သတိုးလွင် (ပထဝီ၀င်)
“ ၁၉၉၆ ခုနှစ်ထိ မြန်မာနိုင်ငံရှိကုန်းတွင်းရေနံဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီမှာလုပ်ရင်း မြန်မာနိုင်ငံမှာ အတော်ကြာ နေခဲ့ဘူးတယ်။ မှတ်မှတ်ရရ Visit Myanmar Year မြန်မာ့ဘိုးဘွားနှစ် ၁၉၉၆ နဲ့ကြုံရင်း ဖိုး၀ရုပ်ပုံတွေ … ဖွင့်ပွဲ တွေ ကျင်းပခဲ့တာ မြင်ယောင်မိသေးတယ် ”
“ XXXXXXX “
၁၉၉၆ နောက်ပိုင်း Project လည်းပြီးရော မြန်မာပြည်ကို ပြန်မလှည့်ဖြစ်တော့ဘူး ။ ဒီကြားထဲ Visit Myanmar Year ဘယ်နှစ်ကြိမ်ကျင်းပ ပြီးလဲ !အရင်ကထက် ပြည်၀င် ခရီးသည်တွေ၀င်ရောက်မှု တိုးတက်လာပုံရတယ်။
“ XXXX ”
စာရေးသူဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ကျင်းပခဲ့တဲ့ ခရီးသွားထိပ်သီးညီလာခံ ( Tourism Summit ) အပြီးမနီလာ-ဘန်ကောက် လေယာဉ်ပေါ်တွင် ဘေးရှိ အမေရိကန် ခရီးသည် တစ်ဦးမှ မြန်မာဟုမိတ်ဆက်ပေးအပြီးတတွတ်တွတ် ပြောလာ တာထိုင်နားထောင်နေမိသည်။ သူပြောတာတွေ အမှန်တွေချည်းဖြစ်လို့ ပြန်မပြောခဲ့ ပေမယ့် တခေါက် စာရေးသူ ဘက်ကို သေ ချာကြည့်ပြီး “ ဒီကြားထဲ Visit Myanmar Year ”ဘယ်နှကြိမ်လုပ်ဖြစ်လဲ ဆိုတော့ စာရေးသူ No ဟုပြောရန် နှုတ်မဝံ့ မရဲ ဘဲ ရှိရတော့တယ်။ တကယ်တော့ Visit Myanmar Year လုပ်ရန် ၂နှစ်ခန့်ကြိုတင် အချိန်ယူရာ ထားပြီး ကြော်ငြာမှသာ Destination ကိုပိုမိုလူ သိများလာမည်မဟုတ်ပေလော။
မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ဆိုတာယနေ့ခရီးသွားလောကတွင် တက်ကြွစွာလုပ်ငန်းခွင်၀င်နေကြသည့် First Batch B.A ( Tourism ) ဘွဲ့ရလူငယ်လေးတွေ အများစုဟာ Visit Myanmar Year 1996 ၀န်းကျင်မှာ မွေးဖွားခဲ့သူတွေဆိုလျှင် မမှားပါ။ ခရီးသွားမျိုးဆက်သစ် သူတို့ လေး တွေ “ အူဝဲ ” ဘ၀မှာ မြန်မာ့ခရီးသွား နှစ်ဘယ်လိုကျင်းပပြီးဘယ်လိုအဆုံးသတ်ခဲ့သလဲဆို တာတစေ့ တစောင်း သိ စေ ချင် ပါ သည်။ ၁၉၉၆ ခုနှစ်နှောင်းပိုင်းကတည်းကစာရေးသူတို့ ခရီးသွားကုမ္ပဏီလုပ်ငန်းတွေ အရှိန်စယူစမှာ န၀တ စစ်အစိုးရ မှ Visit Myanmar Year 1996 ကျင်းပဖို့ ကြော်ငြာ ခဲ့ ပြီး ဗဟို ကော် မတီ ၊ လုပ်ငန်း ကော် မတီ အရပ်ရပ် ဖွဲ့စည်း ခဲ့ပါသည်။ ထိုစဉ် ကပုဂလိကခရီးသွား ကုမ္ပဏီရာဂဏန်း မျှသာရှိသေးသည်။ ယခုလိုခရီးသွားအသင်း၊ ဧည့်လမ်းညွှန်အသင်း ၊ အဖွဲ့ချုပ်များ မ ပေါ်လာသေးပေ။ ခရီးသွားနှစ် ဖြစ်မြောက်ရေးဦးစီး