လမ်းတဆုံးမြို့လေး က ဇော်ဂျီရေထွက်

ဇော်ဂျီရေထွက်ပေါက် က ပင်းတယမြို့ရဲ့ အထင်ကရ တစ်ခု ဖြစ်ပေမယ့် ခရီးသွားဧည့်သည်တွေကြားမှာ တိမ်မြုပ်နေတဲ့ နေရာတစ်ခုဖြစ်လို့နေပါတယ်။ ဇော်ဂျီ ရေထွက် ရေကန်ဟာ သဘာဝ ရေထွက် တစ်ခု ဖြစ်ပြီး ဇော်ဂျီကျေးရွာထဲမှာ တည် ...

#နှင်းဆီသခင်

“ရေချိုးသွားဖို့ဆိုရင် အရင်ဆုံး အမျိုးအရင် စပ်ကြရတယ်လို့ ရယ်ရယ်မောမော ပြောပြလာတဲ့သူက” ပင်းတယ က ဒေသဧည့်လမ်းညွှန် အစ်ကို ကိုစိုးသီဟ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ရိုးရာဓလေ့ ယုံကြည်မှုကြောင့်မို့ ဇော်ဂျီ ရေထွက် ကို ရေလာကစားကြတဲ့အခါ အခုလိုမျိုး အရင်ဆုံး အမျိုးစပ်ကြရတာ ဖြစ်ပါတယ်။

အစကတော့ စာရေးသူ နားမလည်သလို ဖြစ်ပေမယ့် အကြောင်းစုံကိုသေချာမေးမိမှ သဲသဲကွဲကွဲ သိသွားရပါတယ်။ အကြောင်းကတော့ ရေထွက်တဲ့ နေရာက နှစ်ပေါက်ရှိပြီးတော့ ဒေသအခေါ်အရ မောင် ပေါက် မ ပေါက် ဆိုပြီးခေါ် ဝေါ် သုံးနှုံးကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဇော်ဂျီ ရေထွက်ကို ရေလာကစားကြပြီဆိုရင် ဒေသယုံကြည်မှုအရ မောင်နှမအတူတူ တွဲပြီး ရေထွက်ပေါက် တစ်ခုတည်းဆီ ကို မသွားကြပါဘူး။

ယောကျာ်းလေးဖြစ်သူက မောင် ပေါက် ရေထွက်ဘက်ကို သွားရင် မိန်းကလေးဖြစ်သူက မ ပေါက် ရေထွက်ဘက်ကို သွားကြရတာ ဖြစ်ပါတယ်။ အတူတူ သွားရင် တစ်စုံတစ်ရာ ဖြစ်တတ်ကြတယ်လို့ ဒေသယုံကြည်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။

ဇော်ဂျီရေထွက်ပေါက် က ပင်းတယမြို့ရဲ့ အထင်ကရ တစ်ခု ဖြစ်ပေမယ့် ခရီးသွားဧည့်သည်တွေကြားမှာ တိမ်မြုပ်နေတဲ့ နေရာတစ်ခုဖြစ်လို့နေပါတယ်။ ဇော်ဂျီ ရေထွက် ရေကန်ဟာ သဘာဝ ရေထွက် တစ်ခု ဖြစ်ပြီး ဇော်ဂျီကျေးရွာထဲမှာ တည်ရှိပါတယ်။

ပင်းတယ မြို့ထဲက နေ ကားနဲ့ မိနစ်ပိုင်း သွားရောက် နိုင်တဲ့ နေရာဖြစ်ပြီး ဇော်ဂျီ ရေထွက်ကို ရှင်မိယာကုန်းကနေ တောင်တက်ပြေပြေလေးနဲ့ Trekking လေးလျှောက်ပြီး သွားရောက် လို့ရပါတယ်။ အေးစိမ့်တဲ့ တောအုပ်ထဲတွင်း ရှိတာမို့ တောတောင် သဘာ၀ ကို ကောင်းကောင်းခံစားနိုင်ပါသေးတယ်။

