#သတိုးလွင် (ပထဝီဝင်)
“ဘရူနိုင်းဆိုတာဟိုတယ်တံခါးစောင့်က ကိုယ်ပိုင်ကားမောင်းပြီးအလုပ်ဆင်းတဲ့နိုင်ငံ၊ ဘတ်စ်ကားစီးတာတိုးရစ်ပဲရှိတဲ့နိုင်ငံ၊ ဘတ်စ်ကားတွေက မနက်၅ခွဲက ညနေ၅ခွဲထိပဲမောင်းတဲ့ နိုင်ငံရောက်ကတည်းကပြန်တဲ့အထိလမ်းပေါ်မှာဘတ်စ ်ကားမမြင်ခဲ့ရတဲ့နိုင်ငံ (ခရမ်းရောင်ဘတ်စ်လို့ပြောတာပဲလေ) .Dart တက္ကစီတော့ မေ့လောက်ချိန်တွေမှာတစီးတလေတွေ့တတ်တဲ့နိုင်ငံ..”
ဘရူနိုင်းမှာအစိုးရရုံးသမားအလုပ်ချိန်က နာရီ၄၀ (ဘာသာရေးအချိန် အလုပ်ခေတ္တအနားပေးတယ်တဲ့) အလုပ်ဝင်စအခြေခံလစာ BND ၅၀၀ ++ မန်နေဂျာလစာ BND ၂၀၀၀ ++ပါတဲ့ ။ဘရူနိုင်းဆိုတာလူဦးရေ ၅သိန်းမပြည့်ဘူး။ စင်္ကာပူလိုဘဲတစ်ဒေါ်လာမှာ ၁.၃ BND ငွေလဲနှုန်းရှိတယ်။ နိုင်ငံကျဉ်းကျဉ်းလေးကသစ်ပင်တွေပြည့်နေပြီးအရမ်းစိမ်းလန်းတယ်။ ရာသီဥတုကောင်းပြီးအပြာရောင်ကောင်းကင်ရှိတယ်။ စိမ်းပြာရောင်ပင်လယ်ရှိတယ်။ ဌက်တွေ သဘာဝတိရိစ္ဆာန်တွေများတယ်။ အိမ်တွေ ကောင်းတယ်။ဒါပေမဲ့အိမ်ခြေကျဲပါးတယ်။ဆင်းရဲအိမ်မရှိသလောက်ပါဘဲ။ (water village ကတော့ နိုင်ငံအလယ်ကောင်ကဘရူးနိုင်းမြစ် တစ်ဖက်ကရေပေါ်ရွာလေးပေါ့)။ လူတိုင်းလိုလိုကျန်းမာတယ၊် စိုပြည်ဝဖြိုးတယ်၊သူတောင်းစားမတွေ့ခဲ့ဘူး၊……..အော်ကြီးဟစ်ကျယ်…..ရန်ဖြစ်နေတာမတွေ့ခဲ့ဘူး။ ………… လူမြင်ကွင်းတော်တော်များများမှာအမှိုက်မရှိဘူး။ သန့်စင်ခန်းသုံးတာသန့်ရှင်းမှုတော့ လိုနေသေးတယ်။ဘရူနိုင်းဆိုတာရေနံတွေ ဘသာဝဓာတ်ငွေ့တွေထွက်တဲ့နိုင်ငံ၊ ပြည်သူချစ်ကြည်ညိုတဲ့ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ၊ နိုင်ငံသားတိုင်းပညာရေး Free, ကျန်းမားရေးFreeလူမှုရေးစောင့်ရှောက်မှုအလုံးအလောက်ရတဲ့နေရေး၊သေရေး၊သာရေး၊နာရေး၊ ဘာမှစိတ်ပူစရာမလိုတဲ့နိုင်င။ံဘရူနိုင်းဆိုတာ နိုင်ငံတော် TV Channel မှာအမှိုက်မပစ်ဖို့ ကားမောင်းမကြမ်းဖို့နဲ့ကလေးတွေ အကြောင်းများများပြသတဲ့နိုင်ငံ၊ ဘရူနိုင်းဆိုတာညညဆိုမျောက်အော်သံလေးတွေ ကြိုးခွေ ကြိုးခွေနဲ့ ညည့်ပိုးကောင်သံတစီစီနဲ့ အိပ်ပျော်သွားရပြီးမနက်မနက်ဆို ဝတ်ပြုသံတွေနဲ့ အိပ်ရာကနိုးထတဲ့နိုင်ငံ၊အေးချမ်းတဲ့မူလဆင်နိုင်ငံလို့ သူတို့ ဘာသာတင်စားသလိုတကယ်လဲအေးချမ်းတဲ့နေရာတစ်ခု။ ဘရူနိုင်းဆိုတာနိုင်ငံပိုင် TV လိုင်းနည်းနည်းနဲ့ တက္ကစီတစ်ခါခေါ်ရင် နာရီဝက်စောင့်ရပြီးတစ်ခါလည်ပြီးရင် နောက်၁၀နှစ်လောက်သွားစရာမလိုလောက်အောင် လုံလောက်တာကလွဲပြီးသာယာအေးချမ်းတဲ့နိုင်ငံ။
( သူငယ်ချင်း Tin HtayOo၏ Face Book Post လေးတစ်ခုအားဖတ်မိပြီး mention လုပ်လိုက်ရပါသည်။ )
Royal Brunei ဖြင့် အရှေ့မှ အနောက်ဆီသို့
၁၉၉၄ ခုနှစ်ခန့်ကဖြစ်လိမ့်မည်။ မောင်ရွှေတိုးတစ်ယောက် ဘန်ကောက်မှ ရန်ကုန်သို့ MAI လေယာဉ်ဖြင့် ခေတ္တပြန်လာဖြစ်ခ့ ဲ သည်။ MAI စတင်မွေးဖွားသည့်နှစ် B757 လေယာဉ်သစ်ကြီးကို Royal Brunei (BI) လေကြောင်းမှ Dry Lease ဌားရမ်းပြီးစတင်အသုံးပြုခဲ့ကြောင်းသိခဲ့ရသည်။ ကိုယ့်မြန်မာ Flag Carrier ဖြစ်သဖြင့် Royal Brunei အငွေ့အသက်သိပ်မသိခဲ့ရပေ။ ၁၉၉၆ခုနှစ်မှာလန်ဒန်သို့ Royal Brunei လေယာဉ်သစ်ဖြင့် ရန်ကုန်သို့တိုက်ရိုက်ခရီးစဉ် ကြုံခဲ့သည်။လေယာဉ်ပေါ်တွင် လေယာဉ်မယ်တွေက Duty Free အိတ်နဲ့အရက်ပုလင်းလေးတွေ ဝေပေးပါသည်။ လေယာဉ်ပေါ်မှာ serve လုပ်ပေးခဲ့သည်။ လေယာဉ်မတက်ခင်တွင် TV ဖန်သားပြင်ပေါ်မှ အစ္စလာမ်ဘာသာဝင်တိုင်းအတွက် အစ္စလာမ်ဘာသာဝတ်ပြုဆုတောင်းသံပေါ်လာစမြဲ၊ ကြာတော့လည်းရိုးလာခဲ့ပါသည်။ အရှေ့မှအနောက် Brunei Airline ဖြင့်ပျံသန်းခဲ့ပြီးနောက် အာဆီယံ ၁၀နိုင်ငံအနက် ဘရူနိုင်းတစ်နိုင်ငံသာမရောက်ဖြစ်ခဲ့၍ သွားလည်ချင်နေတာအတော်ကြာခဲ့ပါပြီ။ ယခုတော့ ဘရူနိုင်းမြေကိုပထမဆုံးအကြိမ်ရောက်ရှိခဲ့စဉ် အတွေ့အကြုံတွေကို မျှဝေလိုက်ပါသည်။
လျှပ်တပျက်ဘရူနိုင်း
