ရတီမာန်
မန္တလေးမြို့ကို အညာဒေသရဲ့ နှလုံးသားလို့ တင်စားခေါ်ဝေါ်ခဲ့တာ အစက သေချာအဓိပ်္ပာယ် ကို နားမလည်ခဲ့ပါဘူး … မွန်းကျပ်တဲ့ မြို့ပြ ခြင်းအတူတူ မန်္တလေးမြို့ဆိုတာနဲ့ အရင်ဆုံး စစိတ် ထဲဝင်လာတာက နိုင်ငံစုံက ဝင်ရောက်လာတဲ့ အမျိုးအစားစုံ ဆိုင်ကယ်တွေရယ် ..ဖုန်ထူတာ ရယ် နေပူကျဲကျဲရယ် ခြင်တွေကိုက်တာရယ်ကိုပါပဲ … ။
“မန္တလေးမှာ ကားမမောင်းရဲဘူးဗျာ” ဆိုကာ လမ်းပြောင်းပြန်မောင်းလာသော ဆိုင်ကယ်များ နှင့် ယာဉ်စည်းကမ်း နားမလည်သော သုံးဘီး (တုတ်တုတ်)တွေ, လမ်းဖြတ်ကူးသူတွေကို မေးငေါ့ ပြလာတဲ့ ဒါရိုက်ဘာ ရန်ကုန်သားက နဖူးကြောရှုံ့ ရင်း ပြောလာတာလည်း အလွန်မဟုတ် …။
“ဒါမှ တကယ့် Adventure ဗျ …၊ ဆိုင် ကယ်တွေ ဟိုကထွက်လာလိုက် ဒီကထွက်လာ လိုက်နဲ့ ဂိမ်းကစားနေရသလိုပဲ” လို့ အားပေးရင်း တစ်ခါလောက်တော့ ရောက်ဖူးချင်ခဲ့တဲ့ အိုအေ စစ်မြို့လေးကို ဦးတည်လိုက်မိပါတယ်..
မန္တလေးမြို့ပြင် တံခွန်တိုင်အဝိုင်းကနေ ရန်ကုန်- မန္တလေး အဝေးပြေးလမ်းမကြီးအတိုင်း ခပ်မှန်မှန်မောင်းလာပြီး BOC ဆီဆိုင်ဘေးက လမ်းလေးထဲကို ချိုးဝင်လာခဲ့တော့ မြို့ပြနဲ့ တဖြေးဖြေး ခြားနားလာတာကို သိသိသာသာ တွေ့လာရပါတယ်..
လမ်းအနည်းငယ်ကျဉ်းသွားပေမယ့် ကားနှစ် စီးရှောင်သာရုံလွတ်အောင် မောင်းလို့ရပြီး လမ်း ဘေးဝဲယာမှာ အညာဒေသပြရုပ်တစ်ခုဖြစ်တဲ့ ထနောင်းပင်တွေက ကားလမ်းကို အစိမ်းရောင် သစ်ခက်တွေနဲ့ အုပ်မိုးပေးထားတာကို ကားရှေ့ ခန်းထဲကနေ ဓာတ်ပုံရိုက်ရင်း ကြည်နူးနေရတာက ပြောပြလို့ထက် ကိုယ်တိုင်မြင်ရရင် ပိုသိသာခံစား မိမှာအမှန်ပါ …။
ခေတ်လူငယ်တွေပီပီ Social network Facebook စာမျက်နှာပေါ် ခုရိုက်ခုတင် ထနောင်း ပင်တန်းနဲ့အုပ်မိုးထားတဲ့ လမ်းပုံလေးကို “ ဒီ ထနောင်းပင်တန်းလေးတွေ အုပ်မိုးထားတဲ့ လမ်း လေးကို ဖြတ်သွားရင်း လမ်းဘေးတစ်ဖက်ဆီက ထနောင်းပင်လေးတွေ အသက်ရှည်ပါစေလို့ ဆု တောင်းမိတယ် ”လို့ ခေါင်းစဉ်ပေးထားလိုက်တာ …သိတဲ့သူတွေထဲက Friend ဖြစ်နေသူရဲ့ Comment လေးက ပြုံးချင်စရာ …