ကော်မတီ TDMC ဥက္ကဌ ဗိုလ်ချုပ်ခင်ညွန့် မှဦးဆောင်ပြီးဟိုတယ်/ခရီး ၀န်ကြီးဗိုလ်ချုပ်ကျော်ဘ မှ ဒုဥက္ကဌ ၊အတွင်းရေးမှူး DG ဦးခင်မောင်လတ်နှင့် ဆက်စပ်၀န်ကြီးပေါင်း ၁၁ ဦးခန့် ပါ၀င်သည့် ဦးစီး ကော်မတီကြီးမှ လှုပ်ရှား ဆောင်ရွက် ခဲ့ပါသည်။ ၁၉၉၆ နှစ်လည်မှာမွေးဖွားခဲ့တဲ့ စာရေးသူရဲ့ Myanmar Voyages ကုမ္ပဏီ ကလည်း Visit Myanmar Year 1996မှာ တထောင့်တနေရာမှ ပါ၀င်ခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာမှ ခရီးသွား၀န်ကြီး များ၊ ခရီး သွားအေဂျင်စီ တာ၀န်ရှိသူများ၊ သတင်း မီဒီယာ ( ထိုစဉ်က Press Journalist )ပြည်၀င်ခွင့် ကန့်သတ်ထားချိန်ဖြစ်ပါတယ်။ ရာနှင့်ချီ ဖိတ်ကြားခဲ့တဲ့ ကုမ္ပဏီ(၁)ခု ကိုDelegate တဖွဲ့ ၊ နိုင်ငံအလိုက် တာ၀န်ယူကြိုပို့ပေးရပြီး ရန်ကုန်တွင် ဟိုတယ်တစ်ခုစီ နေရာချထားပေးခဲ့ပါတယ်။ စာရေး သူတို့ Myanmar Voyages ကုမ္ပဏီမှ နီပေါစာရေးဆရာ အသင်းဥက္ကဌ စင်္ကြာနှင့်အဖွဲ့ကို တာ၀န်ယူ ရ ပါတယ်။ လေဆိပ်ကြိုပို့ – Guide (၁) ဦး နှင့် Sightseeing သွားဖို့စီစဉ်လိုပေမယ့် လိုင်စင်ရ ဧည့်လမ်း ညွှန် မလုံ လောက်လို့ရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်ခဲ့တဲ့ ကေသွယ်စိုး(ယခု Amazing Time MD ) အား Liaison Officer အဖြစ်တွဲဖက် ထားရ ပါ တယ်။ ဂျာနယ်လစ်တွေဖြစ်လို့ တက္ကသိုလ် ရိပ်သာ လမ်းတို့စစ်ရုံးနားတို့ ဖြတ်သွားရင် ဓာတ်ပုံမရိုက်မိအောင် အသည်း အ သန်ဂရုစိုက်ခဲ့ကြရပါတယ်။
၁၉၉၆ နို၀င်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ သု၀ဏ္ဏ ဘောလုံးအားကစားကွင်းမှာခမ်းနားစွာ ကျင်းပဖွင့်လှစ်ခဲ့ပါတယ်။ စာရေး သူရဲ့နှစ်(၃၀)ပြည့် မွေးနေ့နဲ့ တိုက်ဆိုင် လို့ ယခုထိ အမှတ်ရနေမိပါသည်။ ဗိုလ်ချုပ်ခင်ညွန့်မှ အဖွင့်အမှာ စကား ပြောပြီး ဘင်ခရာ / ပန်ပွားအဖွဲ့တွေ ကျောင်းသူ/သားရောင်စုံအလံနှင့် မြန်မာကဗျာလွတ်အကတွေဟာ နေပြည်တော် Sea Game လောက်မခမ်းနားပေမယ့် ထိုခေတ်ထိုအခါက အံ့သြဖွယ်ရာ ဖြစ်ခဲ့ပါတယ်။
ဟိုတယ်/ခရီးဒု၀န်ကြီးဗိုလ်မှူးချုပ် တင်အေးရဲ့ PSO ဗိုလ်ကြီးမြင့်ထွေး(ယခုဒုညွှန်ချုပ်)နှင့်သိကျွမ်းခွင့်ရခဲ့ပါတယ်။ ဒု၀န်ကြီး အဖြစ် (၁၃) နှစ်တိုင်တာ၀န်ထမ်းဆောင်ခဲ့သူဗိုလ်မှူးချုပ် အေးမြင့်ကြူ ၊ ထိုအချိန်က တြိဂံဒေသဒုတိုင်းမှူး တာ၀န်ထမ်းဆောင် နေဆဲ ၀န်ကြီးဦးဌေးအောင် လည်းညွှန်မှူးဖြစ်ကာစ ၀န်ကြီးရုံးမှာရောက်နေပါတယ်။ ထိုအချိန်က MTT မှ AGM ဒေါ်ညွှန့်ညွှန့် သန်း ၊Myanmar Hotels & Tourism မှ Sales Manager ဒေါ်ကြင်နွဲ့ (ကွယ်လွန်)နှင့် ဒေါ်ခင်သန်း၀င်း၊ ၀န်ကြီးရုံးမှ Director ဒေါက်တာ နော်အင်ဂျလင်း ၊ရုံးအဖွဲ့မှုး ဗိုလ်မှုးတင်ဖေအေး (ကွယ်လွန်) နှင့် ဦးစီးအရာရှိ ဦးအုန်းမြင့် ၊ TRD မှ ကိုလှိုင်ဦး (ယခုဟိုတယ်ခရီးဒုညွှန်ချုပ်) ၊ကိုလှမြင့် နှင့် Assistant Director ကိုသိန်း၀င်း (ကွယ်လွန်) တိုနှင့် နေ့ရောညပါ တပျော်တပါးကြီး ပွဲကြီး ဖြစ်မြောက်အောင်မြင်ရန် ကြိုး ပမ်း ခဲ့ကြရပါတယ်။
ဖွင့်ပွဲအပြီး Visit Myanmar Year 1996 ဖိုး၀ရုပ်ကြီးတွေနဲ့ ဓါတ်ပုံရိုက်ခဲ့တာတွေ ဟာအမှတ်တရပါ။ ညနေခင်းပြည်သူ့ ရင်ပြင် မှာ Gala Dinner အကြီးအကျယ် ကျင်းပခဲ့ပြီးမီးရှူးမီးပန်း တွေဖောက်ပြီး ရွှေတိ၈ုံနောက်ခံနဲ့ ဓာတ်ပုံ ဟာ ပနံတင့် လှပါ တယ်။ စာရေးသူ\ပုလဲရတုမွေးနေ့ကို State Level Celebrate လုပ်ပေးတာဟု Happy Birthday ပြောခဲ့တဲ့ နီပေါသတင်းစာ အဖွဲ့ကို သတိရနေဆဲပါ။ Visit Myanmar Year 1996 အထိမ်းမှတ် Mascot ဖိုး၀ရုပ်ပုံ တံဆိပ်ခေါင်း ၊ တီရှပ် ၊ လက်ဆွဲအိတ် ၊ ရင်ထိုးလေးတွေ အမှတ်တရထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ပြည်၀င် Visa Fees ကို US$ 10 ထိလျှော့ချပေးခဲ့ပါတယ်။ Visit Myanmar Year 1996 အမှီဖွင့်ခဲ့သော Summit Park View ၊ နောက်တော့ Traders (ယခု Sule Shangrila) , Sedona (Yangon/Mandalay) , Nikko Royal Lake ( ယခု Chatrium Hotel ) ကန်တော်ကြီးပဲလေ့စ်နှင့် Equatorial (ယခု Park Royal Hotel) စတဲ့ နိုင်ငံတကာ ကြယ်ငါးပွင့် အဆင့် ဟိုတယ် တွေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင်က Strand ၊ Inya Lake ၊ သမ္မတ ဟိုတယ် နှင့် Panorama ဟိုတယ်သာရှိခဲ့ပါသည်။ ဖွင့်ပွဲအပြီး လပိုင်းဘဲ ရှိသေးကမ္ဘာ အေး စေတီ သို့တရုတ်ပြည်မှ စွယ်တော်ကြွလာ စဉ် ဗုံးပေါက်ကွဲ မှု ဖြစ်ခဲ့ပြီး Visit Myanmar Year 1996 ဟာ ဆိုင်းသံဗုံသံ တွေ နဲ့ဘဲ နိတ္တိ တံခဲ့ရ လေပြီ။
အခြားနိုင်ငံတွေရဲ့ခရီးသွားနှစ်