အာဆီယံနိုင်ငံ(၁၀)နိုင်ငံများအနက် နောက်ဆုံးမှလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံဟာဘရူနိုင်းဖြစ်ပြီး ၁၉၀၆ခုနှစ်ကတည်းကအင်္ဂလိပ်ကိုလိုနီတဖြစ်လဲ ဗြိတိသျှဓနသဟာအဖြစ်မှ လွတ်လပ်ရေးကို ၁၉၈၄မှ ရရှိခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံဟာ 3in1 ကဲ့သို့ ဘော်နီယိုကျွန်းမှာရှိပြီးမလေးနဲ့ အင်ဒိုနီရှားကိုခွဲပေးလိုက်ရပေမဲ့ရေနံနဲ့ဓာတ်ငွေ့ဝင်ငွေနဲ့တင် လူဦးရေ ၄၂၀၀၀၀ ကျော်အတွက် ဖူလုံပါတယ်။ အာဆီယံနိုင်ငံတွေအနက် ခရီးသွားလုပ်ငန်းဧည့်သည်ဝင်ရောက်မှုမှာ မြန်မာပြီးရင် နောက်ဆုံးမှာရှိနေပေမဲ့ Tourism Infrastructure ဟာ မြန်မာထက်သာပါတယ်။ ပြည်သူတွေနဲ့ SME လုပ်ငန်းတွေအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားပြီးပညာရေးစရိတ်ငြိမ်းပြီးဆေးရုံတစ်ခါတက်လျှင်ဘရူနိုင်းငွေ (၁)ဒေါ်လာသာပေးရတယ်လို့ သိရပါတယ်။ ၈၀%ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်လို့ သောကြာနဲ့ တနင်္ဂနွေဟာအစိုးရးပိတ်ရက်ဖြစ်ပြီးပုဂ္ဂလိကလုပ်ငန်းတွေကတနင်္လာမှစနေနေ့ဝက်ထိရုံးဖွင့်ပါတယ်။
အာဆီယံနိုင်ငံတွေအကြားကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုအောက်ဆုံးအဆင့်မှာရှိတဲ့ဘရူနိုင်းနိုင်ငံရဲ့ ပြည်သူတွေဟာခရီးသွားလုပ်ငန်းကိုတော့ သက်မွေးဝမ်းကြောင်းအနေနဲ့ လုပ်ကိုင်နေတာတွေလေ့လာခွင့်ရခဲ့ပါတယ်။ ရေမြေတောတောင် စိုက်ပျိုးရေးလုပ်နိုင်တဲ့ရာသီဥတုမြေအနေကောင်းသော်လည်းလယ်ယာလုပ်ကိုင်မည့်သူရှားတာကြောင့် ဆန်ကိုထိုင်းနိုင်ငံမှ ဝယ်စားကြပါတယ်။ ရှေးကာလတွေကတည်းက ဗြိတိသျှကိုလိုနီအောက်ရောက်ခဲ့တယ်လို့ ဘုရင်ကမမှတ်ယူဘဲကမ်းလွန်ရေနံ၊သဘာဝဓာတ်ငွေ့ကိုဒတ်ချ်လူမျိုးပိုင် SHELL ကုမ္ပဏီကြီးကိုရှာဖွေထုတ်လုပ်ခိုင်းပြီးအင်္ဂလိပ်စစ်တပ်ကိုကာကွယ်ရေးအတွက် အသုံးချနိုင်ဖို့ နှစ်ပေါင်း၈၀နီးပါး ဓနသဟာရနိုင်ငံအဖြစ် ဘုရင်အာဏာနဲ့ ပူးတွဲရပ်တည်ခဲ့ပါတယ်။ ရေနံနဲ့ ကြွယ်ဝချမ်းသာသမျှ ပြည်သူအများစုဟာအလုပ်ကိုလတ်ကြောတင်းအောင်လုပ်တာမတွေ့ရဘဲ နှေးကွေးနေတတ်ကြ၏။ မြို့တော်ရှိနိုင်ငံသားအများစုဟာလမ်းပေါ်မှာလမ်းလျောက်နေတာမတွေ့ဘဲကားကိုယ်စီမောင်းလျက်သာ၊ဘာလို့လမ်းမလျှောက် သလဲလို့မေးမိတော့ နိုင်ငံခြားသားအလုပ်လာလုပ်တဲ့အင်ဒို၊ဘင်ဂါလီတွေထင်မှာစိုးလို့လမ်းမလျှောက်ကြောင်းသိရပေသည်။ မြန်မာဆရာဝန်တွေ ပညာရှင်တွေအပါအဝင် နိုင်ငံခြားသားများကိုလစာကောင်းကောင်းပေးသဖြင့် shore job လာလုပ်နေတာတွေ့ရပါတယ်။ အလုပ်ကြမ်းသမား မြန်မာတွေတော့နည်းပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ(၁၈၂)နိုင်ငံအနက် ဘရူနိုင်းဟာအဆင့်(၅)ချိတ်ပါတယ်။ ရွှေအတိနဲ့မွန်းထားတဲ့ဘုရင့်နန်းတော်ကြီးမှာအခန်ပေါင်း (၁၆၇၇) ခန်းရှိပြီး တရားဝင်မိဘုရား ၃ပါးမှ သမီးတော်(၇)ပါးနှင့် သားတော်(၅)ပါးထွန်းကားပါတယ်။ Flying Palace လို့တင်စားခေါ်ဝေါ်တဲ့ B747 Jumbo Jet နဲ့ဘုရင်ကြီးကခရီးသွားလေ့ရှိပါတယ်။ ထူးခြားတာကအရက်သေစာသောက်စားခွင့် လုံးဝတားမြစ်ထားပြီး မူစလင်မဟုတ်သော နိုင်ငံခြားသားတွေကိုတစ်ဦးလျှင်ဘီယာဘူး ၁ဒါဇင်၊ဝိုင် /အရက် ၁လီတာ၂ပုလင်းသာလေဆိပ်မှာကြေညာပြီးမှ သယ်ခွင့်ပြုပြီး public area နဲ့ဆိုင်တွေမှာသောက်ခွင့်မပြုတာကြောင့် ဟိုတယ်နဲ့ အိမ်မှာဘဲ ခွက်ပုံးချရတဲ့ဘဝကြုံချင် ဘရူနိုင်းကိုသွားကြည့်ပါ။ Import ဝက်သားကိုတော့ သီးသန့်ရောင်းပြီး မြို့တော်ကနေ ၁နာရီနီးပါးသွားရတဲ့ မလေးနယ်စပ်မှာတော့မူးရင်းသွားကဲလို့ ရကြောင်းသိရပါတယ်။ ဘာသာရေးအခြေခံယဉ်ကျေးမှုသာမက Ecotourism Products တွေနဲ့ Tourist တွေကိုဆွဲဆောင်နေတဲ့နေရာတွေသွားလည်ကြပါစို့ ။
ဘရူးနိုင်းမြေသို့ ခြေချခဲ့စဉ်
၂၀၀၉ ခုနှစ် စက်တင်ဘာလကဖြစ်သည့် Asia Cruise Service Network (ACSN) နှစ်ပတ်လည်အစည်းအဝေးကို ယခုနှစ်တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျHostအဖြစ်ကျင်းပခဲ့သည်။ မောင်ရွှေတိုးတစ်ယောက် အာဆီယံ ၁၀ နိုင်ငံထဲတွင် တနိုင်ငံသာကျန်တော့သည့် ဘရူနိုင်းနိုင်ငံသို့ အရောက်သွားဖို့ဟန်ပြင်ခဲ့သည်။