“ကျွန်တော်တို့မြို့က ထနောင်းပင်တန်းလေး တွေကို အစ်မ သဘောကျတယ်ဆိုလို့ ကျေးဇူးပါ ခင်ဗျ …”တဲ့လေ။
လမ်းတွေရှည်သလောက် သဘာဝအခင်း အကျင်းတွေနဲ့ စိမ်းစိုလှပနေတဲ့ လယ်ကွင်းတွေ, နေကြာခင်းတွေ, ဂေါ်ဖီခင်း၊ ကုလားပဲခင်း၊ ပြောင်းဖူးခင်း တွေက ကျေးလက်အငွေ့အသက် အပြည့်နဲ့ ကြည့်လို့မြင်သမျှ စိတ်ကြည်နူးစရာ အပြည့်နဲ့ပါ …။
မြို့ပြနဲ့ဝေးကွာချိန်ကြာရှည်ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲနေခဲ့တာကြာပြီးမှ လမ်းတွေ ကောင်းလာ စည်ကားလာတဲ့ နေရာတွေမို့ အရင် ကလို သူခိုး၊ဓားပြရန်လည်း မရှိတော့ပဲ အေးအေး လူလူဈေးရောင်းနေတဲ့ မိန်းမကြီးငယ်တွေကို ကလေးငယ်တွေခါးထစ်ခွင်ရင်း ကားလမ်းဘေး နားမှာ ဒေသထွက်ကုန်သီးနှံတွေကို အောက်ခံ အခင်းပေါ်မှာ ဒီအတိုင်း ပုံချထားပြီး ဒစ်ဂျစ်တယ် ကတ္တားအသေးစားလေးတွေ ကိုယ်စီနဲ့မြင်ရတော့ အံ့သြမိတယ် …။
တောနယ်ဆန်တဲ့ ဈေးသည်လေးတွေနဲ့ ဈေး ဆိုင်တန်းတွေကိုမြင်တာနဲ့ ကျွန်မတို့တွေက “ဟာ … ပဲမြစ်တွေ …ကန်စွန်းဥတွေ ရောပဲ .. ထန်းပင်မြစ်တွေလည်း ပေါချက်၊ ဒါဆို အပြန်သယ်မယ် …မြို့သာဈေးရောက်ပြီ …” လို့ ကားပေါ်ပါသူငယ်ချင်းတတွေက ဝမ်းသာ ရွှင်ပြစွာ အော်ဟစ်ကြတယ်..
သဘောကောင်းတဲ့ ကားဆရာက လမ်းဘေး ချရပ်ပေးပြီး “ဘုရားဖူးဦးမလား” လို့ မေးပါတယ်။ အချိန်လင့်လို့မဖြစ်တာကြောင့် ကားပေါ်ကပဲ ဖူး မယ်ပေါ့ …၊ ဒါပေမဲ့ မြို့သာရှေးဟောင်းဘုရား တွေကို ရွှေရောင်ဝင်းပစွာနဲ့ ဖူးမြင်လိုက်ရတဲ့ ခဏမှာ အချိန်မရတာကိုလည်း မေ့သွားပါတယ်။ ရုတ်တရက် ကားသမားက ကားကို နေရာရွှေ့ လိုက်ပြီး အောက်ဆင်းကာ ဘုရားရှေ့က ညောင် ပင်ကြီးအောက်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်လေး ထဲ ပြေးဝင်ကာ ကွမ်းဝယ်တာမြင်လိုက်တော့ …
