ပြည်ပခရီးစဥ်တွေကို မြန်မာ့ခရီးသွားဘဏ်ရဲ့ Travel Loan အစီအစဥ်နဲ့ လည်ပတ်ကြမလား

#TravellingJournal ပြည်ပခရီးစဥ်တွေကို မိသားစုအဖွဲ့လိုက်နဲ့သာမက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ ခရီးစဥ်တွေကို သွားရောက်လည်ပတ် နိုင်စေဖို့ အရစ်ကျစနစ်နဲ့ ခရီးသွားချေးငွေတွေကို မြန်မာ့ခရီးသွားဘဏ် (Mya ...

#TravellingJournal

ပြည်ပခရီးစဥ်တွေကို မိသားစုအဖွဲ့လိုက်နဲ့သာမက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ ခရီးစဥ်တွေကို သွားရောက်လည်ပတ် နိုင်စေဖို့ အရစ်ကျစနစ်နဲ့ ခရီးသွားချေးငွေတွေကို မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) က ဆောင်ရွက်ပေးနေပါတယ်လို့ Myanma Tourism Bank ရဲ့ Executive Director ဖြစ်သူဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။

မကြာခင် ကာလမှာ ဗုဒ္ဓဘာသာလူမျိုးတို့ရဲ့အဓိက သွားရောက်ဖူးမြှော်ကြ တဲ့ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ်နဲ့ သီရိလကင်္ာခရီးစဥ် ၊ ကိုရီးယားခရီးစဥ်၊ဂျပန်ခရီးစဥ်တွေကို အုပ်စုလိုက်သွားရောက်နိုင်စေဖို့ စီစဥ်နေပါတယ်လို့ ဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။

ခရီးသွားလုပ်ငန်းရဲ့ဒေါက်တိုင်တခုအနေနဲ့ မြန်မာ့ခရီးသွားဘဏ်ကနေ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေဖို့ ပြည်တွင်းခရီးစဥ်များနဲ့ ပြည်ပခရီးစဥ်ကိုပါ သွားရောက်စေနိုင်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်ပေးထားတဲ့ ဘဏ်တစ်ခုဖြစ်တဲ့အပြင် ဘဏ်ကနေလည်း အသေးစားအလတ်စားလုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်နိုင်ဖို့စတဲ့ ချေးငွေတွေကို စီစဥ်ဆောင်ရွက်ပေးနေပါတယ်လို့ ဆိုပါတယ်။

မီးခိုးမထွက်တဲ့လုပ်ငန်းလို့ တင်စားရတဲ့ ခရီးသွားလုပ်ငန်းကို တစ်ဖတ်တလမ်းကနေ ထောက်ပံ့ပေးချင်လို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လက်အောက်မှာရှိတဲ့ ခရီးသွားအသင်းတွေကို ဘဏ္ဍာရေးလုပ်ငန်းပိုင်းဆိုင်ရာတွေကို ပံ့ပိုးပေးနိုင်ဖို့အသင်းအဖွဲ့တွေနဲ့ မူဝါဒစာချုပ်တွေကို ကိုဗစ်ကာလကနေ အခုအချိန်ကာလထိ ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်လို့ မြန်မာ့ခရီးသွားဘဏ် ရဲ့ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling ကို ပြောပြခဲ့ဖူးပါတယ်။

ဒါ့ပြင် ပုဂ္ဂလိကဝိုင်းကြီးချုပ်စနစ်နဲ့လည်း အာမခံပြီး Travel Loan တွေသာမက Corporate travel loanတွေအပြင် ခရီးသွားကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ခရီးသွားကုမ္ပဏီတွေကစီစဥ်ပေးတဲ့ Packge ခရီးစဥ်အလိုက် ခရီးစဥ်လည်ပတ်ဖို့ပါ စီစဥ်ထားရှိပါသေးတယ်။

“ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေကို မိသားစုလိုက်သော်လည်ကောင်း ၊ အုပ်စုလိုက်သော်လည်ကောင်း ခရီးသွားမယ်ဆိုရင် ခရီးစဥ် အသေးစိတ်ပြခိုင်းပြီး ဘဏ်ကနေ ချေးပေးပါတယ်။ပြီးရင် အဲဒီကုမ္မဏီက တာဝန်ယူပြီး HR ကနေ ပြန်ဆပ်တာမျိုးပါ။ဆပ်တဲ့အခါမှာလည်း ၆ လ ဆပ်မယ်။ တစ်နှစ်ဆပ်််မယ်။ အဲဒီလိုမျိုး နဲ့ Corporate Travel loanတွေ စီစဥ်ပေးပါတယ် ” လို့ ဘဏ်ရဲ့တာဝန်ရှိသူတစ်ဦး ဖြစ်သူ ဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗီယက်နမ် နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကိုလည်း ခရီးသွားကုမ္မဏီကနေ စီစဥ်ပေးတဲ့ ခရီးစဥ်တွေကို အရစ်ကျစနစ် နဲ့ သွားရောက်ခဲ့ကြတယ်လို့ ဘဏ်ရဲ့ တာဝန်ရှိသူ က ပြောပြပါတယ်။