ဗိဇာမလိုသော်လည်း ၁၉၉၅ကလို တိုက်ရိုက်လေကြောင်းမရှိတော့၍ Kuala Lumpur (သို့) Bangkokမှတဆင့် သွားရသဖြင့် လေယာဉ်ခ US$ 600 ကျော်ကျသဖြင့် ဈေးကြီးလေစွ ။
ဘန်ကောက်သို့ TG ဖြင့်သွားပြီး Royal Brunei airlines ဖြင့် ခရီးစတင်၍ညနေဆိုရောက်ပြီး ဖြစ်ချင်တော့ တပ်မတော် (လေ)ပိုင် Y8လေယာဉ်တစ်စီးရန်ကုန်လေဆိပ်တွင်ပြေးလမ်းချော်သဖြင့်(၁)ညလုံးရွံ့နွံ့တောထဲမှ ကြိုးပမ်းနေစဉ်လေယာဉ်ကွင်းပိတ်ထားခဲ့ရသည်။ နာရီ၂၀နီးပါးကြာပြီးမှနောက်နေ့နံနက် PG လေယာဉ်ဖြင့်လိုက်ခဲ့ရသည်။အစည်းအဝေး ပထမရက်လွတ်သွားပြီးဟိုတယ်(၁) ညနှစ်နာခဲ့ရသည်။ဘာမှမတက်နိုင်ပြီ။
ညနေပိုင်းတွင် ဘရူနိုင်းနိုင်ငံမြို့တော်ဘန်ဒါဆရီဘီဂါဝမ်လေဆိပ်သို့ရောက်ရှိပြီးFreme Tour မှ Driver Guide လာကြိုသည်။ လေဆိပ်ကြိုယာဉ် ကြီးကျယ်ခန်းနားပြီးသန့်ရှင်းသည်။အကောက်ခွန်တွင် အရက်ပုလင်း၊ စီကရက်ပါလာပါက ကြိုတင်ကြောငြာပြီး Red Chanel မှဖြတ်ရသည်။ မောင်ရွှေတိုးကတော့ လက်ဆောင်ပေးရန် မြန်မာဝိုင်(၂)လုံးခရီးဆောင် သေတ္တာထဲခပ်တည်တည်ထည့်လာပြီးPablic Area တွင် အရက်ပုလင်းတွေကြီးစစ်ဆေး၍ အကောက်ခွန့်ကြောငြာမပြနိုင်ပါကအရေးယူခံရကြောင်းနောက်မှ သိတော့သည်။ကောင်းလေစွ !
တည်ခိုးရန်Radisson Hotel သို့ မိနစ်(၂၀)ခန့်သာလေဆိပ်မှမောင်းခဲ့ရပြီးအပြန် Check in ဝင်ပြီး ACSN ကိုယ်စားလှယ်တွေနှင့်ညစာစားရန်အသွား မြို့တော်ရဲ့ ညနေခင်းကိုလှည့်လည်ကြည့်ရှုကြပါတယ်။
ဘရူနိုင်း၏ ခရီးသွားအတွေ့အကြုံအချို့
မြို့တော်ရဲ့ညနေခင်းကိုတစေ့တစောင်းတင်ပြလိုပါတယ်။
ညနေခင်းBay Area မှ မြစ်ကူးတံတားနောက်ခံနဲ့ Land mark အထိမ်းအမှတ်တိုင်သို့သွားကြည့်ဓာတ်ပုံရိုက်ပြီးရွှေအတိပြီး ကြီးကျယ်ခန်းနားတဲ့ Jame’sAsrBolklahဗလီသို့ သွားလေ့လာခဲ့ပါတယ်။ ပြီးနောက် Welcome ညစာကို Grand Hotel တွင် ခရီးသွားဝန်ကြီးဌာနအတွင်းဝန်အဖွဲ့နှင့်အတူဧည့်ခံပါတယ်။ ဘုရင့်အမျိုးအနွယ်ပိုင်ကြီးကျယ်ခန်းနားသောဟိုတယ်ကြီးကိုသွားလေ့လာရင်းရင်သပ်ရှုမောဖွယ်ရာဘရူနိုင်းနိုင်ငံ၏ကြွယ်ဝချမ်းသားမှုကို တွှေ့ခဲ့ရပါတယ်။