“တံတားဦးက ကွမ်းနုဝါလေးတွေနဲ့ ယာ ထားတာ စားကောင်းတယ်ခင်ဗျ ” လို့ မျက်နှာ အပြည့်အပြုံးကြီးဆင်ပြီး ကွမ်းတွေအပြည့်ဝါး နေရင်း အားပါးတရပြောပြနေတဲ့ ကွမ်းယာသည် ကို ပြုံးပြရင်း ဘုရားရင်ပြင်တော်ပေါ်ပြေးတက်ပြီး ဘုရားဖူးရတာ ပျော်စရာကောင်းလိုက်တာလေ … ပြီးတာနဲ့ ခပ်မြန်မြန်ဆက်သွားကြတော့ .. ကွမ်းတွေအထုပ်လိုက်နဲ့ ကားဆရာက ဂီယာချိန်း ရင်း ဂရုတစိုက်မောင်းလာကာ ကွမ်းဝါးရင်း နာရီ ကိုတစ်ချက်ကြည့်တော့ နောက်ထပ်နာရီဝက်ဆို မြို့သာစက်မှုဇုန်အဝင်ဂိတ်ဝကို ရောက်ပြီတဲ့ …။
စိတ်လှုပ်ရှားမှုက မြှင့်တက်လာသလို .. စက်မှုမြို့တော်အဝင်ဝကနေ ယာဉ်ဖြတ်သန်းခ ပေးစရာမလိုဟု သိရတော့ ဝမ်းသာမိတယ် …၊ ပေးရမယ်ထင်နေတာဆိုတော့လေ … ။
အဝင်လမ်းမကြီးကနေ ဘေးတစ်ဖက်တစ် ချက်က မြင်ကွင်းတွေက အားလုံး ခေါင်မိုးအပြာ စက်ရုံကြီးတွေ Phase (1)A ဆိုတဲ့ဆိုင်းဘုတ်နား က လမ်းဘေးတစ်ဖက်မှာ လှပတဲ့ ဆိုင်ခန်းတွေနဲ့ ကြော်ငြာဘုတ်တွေကလည်း ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့ လားလို့ ထင်မှတ်ရသည်အထိ အရာရာ နေရောင် အောက်မှာ နေသားတကျ လှပလွန်းနေတာတွေ့ ရတယ် …။
မန္တလေး-မြင်းခြံကားလမ်းဘေးက JAPFA တိရိစ်္ဆာန်အစာစပ်စက်ရုံကြီးကိုလည်း နေရောင် အောက်မှာ လှမ်းမြင်နေရတာပဲ …၊ လမ်းမီး တိုင်တွေ အများအပြားစိုက်ထူထားပြီး တချို့မီး တိုင်တွေကို မီးကြိုးသွယ်ထားတာလည်း တွေ့ရ တော့ စက်မှုမြို့ပြအသစ်က တော်တော်တောင် အသက်ဝင်ပြီးစီးနေပြီပဲလို့တွေးရင်းငေးနေမိသည်။
လုံးချင်းအိမ်တွေကို ကားလမ်းဘေးနားမှာ ချစ်စရာ နေချင်စဖွယ် ဆောက်ထားတာမြင်တာနဲ့ ..ဒီမှာ အိမ်တစ်လုံးလောက်ရှိချင်လိုက်တာလို့ တွေးမိတဲ့ထိ သားရည်ကျမိတဲ့အထိပါပဲ ..
မြို့သာစက်မှုဥယျာဉ် ဂိတ်ဝကနေ ဝင်လာခဲ့ တဲ့ ကွန်ကရစ်လမ်းမကြီးတွေအဆုံးမှာ အဝိုင်း ပတ်တစ်ခုကို စိမ်းစိုလန်းဆန်းသော မြက်အပြည့် နှင့်တွေ့လိုက်ရသည်။ မြင်မြင်သမျှက စောစော က လမ်းတလျှောက်ဖြတ်သန်းလာခဲ့တဲ့ တောနယ် ဒေသလေးကနေ ရုတ်တရက် နိုင်ငံအသစ်တစ်ခု စီ အလည်လာမိသလို .. မြင်ကွင်းအားလုံးက ချက်ချင်းပြောင်းလဲသွားတာ သိသိသာသာမို့ ကား ခဏရပ်ပြီး selfie ရိုက်ကြ Group ပုံတွေရိုက်ပြီး Location ကို Check in ဝင်ကြည့်ကြနဲ့ အလုပ် များသွားကြတာပါပဲ..