လက်ရှိ မှာတော့ မြန်မာ့ခရီးသွားဘဏ် (MTB Bank)ကို အခုဆိုရင် မြန်မာပြည်အနှံ့အပြားမှာ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့မှာဆိုရင်တော့ MTB Bank ဆူးလေ(ရုံးချုပ်) ဘဏ်ခွဲ၊ ရန်ကုန်မြို့ ပြည်လမ်း ဘဏ်ခွဲ ၊ ဘုရင့်နောင် ဘဏ်ခွဲ ၊ရွှေဘုံသာဘဏ်ခွဲ ၊ရွှေဂုံတိုင် ဘဏ်ခွဲ ၊ယုဇနပလာဇာဘဏ်ခွဲ ၊တက္ကသိုလ်ရိပ်သာလမ်းသစ်ဘဏ်ခွဲ၊ရွှေတောင်တန်းဘဏ်ခွဲ တို့ကိုဖွင့်လှစ်ထားရှိထားပါတယ်။ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော် (သပြေကုန်းဘဏ်ခွဲ)၊ စီးပွား ရေးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာ မန္တလေးမြို့(၂၇) လမ်းဘဏ်ခွဲ၊မန္တလေး (မနော်ဟရီဘဏ်ခွဲ) ၊မန္တလေး (စျေးချိုဘဏ်ခွဲ) ၊ မန္တလေး (ကျွဲဆည်ကန်ဘဏ်ခွဲ) တို့ကို ဖွင့်လှစ်ထားရှိပါတယ်။ ဒါ့ပြင် နယ်မြို့တွေဖြစ်တဲ့ မူဆယ်ဘဏ်ခွဲ၊ တောင်ကြီး ဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ နဲ့ မြဝတီဘဏ်ခွဲ တို့ကို ဖွင့်လှစ်ထားရှိကာ အခုဆိုရင် ဘဏ်ခွဲစုစုပေါင်း (၁၇) ဘဏ်တိတိ ရှိပြီဖြစ်ပါတယ်။

“အခုကတော့ ပုဂံ-ညောင်ဦး-ပြည့် (၉) ပြည့် ခရီးစဥ်ရယ် ။ ကလော -အင်းလေး ခရီးစဥ်ကို ခရီးသွားချင်သူတွေအတွက် အရစ်ကျ စနစ်နဲ့ပေးလို့ရအောင်အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ပြည်ပခရီးစဥ ကိုတော့ အောက်တိုဘာလမှာ စတင်ပါမယ် ။
ဒီလို ကာလမှာ ခရီးသွားချင်တဲ့သူတွေအတွက် ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်အောင် ခရီးလည်းလည်ပတ်နိုင်စေဖို့ ရည်ရွယ်ပြီး စီစဥ်ပေးဖြစ်ခဲ့တာပါ။ အရစ်ကျ ခွဲပေးရတော့ သူတို့အတွက်လည်း အဆင်ပြေစေပါတယ် “လို့ LTETour ခရီးသွားကုမ္ပဏီ ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အခုဆိုရင် ပြည်ပနိုင်ငံတွေကိုလည်း မိသားစုလိုက် ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ အတူတကွ သွားလို့ရနိုင်တဲ့ မြန်မာ့ခရီးသွားဘဏ် ရဲ့Travel Loan ချေးငွေယူပြီး ကမ်းခြေကိုပဲ သွားရောက် အပန်းဖြေချင်သလား။ကမ္ဘာပေါ်မှာရှိတဲ့ Hidden Gems လို နေရာတွေကို သွားရောက်ပြီးတော့ စွန့်စားခန်းတွေကိုလည်း ဖွင့်လှစ်နိုင်သလို မတူညီတဲ့ ယဥ်ကျေးမှု အမွေအနှစ်ခရီးစဥ်တွေကိုလည်း MTB ဘဏ်ရဲ့Travel Loan နဲ့သွားရောက်လည်ပတ်နိုင်စေတော့မှာဖြစ်ပါတော့တယ်။

#Travel Loan
#Photo-TravellingJournal/LTE tour
ပုံ-စာ မြန်မာခရီးသွားအများဆုံးသွားရောက်ဖူးမြှော်ကြတဲ့ ဘန်ကောက်မြို့က မြဘုရားနှင့် ဆုတောင်းပြည့် နဂါးဘုရားကို တွေ့ရစဉ်။