ညစာမှာတော့ ဝက်မပါ၊ အရက်မပါ၍ Wet Dinner မဖြစ်ခဲ့ပါ။ Happy Hour လုပ်ချင်ရင်တော့မြို့တော်မှ ၁နာရီကျော်သွားရင် မလေးနယ်စပ်မှ တဖက်သို့ကူးပြီးသောက်စားမူးရစ်လို့ရကြောင်းဧည့်လမ်းညွှန်ကပြောပါတယ်။
ဘရူနိုင်းနိုင်ငံမှာခရစ်ယာန်ကိုးကွယ်သူ ၁၀ %ခန့်ရှိပေမယ့်ခရစ်စမတ်စ်ကာလမှာတော့ လမ်းမပေါ်မှာခရစ်စမတ်စ်သစ်ပင်၊မီးအလှဆင်တာခွင့်မပြုဘဲအိမ်အတွင်းဘုရားကျောင်းအတွင်း၌သာကျင်းပခွင့်ပြုကြောင်းဧည့်လမ်းညွှန်မှ ရှင်းပြပါတယ်။ ဒါ့အပြင် လိင်တူနေထိုင်ခြင်း(LGBT), လက်မထပ်ပဲအတူနေထိုင်ခြင်း(Living Together)တွေကိုတရားဥပဒေအရတင်းကျပ်စွာတားမြစ်ထားပြီးထိရောက်စွာအရေးယူကြောင်းသိရှိခဲ့ရပါတယ်။သို့သော် တက်နိုင်လျှင် ဇနီး(၄)ဦးထိတရားဝင် ယူခွင့်ရှိကြောင်းသိရတယ်။ ………… သင့်မြတ်လှတဲ့ဥပဒေရယ် ကောင်းလေစွ!
ညစာစားပြီးဟိုတယ်ပြန်ရောက်တော့ BruneiAgentမှ သူငယ်ချင်းSuguကဘီယာသံဘူး ၂ဘူးစီ ဓာတ်လှေကားဝမှ အနက်ရောင်အိတ်နဲ့ထုတ်ပြီး “Enjoy Your Self in Your Room” လို့ပြောရှာပါတယ်။
“ ဘာမှမတက်နိုင်ပါ………ခုညတော့ ဘရူနိုင်းမှာသာအိပ်ဖို့သာရှိတော့တယ်။
ဒုတိယနေ့မှာတနေကုန် အစည်းဝေးတက်ပြီးညနေမှ အခန်းပြန်ပြီးခေတ္တခဏနားဖြစ်ပါတယ်။ညစာကိုတော့ ဂျပန်စာကျွေးပါတယ် ပြီးမှ မြို့တစ်ပတ်လှည့်ပြီးညဈေးကိုလိုက်ပို့ရာဘရူးနိုင်းရိုးရာစားစရာများအသီးအနှံတွေအပြင် အဝတ်အထည် အသုံးအဆောင် အချို့ရောင်းပါတယ်။ အရမ်းချိုပြီး ၅ဒေါ်လာလောက်ပေး၍ ဈေးမချိုလှပေ။ ဒူးရင်းသီးဆိပ်တက်ပြီးကောင်းမွန်စွာအိပ်စက်ခဲ့သောညတညပါ။
2.နောက်နေ့မနက်ဟိုတယ်မှနံနက်စာစားပြီးလာခေါ်တဲ့ကားနဲ့ ဘရူနိုင်းမြစ်ဆိပ်ကိုသွားတယ်။ တံတားကြီးကိုဖြတ်စဉ်ရေပေါ်မှာ (Water Village)လေးကိုတွေ့ရတယ်။ အခြားTouristတွေအတွက် အထူးအဆန်းဖြစ်နိုင်ပေမယ့် မောင်ရွှေတိုးတို့ အင်းလေးရေပေါ်အိမ်တွေလောက်စွဲမက်ဖွယ်ရာမရှိလှပေ။ ဆိပ်ကမ်းရောက်တော့ ဖယ်ရီစောင့်နေစဉ်Guide