တကယ်တော့ ပင်းတယ ဆိုတာက ဒဏ္ဍာရီတွေ ရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပြီး လမ်းတဆုံးမြို့လေးလို့ တောင် ခေါ်ဝေါ်ကြပါတယ်။ စာရေးသူတို့ ကြားဖူးကြတဲ့ ပုန်းတလုပ်ရေကန် ၊ ဒွေးမယ်နော် နဲ့ သုဓနု မင်းသား ဇတ်လမ်းတွေက ဒီ ပင်းတယမြို့ငယ်လေးကို မြစ်ဖျားခံစေတာပါပဲ။ ဇော်ဂျီရေထွက်ဆိုတာလည်း သုဓနုမင်းသားနဲ့ ဒွေးမယ်နော်တို့ရဲ့ ဇာတ်ကြောင်းထဲမှာ တစ်ခုပါ၀င်တာမို့ ရှင်မိယာကုန်းပေါ်မှာ သုဓနုမင်းသားနဲ့ ကြင်ရာတော် ဒွေးမယ်နော်တို့ရဲ့ ရုပ်ထုကို ထုလုပ်ထားတာ တွေ့ရသလို တရားရိပ်သာကိုလည်း တွေ့မြင်ရပါတယ်။

ရှင်မိယာကုန်းကနေ တောလမ်းလေးအတိုင်း လမ်း လျှောက် ရင်း သစ်ရိပ်ဝါးရိပ်တွေပြည့်နေတဲ့ လမ်းကျယ်ကျယ် လေးရောက်တော့ ကျိုင်းတုံရေတံခွန်ကိုသွားခဲ့တုန်းက ခံစားမှုကို ရရှိစေခဲ့ပြန်တယ်။ အေးစိမ့်တဲ့ရာသီဥတု နဲ့ စိတ်အေးချမ်းမှု ကို တပြိုင်နက် ရရှိစေခဲ့တာပါ။

အဲဒါဇော်ဂျီရေထွက်ကန်ကနေ စီးဆင်းလာတဲ့ ရေတွေကို သိုလှောင်ထားတဲ့ စမ်းချောင်းလေးလို့ ချောင်းလေးကို လက်ညိုးထိုးပြပြီး ရှင်းပြပါတယ်။ ဒီနေရာက စမ်းချောင်းရဲ့ အစ သ ဘောမျိုးဖြစ်နေတာမို့ သိပ်မကျယ်ပေမဲ့ ရေကတော့ တွေ့ရတဲ့ အတိုင်း ကြည်နေတာ။ ဒီနေရာမှာ ရေလည်း သိပ်မနက်တော့ ဒီနေရာမှာပဲ အပန်းဖြေ တာ၊ ရေဆော့တာတွေ ရှိကြတယ်။ သကြ်န် ဆိုရင် လူတွေက သိသိ မသိသိ ရေလာကစားကြလေ့ရှိတယ်။ ချောင်းထဲ ရေကစားတဲ့သူက ကစား ဘေးနားမှာ ချက်ပြုတ်စား သောက်တဲ့သူက စားကြသောက်ကြနဲ့
တနေကုန် အေးဆေးလာနားကြတယ်။

ဒီနေရာမှာတော့ (မောင်) တွေ (မ) တွေ မခွဲခြားတော့ဘူး အတူတူ ရေကစားလို့ ရတယ်။ ရေထွက်တဲ့ နေရာကို သွားတော့မယ်ဆို တဲ့ အခါကျမှ အမျိုး စပြီး စပ်ကြတော့တာပဲ။ ရယ်ရယ် မောမောနဲ့ နင် နဲ့ ငါက ဘယ်လို အမျိုးတော်တယ်။ ဘယ်နှစ်၀မ်းကွဲတယ်ဆိုတာတွေက အဲ့ကျမှ စကျတော့တာပဲ လို့ ဧည့်လမ်းညွှန် ကိုစိုးသီဟက ပြောပြပါတယ်။

အဲဒီကနေ တဆင့် တောလမ်းလေးအတိုင်း လျှောက်ပြီးတဲ့ခဏအကြာမှာတော့ ဇော်ဂျီ ရေထွက်ပေါက် နှစ်ပေါက် ရှိတဲ့အထဲ က (မောင်) ပေါက်လို့ ခေါ်တဲ့ မြစိမ်းရောင် အသွင် ကြည်လင်နေတဲ့ရေကန်လေးကို တွေ့လိုက်ရ ပါတော့တယ်။ ရေတွေက ဘယ်ကနေ လာတာလဲလို့ မေးမိတော့ ကျောက်ကြားတွေကနေ စီးလာတာလို့ပဲ ပြောပါတယ်။ ဒါနဲ့ ဒီရေကန်ထဲ ဆင်းဖူးလားလို့ ဆိုတော့ မဆင်းကြပါဘူး။ ဒီအောက်မှာ ဘာတွေရှိမလဲ မသိနိုင်ဘူးလေ။ မဆင်းရဲဘူး။ သန့်ရှင်းရေး လောက်ပဲ လုပ်ကြတယ် လို့ ကိုစိုးသီဟ က ဆိုပါတယ်။

ရေအရောင်က ကြည်မြနေတာမို့ ကန် ထဲမှာ ပြေးလွားနေတဲ့ ငါးလေးတွေကိုလည်းမြင်ရသလို ကန် အနေအထားက သိပ်ပြီး မကျယ်ဘူးလို့ ဆိုနိုင်ပေမဲ့ ရေထွက်အားအရမ်းကောင်းတယ်လို့ သိရပါတယ်။ အံ့သြစရာ ကောင်းလှ တာက ပင်းတယမြို့ရဲ့ အားထားရတဲ့ ပုန်းတလုပ်ရေကန် ရေခမ်းရင် ဒီဇော်ဂျီ ရေထွက်က ရေကို စုပ်ယူပြီး ပုန်းတလုပ်ကန်ထဲ ကို ရေထည့်သွင်းတယ်လို့လည်း သိရပါတယ်။

ရေထွက် (မောင်) ပေါက် ဘက်ကနေ တံတားလေးကူးပြီး သွားလိုက်တာနဲ့ ရေထွက် (မ) ပေါက်ဘက်ကို ရောက်ရှိခဲ့ပါတယ်။ တံတားလေးဆိုလို့ ကြီးကြီးမားမားရယ်မဟုတ်ပါဘူး။ ဘယ်ညာလက်ရန်းနဲ့ သစ်သား တံတားပဲဖြစ်ပါတယ်။ တံတားကိုတော့ တင်မိုးလွင် တံတားလို့ ဧည့်လမ်းညွှန်က ပြောပါတယ်။

အကြောင်းက အရင်ကဆို ရေထွက် (မ) ပေါက်ကူးမယ်ဆိုရင် ဟိုဘက် ဒီဘက် ကို သစ်လုံးကြီးကြီး တန်းတန်းပြီးကူးကြရာကနေ ကလေးသူငယ်တွေနဲ့ လူကြီးတွေ ကူးတဲ့အခါ အန္တရာယ်ရှိမှာစိုးတဲ့အတွက် မော်ဒယ်တင်မိုးလွင် ကနေ ကမကထ လုပ်ပြီး ဆောက်ပေးထားလို့ သိရပါတယ် ။ ရေထဲ နစ်မြုပ်နေတဲ့ သစ်လုံးကို ကြည့်ပြီး ကိုယ်ဆိုရင် မလွယ်ဘူးပဲ ဆိုပြီး တွေးမိလိုက်ပါသေးတယ်။

တံတားကျော်ပြီး အနည်းငယ်လမ်းလျှောက်သွားလိုက်ပြီ ဆိုတာနဲ့ (မ) ပေါက်ရေထွက်ပေါက်ကို တွေ့ရပါတယ်။ ထူးထူးခြားခြား ကွဲပြားတာမျိုး မရှိပေမဲ့ (မောင်)ပေါက် ရေထွက်နဲ့စာရင် သစ်ရိပ်ဝါးရိပ် နဲနဲ ထူထပ်တာ တွေ့ရသလို (မောင်) ပေါက်ရေထွက် ထက် ကန်အ၀ ပိုကျယ်ပြီး ရေထွက်အားကတော့ (မောင်) ပေါက် ရေထွက်ထက် ရေထွက်အား နည်းတယ်လို့ သိရပါတယ်။