စာရေးသူ ၁၉၉၀ ပြည့်နှစ်မှာ ပြည်ပနိုင်ငံကိုပထမဆုံးခြေချခဲ့ဘူးပါတယ်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှားကိုဟတ်ယိုင်မှတဆင့် ပီနန်-ကွာလာလမ်ပူ အထိဘတ်စ်ကားများစီးခဲ့ ရာ Visa မလိုပါ။ လမ်းတွင်ခေါ်ယူစစ်ဆေးတာမျိုးမရှိခဲ့ပါ။ အမှတ်ထားမိတာက 1990 Visit Malaysia Year Logo နဲ့အမှတ်တရမတ်ခွက်လေး ၀ယ်ဖြစ်ခဲ့ပါတယ်။ နေရာတိုင်း မှာ Billboard တွေနဲ့ ကား တိုင်းမှာ Stickle တွေတပ်တာတွေ့ခဲ့ရပါတယ်။ ပြီးတော့ Amazing Thailand Year ၊ လာအို၊ကမ္ဘောဒီးယား ၊ ဗီယက်နမ်၊ ကိုရီးယား ၊ ဂျပန် နိုင်ငံတွေမှာ ၃/၄ နှစ်တစ်ကြိမ် ကျင်းပခဲ့ပါတယ်။ Visit Year ကိုအကောင်အထည်ဖော်ရာ နိုင်ငံအချင်းချင်း မထပ်မိစေရန် ဂရုပြု ရလေ့ရှိသည်။ အနည်းဆုံး၂နှစ်ခန့် ကြိုတင်ကြေညာလေ့ ရှိပြီး – နိုင်ငံတော်မှ ဘတ်ဂျက် ဒေါ်လာသန်းချီ ကျခံ သုံးစွဲ လေ့ ရှိ သည်။ လိုအပ်သည့် Tourism Infrastructure များ Facilities Promotion Champaign များကိုနိုင်ငံ အ ဆင့် Tourism Promotion Board များ ၊ ခရီးသွား၀န်ကြီးဌာနမှ ဦးဆောင်ကျင်းပလေ့ရှိသည်။ Visit Myanmar Year ကျင်းပ ရခြင်း အဓိက ရည်ရွယ် ချက်မှာလည်ပတ်ချင်စရာကောင်းသောဒေသအဖြစ် ပိုမိုထင်ရှားလာ စေခြင်း Tourism Destination Awareness တိုင်းပြည်နှင့် လူမျိုးပုံရိပ်မြှင့်တင်စေခြင်း Brand Image Promotion နှင့် Target ပြည့်မှီစေရန် Pull Marketing ဖြစ်စေခြင်း တို့ ဖြစ် သည်။
Visit Myanmar Year ကာလအတွင်းမီတာဖြေလျှော့ခြင်း ၊ ဟိုတယ်ခရီး သွား မြှုပ်နှံသူများကိုအခွင့်ထူးများပေးခြင်း ၊ လေကြောင်းလိုင်းများပိုမို၀င်ရောက်ရန်မြေပြင်၀န်ဆောင်စရိတ်များ လျှော့ချပြီးနိုင်ငံတကာလေဆိပ်များဖွင့်လှစ်ပေးခြင်း ၊ခရီးသွား များစိတ်ချမ်းသာလုံခြုံစွာလည်ပတ်နိုင်ရေးအတွက် ဘာသာစုံပြောနိုင်သည့် Tourist Information Center , Tourist Police များလေ့ကျင့်ပြီးတိုးမြှင့် နေရာချထားခြင်းများစီမံဆောင်ရွက်လေ့ရှိပါသည်။
Tourism Master Plan
၁၉၉၉ ပြည့်နှစ်ခန့် စစ်အစိုးရလက်ထက် ဟိုတယ်/ခရီး၀န်ကြီးဌာနပေါ်ပြီးနောက် နှစ် ၃၀ခရီးသွား မဟာစီမံကိန်း (30 Year Master Plan ) ကိုအထက် ပုဂ္ဂိုလ်များ တာ၀န်ပေးချက်အရ ရက်အနည်းငယ် နှင့် မသိုးသင်္ကန်းရက်သကဲ့သို့ ရေးဆွဲခဲ့ဘူး ကြောင်း အငြိမ်းစားအရာရှိကြီးတစ်ဦး ဖြစ်သူ ဦးမျိုးလွင်မှ ပြောပြသဖြင့် သိခဲ့ရသည်။ထို Master Plan ကြီးလည်း နောက် ဆို ဖုန် အလူးလူး နှင့် ခြင်းတွင်းစာပေဖြစ်ခဲ့ရသည်။ ၂၀၁၀ ခုနှစ်အစိုးရသစ် လက်ထက် တွင် ဟိုတယ်/ခရီး၀န်ကြီးဌာနမှ Tourism Master