မှ၄၅မိနစ်ခန့်ရေလမ်းခရီးသွားရာမှာဆောင်ရန်ရှောင်ရန်တွေ Briefing ပြောပြီးဖုန်းဖြင့်ဓာတ်ပုံရိုက်ပါတယ်။ ခရီးသည်စားရင်းသွင်းပြီးသူ့ကုမ္မဏီကို တာဝန်စပြီးဖြစ်ကြောင်းဓာတ်ပုံပို့ရင်းသတင်းပို့ပါတယ်။ ကောင်းတဲ့ Feetback Report System တစ်ခုပါ။
အများပြည်သူစီးတဲ့ ရှပ်ပြေးယာဉ်ဖြစ်ပြီးမလေးရှားရေပိုင်နက်ကို ဖြတ်ပြီးမှ အမျိုးသားဥယာဉ်UluTemburongသို့ရောက်ပါတယ်။ ဆိပ်ကမ်းမှ နာရီဝက်ခန့်ကားဖြင့်သွားပြီးမောင်ရွှေတိုး၏ ဘရူနိုင်း Agent ပိုင်Freme Lodging Camp & Adventure Park ကိုရောက်ပြီးခေတ္တနားရင်းနံနက်စာကျွှေးပါတယ်။ ကောင်းညှင်းထုတ်နဲ့လက်ဖက်ရည်၊ အကြော်စုံ…မြန်မာပြည်အလွမ်းပြေပေါ့။ပူတာအိုရှိုမူလာရှီဒီကြိုးတံတားနဲ့ ကမ်းနဘေးဆင်ပါတယ်။ လူ(၃၀)လောက် တည်းလို့ရမည့် Logging House ကိုသစ်ဝါးတွေနဲ့ တည်ဆောက်ထားပြီး Zip Line အားကစားလုပ်လို့ရမယ့် Adventure Sport Activities တွေထည့်ထားပါတယ်။ Long Tail ပဲ့ထောင်စက်လှေနဲ့ အမျိုးသားဥယာဉ်ရှိရာသို့ချောင်းရိုးအတိုင်းနာရီဝက်ခန့်သွားရပါတယ်။ ကျောက်ဆောင်တွေကြားမှ လှေမမှောက်အောင် ဝါးလုံးနဲ့ထိုးထိန်းပြီးမောင်းခဲ့ရပါတယ်။
ဘရူနိုင်းအစိုးရသစ်လုပ်ငန်းမှ ဆောက်ထားတဲ့Log House မှ နာရီဝက်ကျော်ကျော်လမ်းလျှောက်ရသေးတယ်။ ကျိုက်ထီးရိုးသွားသလိုပါဘဲ။ ရည်မှန်းချက်ကတော့မီတာ ၅၀ အမြင့် စတီးဘားတွေနဲ့ တည်ဆောက်ထားတဲ့ ငှက်ကြည့်စင်ကြီး(၂)ခုနှင့် ဆက်သွယ်ထားတဲ့ စတီးကြိုးတံတားပေါ်မှာသည်းထိပ်ရင်ဖို ဖြတ်ခဲ့ရပါတယ်။
အမြဲစိမ်းသစ်တောကို မီတာ၅၀ လောက်ရှိတဲ့ Manmade မျှော်စင်ပေါ်သို့ သည်းထိပ်ရင်ဖိုတက်ပြီးရှုခင်းခံစားရင်းဓာတ်ပုံရိုက်ဖို့ အတွေ့အကြုံအတွက် (၂) နာရီကျော် အချိန်ကုန်ရကျိုးနပ်ပါတယ်။