အဝိုင်းပတ်အနီးက လမ်းညွှန်ဆိုင်းဘုတ်ကို ခဏရပ်ကြည့်ပြီး” Myothar National Golf Course ” သို့လို့ ရေးထားတဲ့ စာအတိုင်း မောင်း ဝင်ခဲ့ရာ မိနစ်နှစ်ဆယ်ခန့်လောက်တွင် မြင်ကွင်း အသစ် .. ခံစားမှုအသစ်တွေက ထပ်မံကြိုဆို လိုက်ပါတယ်..
ကြည့်လေမြင်လေသမျှ တမျှော်မဆုံး စိမ်း လန်းလှပသော မြက်ခင်းပြင်များ ရေကန်ကြီးတွေ အလည်မှာ သေချာဒီဇိုင်းဆွဲထားသော ဂေါက် ကွင်းတည်ခုံ, အလံတိုင်တွေ, ဂေါက်ကွင်းသုံး ဘက်ဂီကားလေးတွေကလည်း စနစ်တကျစီတန်း လျှက်..
နေ့ခင်းဖက်ရောက်ပြီမို့ ဂေါက်ကွင်းအတွင်း က မြက်ခင်းပြင်တွေမှာ ရေပန်းတွေနဲ့ ရေဖြန်း နေတာလည်း မြင်ရသည်။
“ဒီနေရာမှာ အရင်က အပင်တောင်မပေါက် ဘူး။ ကျုပ်တို့ နွားတွေလည်း စားစရာမရှိဘူး .. ရေအရမ်းရှားတယ် …။ အလုပ်လက်မဲ့များ တော့ ခိုးတဲ့သူလည်းပေါတယ်”ဆိုပြီး မြက်ခင်းတွေကို လှပအောင်မြက်ဖြတ် စက်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေရာက ထမင်းစားနားဟန်တူတဲ့ ဒေသခံဦးလေးကြီးက သူ့အတွက်ယူလာတဲ့ ထမင်းချိုင့်ကိုဖွင့်ရင်း ကျွန်မ တို့တွေကို ရှင်းပြလာတော့ အံ့သြမိနေတာကို မအောင့်နိုင်ပဲ မေးမိသည်..
“ဒီမြက်ဖြတ်စက်ကို ဘယ်တုန်းကတည်းက မောင်းတတ်ခဲ့တာလဲ ဦးလေး” ဆိုတော့ ထမင်းတွေကို ခရမ်းချဉ်သီးနိုင်းချင်း နဲ့ ချက်ထားသော ငါးခြောက်ဖတ်တွေနဲ့ ရောနယ် ရင်း အနားက လွယ်အိတ်လေးထဲက အရွက်တွေ ကို ထည့်မြုပ်ကာ ပလုပ်ပလောင်း စားရင်း ပြန် ဖြေတာက
“ ဘယ် … ကျုပ်တို့တောမယ် နွားလှည်း လောက်မောင်းတတ်ထာဥစ်္စာ …၊ ဒီကွင်းထဲက ဆရာတွေသင်ပေးတာပဲ .. အခုက ကျုပ်တို့ တစ် အိမ်လုံး ဒီမှာလာအလုပ်လုပ်တယ် …။ ကျုပ် သမီးရော သားရောပါတယ် … ဟိုဖက်ကွင်းထဲ မယ် မြက်စိုက်နေကြတယ် …၊ အိမ်မတော့ အဘွား ကြီးတစ်ယောက်ကျန်တာပဲ .. ထမင်း ဟင်းချက်ပေါ့ …” လို့ ပြောပြောစားစားနဲ့ ရှင်း ပြပါတယ်..။