Plan ကိုနိုင်ငံခြားမှ ပညာရှင်များ၊ INGO/Development Partner များအကူ အညီဖြင့် ၈နှစ် စီမံကိန်း ရေး ဆွဲနိုင်ခဲ့ သည်။ အဓိကမဏ္ဍိုင် ၆ရပ် Six Pillars ကိုအခြေ ခံသော Tourism Master Plan ( 2013-2020) သည် အစိုးရသစ် လက် ထက် ၀န်ကြီး ဌာနပေါင်း ၃၀ နီးပါးရှိသည့်အထဲတွင် ဟိုတယ်/ခရီး ၀န်ကြီးဌာနမှာ ပထမဆုံး ဂုဏ်ယူ စွာ တင်ပြနိုင်ခဲ့သည်။ Tourism Master Plan အတိုင်း အချို့ကဏ္ဍများတွင် အကောင်အထည်ဖော်နိုင် ခဲ့သည်။ ဒီဘက်ခေတ်တွင် Master Plan ကို ပြန်လည် သုံးသပ်ပြီး နောက်၁၀နှစ် စီမံ ကိန်း တခုဆက်လက်ရေးဆွဲရေးကို စာရေးသူတို့နှင့် MTF တွင် မကြာသေးခင်ကမှ ဆွေးနွေးခဲ့ပြီး ၀န်ကြီးဌာန ပြန်လည် တင်ပြထားဆဲဖြစ်သည်။ ယခုထိတော့ အရွေ့တစ်ခုအတွက် စောင့်ဆိုင်း နေဆဲဖြစ်သည်။
Myanmar Tourism Conference
စာရေးသူ အနေဖြင့်UMTA ခရီးသွားလုပ်ငန်းရှင်အသင်းကို ၂၀၀၂ ခုနှစ်တွင်စတင် တည်ထောင်သူ ၁၈ ဦး အနက် တစ်ဦး ( Co-founder)ဖြစ်ခဲ့သည့် အလျောက်နောက် ဆုံးကျန်ခဲ့သည့် “ ကျန်စစ်သား” တစ်ဦး ဆိုလျှင်မမှားနိင်ပါ။ UMTA အသင်းကြီး ဦးဆောင် သူဥက္ကဌအနေဖြင့် မိမိတို့ UMTA Ec အဖွဲ့၀င်များ၏အိပ်မက်တစ်ခု ဖြစ်သည့် MyanmarTourism Summit (MTS) မြန်မာ့ခရီးသွားထိပ်သီးညီလာခံတစ်ရပ်ကိုမိမိတို့ တာ၀န်ယူသည့် ကာလအတွင်းကျင်းပလိုသည်။ထို့ကြောင့် ၂၀၁၆ နှစ်ကုန်ပိုင်း မှစပြီးMTSဖြစ်မြောက်ရေးအတွက် ၀န်ကြီးမျာတင် ပတ်လည်ခြေစစ်ပွဲကစားခဲ့တာ ၁၁ နှစ်နီးပါးကြာခဲ့သည်။ Summit ကို မသုံးဘဲကွန်ဖရင့်သုံးရန် ၊ စက္ကူဖြူကြေညာစာတမ်းဟုမသုံးဘဲအကြံပြုစာတမ်းဟုသာသုံရန် ၊ ၂ရက်မလုပ်ဘဲ ဘတ် ဂျက်ခြုံ သည့်အနေဖြင့် ၁ရက်သာလုပ်ရန် ၊ UMTA မှမလုပ်ဘဲ MTF မှဦးဆောင်ရန် စသည်များ နှင့် ပင်အချိန် ကုန်ငွေကုန် လူ ပင်ပန်းခဲ့ရသည်။
နောက်ဆုံးတော့ UMTA မှဦးဆောင်ပြီး MOHT/MTF မှ အဓိက ပံ့ပိုးပြီး Tourism NGO များ ၊ Development Partner များနှင့် ညီနောင်အသင်းများ၏ ဝိုင်း၀န်းကူညီမှုများဖြင့် ၁၈ လခန့်ကြိုးပမ်းခဲ့ပြီး Cluster ၆ခုအတွက် အလုပ်ရုံဆွေး နွေးပွဲပေါင်း (၁) ဒါဇင်ခန့်ကျင်းပပြီးမှ ရလဒ်အပေါ်အနှစ်ချုပ်မည့် MTC ခရီးသွား ကွန်ဖရင့်ကြီးကို (၁၂.၆.