မောင်ရွှေတိုးကိုတနေ့တာ ဝန်ဆောင်မှု ပေးခဲ့တဲ့ ဘရူနိုင်းဧည့်လမ်းညွှန် Abdul Azeemဟာ Eco Tour Guide လိုင်စင်အတွက် (၂)ပတ် မွမ်းမံသင်တန်းတက်ခဲ့ပြီးမှ သီးသန့်လိုင်စင်ရကြောင်းရှင်းပြပါတယ်။အပြန်လမ်းမှာတော့ ရေစုန်ဖြစ်လို့ နာရီဝက်အတွင်း Base Camp ပြန်ရောက်ပြီးနေလည်စာကို မြိန်ရာဟင်းကောင်းစားခဲ့ရတယ်။ ဘဲဥဆီပြန်ဟင်း၊ ကြက်သားချက်၊ အမဲသားခါးပတ်ဟင်း၊သီးရွက်စုံကြော်နဲ့ရွှေဖရုံသီးဟင်းချို မြန်မာထမင်းဟင်းလိုပါဘဲ။ ညနေ၄နာရီ ဟိုတယ်သို့ပြန်ရောက်ပြီး Late Check Out လုပ်ရပါတယ်။
ဘရူနိုင်းရောက်အလုပ်လုပ်နေတဲ့ ဆရာဝန် မောင်ရွှေတိုးရဲ့ ညီမအမျိုးတွေဖြစ်တဲ့ Drနီလာအေးနဲ့ Drတိုးတိုးအောင်တို့လာခေါ်ပြီးလေဆိပ်သို့ လိုက်ပို့ပေးပါတယ်။ ညီမကိုသေချာမှာထားလို့ဒူးရင်းသီးနီကိုထုပ်ပိုးပြီးအနံ့မထွက်အောင် ပြည်တော်ပြန်ယူခဲ့ကာအမှတ်တရပါ။
2020 ATF ဘရူးနိုင်း
ယခုနှစ် ဇန်နဝါရီလမှာလဲAsean Tourism Forum(ATF)ကိုဘရူးနိုင်းမှာအလှည့်ကျ ကျင်းပခဲ့ပါတယ်။ ဟိုတယ်ခရီးဝန်ကြီးနဲ့ အစည်းအဝေးတက်ရန်သွားရောက်ခဲ့ပြီး မြန်မာပြခန်းလည်းထုံးစံမပျက်ပြသခဲ့ပါတယ်။ မောင်ရွှေတိုးကတော့ (၁)ခေါက်ရောက်ပြီးမသွားဖြစ်တော့ပေ။
မြန်မာပြည်အဖွဲ့တွေကတော့ ATF ပွဲတွေမှာ နှစ်တိုင်း Late Night Function တွေမှာကဲခဲ့ရတော့ ဒီနှစ်ဘရူးနိုင်းမှာ ထင်သလောက်မကဲနိုင်ခဲ့ကြောင်းဟိုတယ်အခန်းတွင်း၌သာဝိုင်းဖွဲ့ရင်း Happy Hour အဖြစ် စုသောက်ခဲ့ရကြောင်းကြားမိပါသည်။
မည်သို့ပင်ဆိုစေ၊ ခရီးသွားလုပ်ငန်းသည် ယဉ်ကျေးမှုသဘာဝအခြေခံ စွန့်စားခြင်းသာမကအပန်းဖြေ(Leisure)တို့ဖြင့် ပေါင်းစပ်ထားသဖြင့်ဘရူးနိုင်းသည်အခြားအာဆီယံနိုင်ငံများလောက် ပျော်ရွှင်စရာ ဈေးဝယ်ကောင်းသောနေရာတော့မဟုတ်ပေ။
ဘရူနိုင်းနိုင်ငံမှာရေနံဖြင့်ချမ်းသာ၍ခရီးသွားလုပ်ငန်းမှ ဝင်ငွေလည်းသိပ်ဂရုမစိုက်ပေ။
မောင်ရွှေတိုးတို့ မြန်မာနိုင်ငံ၂၀၁၉ခရီးသည် ဝင်ရောက်မှု(၄)သန်းကျော်ရှိခဲ့သည့်စံချိန်မိမိတို့အောက်မှာဘရူးနိုင်းရှိနေသေး၍ Golfer စကားအရပြောလျှင် Best Looser အဖြစ်သာကျေနပ်နေရမည်လော…..
“ဘရူးနိုင်းရယ် ….ဖြေးဖြေးပေါ့ “ ဟူ၍သာဖြေတွေးနေမိတော့သည်။