တကယ်တော့ ပင်းတယမြို့ငယ်လေးမှာ ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်တဲ့ နေရာတွေ များစွာရှိပါတယ်။ ပင်းတယလို့ ပြောလိုက်တာနဲ့ နှစ်ရာချီရှိနေတဲ့ ညောင်ပင်အိုကြီးတွေ အစီအရီရှိတဲ့မြို့၊ ပြည်တွင်းခရီးသွား တွေ တခုတ်တရ နဲ့ လာရောက်ဖူးမြှော်ကြတဲ့ ရွှေဥမင် ဘုရားနဲ့ ကုံလုံဆရာတော် ရုပ်ကလာဒ် ကျောင်း၊ ရိုးရာထီးလုပ်ငန်း၊ စက္ကူလုပ်ငန်း ၊ လက်ဖက်လုပ်ငန်း နဲ့ တောတွင်းလမ်းလျှောက် တာတွေကို သွားရောက်လေ့လာနိုင်တဲ့ မြို့ငယ်လေးတစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပင်းတယမြို့လေးကို ရောက်တုန်းရောက်ခိုက် လည်ပတ်စရာ အသစ်တွေကို ရှာဖွေရင်း ခရီးသွားတွေကြား တိမ်မြှုပ်လုလု ဖြစ်နေတဲ့ မြစိမ်းရောင် အသွင် ဇော်ဂျီရေထွက်ကို သွားရောက်လည်ပတ်ရင်း နဲ့ မရောက်ဖူးသေးတဲ့ ပတ်၀န်းကျင်အသစ် တောရိပ်တောင်ရိပ်အရသာကို ခံစားရင်း ဘာလို့ များ ရေထွက်နေရာ တစ်ခုတည်းကို မောင်နှမ အတူတူ သွားလို့မရတာလဲဆိုတဲ့ အတွေးတစ်ပိုင်းတစ်စနဲ့ တောလမ်းလေးတစ်လျှောက် ပြန်လာခဲ့ပါတော့တယ်။

#ZawgyiVersion

“ေရခ်ိဳးသြားဖို႔ဆိုရင္ အရင္ဆုံး အမ်ိဳးအရင္ စပ္ၾကရတယ္လို႔ ရယ္ရယ္ေမာေမာ ေျပာျပလာတဲ့သူက” ပင္းတယ က ေဒသဧည့္လမ္းၫႊန္ အစ္ကို ကိုစိုးသီဟ ျဖစ္ပါတယ္။ ေဒသခံေတြရဲ႕ ရိုးရာဓေလ့ ယုံၾကည္မႈေၾကာင့္မို႔ ေဇာ္ဂ်ီ ေရထြက္ ကို ေရလာကစားၾကတဲ့အခါ အခုလိုမ်ိဳး အရင္ဆုံး အမ်ိဳးစပ္ၾကရတာ ျဖစ္ပါတယ္။

အစကေတာ့ စာေရးသူ နားမလည္သလို ျဖစ္ေပမယ့္ အေၾကာင္းစုံကိုေသခ်ာေမးမိမွ သဲသဲကြဲကြဲ သိသြားရပါတယ္။ အေၾကာင္းကေတာ့ ေရထြက္တဲ့ ေနရာက ႏွစ္ေပါက္ရွိၿပီးေတာ့ ေဒသအေခၚအရ ေမာင္ ေပါက္ မ ေပါက္ ဆိုၿပီးေခၚ ေဝၚ သုံးႏႈံးၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ေဇာ္ဂ်ီ ေရထြက္ကို ေရလာကစားၾကၿပီဆိုရင္ ေဒသယုံၾကည္မႈအရ ေမာင္ႏွမအတူတူ တြဲၿပီး ေရထြက္ေပါက္ တစ္ခုတည္းဆီ ကို မသြားၾကပါဘူး။

ေယာက်ာ္းေလးျဖစ္သူက ေမာင္ ေပါက္ ေရထြက္ဘက္ကို သြားရင္ မိန္းကေလးျဖစ္သူက မ ေပါက္ ေရထြက္ဘက္ကို သြားၾကရတာ ျဖစ္ပါတယ္။ အတူတူ သြားရင္ တစ္စုံတစ္ရာ ျဖစ္တတ္ၾကတယ္လို႔ ေဒသယုံၾကည္မႈ ရွိတာေၾကာင့္ လို႔ ဆိုပါတယ္။

ေဇာ္ဂ်ီေရထြက္ေပါက္ က ပင္းတယၿမိဳ႕ရဲ႕ အထင္ကရ တစ္ခု ျဖစ္ေပမယ့္ ခရီးသြားဧည့္သည္ေတြၾကားမွာ တိမ္ျမဳပ္ေနတဲ့ ေနရာတစ္ခုျဖစ္လို႔ေနပါတယ္။ ေဇာ္ဂ်ီ ေရထြက္ ေရကန္ဟာ သဘာဝ ေရထြက္ တစ္ခု ျဖစ္ၿပီး ေဇာ္ဂ်ီေက်း႐ြာထဲမွာ တည္ရွိပါတယ္။