၂၀၁၈) တွင် နေပြည်တော်MICC (II ) တွင် အောင်မြင်စွာကျင်းပ နိုင်ခဲ့သည်။ ဒုတိယသမ္မတ၂ ဦးဟင်နရီဗန်ဒီးယူ နှင့် နိုင်ငံတော် သမ္မတ (ငြိမ်း)ဦးထင်ကျော် နှင့်ဇနီး ၊၀န်ကြီးများနှင့်သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ NGO အဖွဲ့အစည်းများနှင့် Tourism Stakeholder များ ၄၀၀ ကျော်ခန့် တက် ရောက် ခဲ့ သည်။ခရီးသွားဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းထုတ်ပြန်ခဲ့သည်။ Post MTC Action Plan ကတော့ခရီးသွား ကဏ္ဍ အရွေ့အတွက် တွန်းအားလေးတခုဖြင့်သာ တရွေ့ရွေ့လိမ့်နေဆဲပင်။
Visit Myanmar Year 20XX မျှော်မှန်းကြည့်ခြင်း
၁၉၉၆ မြန်မာ့ခရီးသွားနှစ်ကို ခြင်္သေ့လည်ပြန်ကြည့်မိပြီးနောက် ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်မှုမှာ အထိုက် အ လျောက်ရှိခဲ့သည်မှာမှန်သော်လည်း ၊ ၁၉၉၆ မတိုင် ခင်က ခရီးသွားလုပ်ငန်းတွင်မြန်မာနောက်မှ ရှိနေခဲ့သော ဗီယက်နမ်၊ကမ္ဘောဒီးယား၊ လာအို စသည့်ကွန်မြူနစ်နိုင်ငံ များ၊ စစ်ဘေးသင့်ခဲ့သော နိုင်ငံများသည် ယနေ့ခေတ်တွင် မြန်မာ့ေ၇ှ့သို့ေ၇ာက်နေပြီကို မည်သူမှမငြင်းနိုင်ပေ။ နှစ်၂၀ ကျော်အတွင်း ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွင် အခြေခံ အုတ် မြစ်များဖြစ် သော UMTA/MHA/MMC စသည့်အသင်းအဖွဲ့များမှ Master Plan လည်း စာအုပ်စင် ပေါ်တွင်နေရာယူခဲ့ပြီ။ လက်တွေ့ ထိရောက်မှု၇ှိမရှိတိုင်းတာရန် ပေတံရှာမတွေ့သေး သဖြင့် မပြောနိုင်ပေ။MTC ကဲ့သို့သော ခရီးသွား ညီလာခံ ကြီး အပြင် ပြည်တွင်းပြည်ပ အလုပ်ရုံဆွေးနွေးပွဲများ များစွာကျင်းပခဲ့ပြီးသော်လည်း အရွေ့အတွက် Action Plan အတွက် လွန် ဆွဲ နေကြဆဲပင်ဖြစ်သည်။ Visit Myanmar Year 20xx တွင် ကျင်းပမည်ဆိုလျှင် Tourism Master Plan (2021 …. 20XX) တွင် ထည့်သွင်းရေးဆွဲ ရန်လိုပါသည်။
ယနေ့မြန်မာနိုင်ငံပုံရိပ်ကျဆင်းနေသည်ကို အဖတ်ဆယ်ဖို့ ခရီးသွားလုပ်ငန်းဖြင့် Country Brand Image မြှင့် တင်ရာ တွင် Visit Myanmar Year ကျင်းပရေးပန်းတိုင်သည် ခရီးသွားလုပ်ငန်း Revitalization အတွက် အသက်ကယ် ဆေး တစ်ခု ဟုဆိုနိုင်ပေသည်။ “အိမ် သာ မှ ဧည့်လာ” ဆိုသည့် စကားအတိုင်း ” ဧည့်လာအောင် အိမ်သာစေဖို့ ’’ မဟာဗျူဟာ ချ မှတ်နိုင် ရန် Goal တစ်ခုပီပြင်စွာ ရှိရတော့မည်။ အိပ်မက်မက်နေမဖြစ်တော့ … ’’ Visit Myanmar Year 20XX ’’ ခရီးသွား ရည်မှန်း ချက် ပန်းတိုင်ရှိလျှင် ယနေ့ခရီးသွား လောကသားများအတွက် မျှော်လင့်ချက်ေ၇ာင်နီတစ်ခု ဖြစ်စေ မည်လော …