင် စားသောက်ဆိုင်များ၊ စက်လှေဂိတ်များ အပါအဝင် မြေယာရှုခင်းအလှဆင်လုပ်ငန်းများကို အဓိကလုပ် ကိုင်သွားမည်ဖြစ်ကာ လျှောက်လမ်းများတွင် ဒေသထွက်အသီးများ​ဖြစ်သည့် ဂရိတ်ဖုသီးအပင်များကို ထည့်သွင်းစိုက်ပျိိုးသွား မည်ဖြစ်ပြီး လာရောက်တည်းခိုသည့် ဧည့်သည်များ အသင့်ခူးစားနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဘန်ဂလိုများကို ဒေသကထွက်ရှိသည့် သစ်ထွက်ပစ္စည်းများဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ရိုးရာဓလေ့များ မပျောက်စေရန် တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပူတာအိုမြို့ပေါ်တွင် ဟိုတယ်/ခရီးလိုင်စင် ရယူထားသည့် ဟိုတယ် ငါး လုံးနှင့် တည်းခိုရိပ်သာ သုံးလုံးရှိကြောင်းသိရသည်။

ကောင်းမူလုံစေတီကိုတွေ့ရစဥ်၊၊