အရင်ကကြားဖူးခဲ့သလို နိုင်ငံတကာအဆင့် မီ(၁၈)ကျင်းဂေါက်ကွင်းကြီးကို မျက်မြင်တွေ့နေရ တော့ ဒီဒေသကြီးက မြန်မာပြည်အလယ်ပိုင်း (အပူဆုံးအပိုင်း) ကန်္တာရမြေ, ဖုန်းဆိုးမြေ …၊ သူခိုးဓားပြပေါပြီး လူအရောက်အပေါက်နည်း တယ်ဆိုတဲ့ စကားတွေက ယုံတမ်းစကားတွေ အဖြစ် တဖြေးဖြေးပြောင်းသွားတာပါပဲလား … လို့ စဉ်းစားနေမိတာပါပဲ
“ဘယ်တော့လောက် ဒီဂေါက်ကွင်းကြီးက ပြီးမယ်တဲ့လဲဗျ ဦးလေး” လို့ မေးကြည့်တော့ …
“ပြောတတ်ဘူးဗျ .. ကျုပ်တို့တော့ ပြော သံကြားတာ အခါမတိုင်မီဆိုလားပဲ .. အတိကျ သိချင်သပဆို တာဝန်ခံမေးပါဗျား …”” လို့ ပလုပ်ပလောင်းသံကြီးနဲ့ ဖြေပါတယ်။
ကိုယ်တိုင်ရော မိသားစုဝင် သူငယ်ချင်းတွေ ပါ မြို့သာစက်မှုဥယျာဉ်စီမံကိန်းရဲ့ Share
ရှင် တွေဖြစ်နေတော့ ဒီနေရာ ဒီဒေသကြီးကို အမြဲ လည်းမရောက်နိုင်တာကတစ်ကြောင်း …၊ လုပ်ငန်းရှင်လောကမှာ အမည်ကောင်းနဲ့ သိကျွမ်း ရင်းနှီးခဲ့ရသူ …၊ အမြဲအားကျအတုယူလေးစား ရသူ Developer အဖြစ်ပုံဖော်ထုဆစ်မယ့် မြို့ ပြအသစ်စီမံကိန်းမို့ ယုံကြည်စွာပူးပေါင်းခဲ့ကြတာ လည်းဖြစ်သလို နှစ်တိုင်း ရှယ်ရာရှင်အစည်း အဝေးကို တက်ဖြစ်အောင်လည်းတက်နေကျပါပဲ .. ဒါနဲ့ ရန်ကုန်က အသိမိတ်ဆွေတချို့ကလည်း ဆန်္ဒရှိနေတာရယ် မိသားစုဝင်တွေနဲ့အတူ ရောက် ဖူးချင်တာရယ်ကြောင့် “မြို့သာဂေါက်ကွင်း အသစ်ကြီးထဲ သွားလည်ရအောင်”ဆိုတာနဲ့ စိတ် ဝင်စားတက်ကြွပြီး အမျိုးတွေ အသိမိတ်ဆွေတွေ အတူစုပြီး Side Seen ထွက်လာခဲ့ကြတာ ခုတော့ ထင်ထားတာထက်ပိုတဲ့ မြင်ကွင်းတွေက ကြိုဆို နေတာများ စိတ်ထဲ ဝမ်းမြောက်မဆုံးဖြစ်ကြရ တယ် …။
ဂေါက်ကွင်းတာဝန်ခံက ကူညီပေးလို့ (၁၈) ကျင်းဂေါက်ကွင်းအကုန်လုံးကို ဘက်ဂီကားလေး တွေစီးပြီး သေချာလေ့လာခွင့်ရကြတယ်..
ကျင်းနံပါတ်(၁)ကနေ (၁၈) အထိ ထူးခြား ချက်က ဘေးဝဲယာရှုခင်းတွေအလွန်လှပြီး အရိုင်း ဆန်သလို လေထု .. မြေသင်းနံ့ .. ရေတွေ မြစ်နှစ်စင်းစာ စီမံပြုလုပ်ထားတာ .. တံတား လေးတွေ စံနစ်တကျရှိပြီး … တစ်နေရာတစ်မျိုး သဘာဝအပင်တွေရဲ့ အလှက နွေပန်းချီကားလို .. ရှုမောမဆုံး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ရင်း စကားတွေဖောင်ဖွဲ့နေကျ သူတွေစုလာတာမဟုတ် တော့သလို ကိုယ့်စိတ်နဲ့ကိုယ် သဘာဝတရားနဲ့ လူ တီထွင်ပေါင်းစပ်မှုမှာမြောပါနေကြတော့တာပါပဲ။
ဂေါက်ကွင်းကြီးထဲက မြက်ခင်းပြင်မှာ ခြေ ဗလာနဲ့ ပြေးရတာ စိတ်ပင်ပန်းမှု Stress တွေ အကုန်ပြေသွားပြီး လိုက်မလာရလို့ ငိုကျန်ခဲ့တဲ့ အိမ် က တူတော်မောင်လေးမျက်နှာကို မြင်ယောင်မိ တယ် …။
“နောက်ခါလာရင် ကလေးတွေပါခေါ်လာ ရအောင် …၊ ဒီမှာ ဆော့ခိုင်းမယ် ပျော်နေကြ မှာပဲ …” ဆိုတော့ တိုင်ပင်မထားပါပဲ ပြိုင်တူအော် လိုက်ကြတာက-
“ဂေါက်ကွင်း ဖွင့်ပွဲကျရင် လာကြမယ်ဟေး” တဲ့လေ..။
ကန္တာရထဲက အိုအေစစ်လေးလို နိုင်ငံတကာ က ပညာရှင်တွေကို ငှားရမ်းပြီး စံနစ်တကျ စီမံ တည်ဆောက်နေတဲ့ ” Myothar National Golf Course ” ဖွင့်ပွဲအခမ်းအနားကို လာမယ့် ဧပရယ်လနောက်ဆုံးပတ်အတွင်း နိုင်ငံတကာက ဂေါက်သီးအားကစားသမားတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲပြုလုပ်ကာ ဖွင့်လှစ်သွားမယ်လို့ သိရပြီးတဲ့ နောက်.. အချိန်သေချာထပ်ယူပြီး ခရီးစဉ်ကို သေချာဆွဲမယ် …။ အသစ်တည်ဆောက်ပြီးစီး နေပြီဖြစ်တဲ့ ဆီမီးခုံဆိပ်ကမ်းက တန်(၅၀)ကရိန်း တပ်ထားတဲ့ Pontoon Crane ကြီးရှိတဲ့ ဧရာဝတီ မြစ်ပြင်ပေါ်က သဘောၤကြီးကိုသွားကြည့်မယ် .. ကွန်တိန်နာတွေအသယ်အချလုပ်နေပြီတဲ့ …။
မြန်မာပြည်ရဲ့တစ်စင်းထဲသော တန်ဖိုးမဖြတ် နိုင်တဲ့ မြစ်မင်းဧရာတစ်ကြောက မြစ်ပုဇွန်, မြစ် ငါးကြင်းတွေကို ခရမ်းချဉ်သီးနိုင်နိုင်နဲ့ချက်ထား တာကို သွားစားဦးမယ်.. လို့အားခဲရင်း အပြန် လမ်းတစ်လျှောက် စက်မှုဥယျာဉ်ထဲက နေဝင်ချိန် ရူခင်းကိုငေးရင်း နာမည်ကြီး မြို့သာထန်းရေနဲ့ ငါးလေးကြော် .. ဖရဲသီး ,သခွားမွှေးစုံအောင်စား ရတာ စိတ်ချမ်းသာစရာ.. လတ်ဆတ်တဲ့အသီး အရွက်စုံသုပ်ထားတဲ့ ဒေသလက်ရာ မြူရွက်သုပ်, ညောင်ဖူးသုပ်, ဘယာကြော်သုပ်တွေကလည်း စား လို့မြိန်လိုက်တာ … ဆွေမျိုးမေ့ ဆိုတာတကယ် အမှန်.. အားလုံးရင်ထဲမှာတော့ နောက်တစ် ခေါက် …နောက်တစ်ခေါက် … ဆိုတဲ့စကား သံတစ်ခုက ပဲ့တင်ထပ်လျှက်ပါ… ။