ပင္းတယ ၿမိဳ႕ထဲက ေန ကားနဲ႕ မိနစ္ပိုင္း သြားေရာက္ နိုင္တဲ့ ေနရာျဖစ္ၿပီး ေဇာ္ဂ်ီ ေရထြက္ကို ရွင္မိယာကုန္းကေန ေတာင္တက္ေျပေျပေလးနဲ႕ Trekking ေလးေလွ်ာက္ၿပီး သြားေရာက္ လို႔ရပါတယ္။ ေအးစိမ့္တဲ့ ေတာအုပ္ထဲတြင္း ရွိတာမို႔ ေတာေတာင္ သဘာ၀ ကို ေကာင္းေကာင္းခံစားနိုင္ပါေသးတယ္။

တကယ္ေတာ့ ပင္းတယ ဆိုတာက ဒ႑ာရီေတြ ရွိတဲ့ ၿမိဳ႕ငယ္ေလးတစ္ခုျဖစ္ၿပီး လမ္းတဆုံးၿမိဳ႕ေလးလို႔ ေတာင္ ေခၚေဝၚၾကပါတယ္။ စာေရးသူတို႔ ၾကားဖူးၾကတဲ့ ပုန္းတလုပ္ေရကန္ ၊ ေဒြးမယ္ေနာ္ နဲ႕ သုဓႏု မင္းသား ဇတ္လမ္းေတြက ဒီ ပင္းတယၿမိဳ႕ငယ္ေလးကို ျမစ္ဖ်ားခံေစတာပါပဲ။ ေဇာ္ဂ်ီေရထြက္ဆိုတာလည္း သုဓႏုမင္းသားနဲ႕ ေဒြးမယ္ေနာ္တို႔ရဲ႕ ဇာတ္ေၾကာင္းထဲမွာ တစ္ခုပါ၀င္တာမို႔ ရွင္မိယာကုန္းေပၚမွာ သုဓႏုမင္းသားနဲ႕ ၾကင္ရာေတာ္ ေဒြးမယ္ေနာ္တို႔ရဲ႕ ႐ုပ္ထုကို ထုလုပ္ထားတာ ေတြ႕ရသလို တရားရိပ္သာကိုလည္း ေတြ႕ျမင္ရပါတယ္။

ရွင္မိယာကုန္းကေန ေတာလမ္းေလးအတိုင္း လမ္း ေလွ်ာက္ ရင္း သစ္ရိပ္ဝါးရိပ္ေတြျပည့္ေနတဲ့ လမ္းက်ယ္က်ယ္ ေလးေရာက္ေတာ့ က်ိဳင္းတုံေရတံခြန္ကိုသြားခဲ့တုန္းက ခံစားမႈကို ရရွိေစခဲ့ျပန္တယ္။ ေအးစိမ့္တဲ့ရာသီဥတု နဲ႕ စိတ္ေအးခ်မ္းမႈ ကို တၿပိဳင္နက္ ရရွိေစခဲ့တာပါ။

အဲဒါေဇာ္ဂ်ီေရထြက္ကန္ကေန စီးဆင္းလာတဲ့ ေရေတြကို သိုေလွာင္ထားတဲ့ စမ္းေခ်ာင္းေလးလို႔ ေခ်ာင္းေလးကို လက္ညိုးထိုးျပၿပီး ရွင္းျပပါတယ္။ ဒီေနရာက စမ္းေခ်ာင္းရဲ႕ အစ သ ေဘာမ်ိဳးျဖစ္ေနတာမို႔ သိပ္မက်ယ္ေပမဲ့ ေရကေတာ့ ေတြ႕ရတဲ့ အတိုင္း ၾကည္ေနတာ။ ဒီေနရာမွာ ေရလည္း သိပ္မနက္ေတာ့ ဒီေနရာမွာပဲ အပန္းေျဖ တာ၊ ေရေဆာ့တာေတြ ရွိၾကတယ္။ သၾက္န္ ဆိုရင္ လူေတြက သိသိ မသိသိ ေရလာကစားၾကေလ့ရွိတယ္။ ေခ်ာင္းထဲ ေရကစားတဲ့သူက ကစား ေဘးနားမွာ ခ်က္ျပဳတ္စား ေသာက္တဲ့သူက စားၾကေသာက္ၾကနဲ႕
တေနကုန္ ေအးေဆးလာနားၾကတယ္။

ဒီေနရာမွာေတာ့ (ေမာင္) ေတြ (မ) ေတြ မခြဲျခားေတာ့ဘူး အတူတူ ေရကစားလို႔ ရတယ္။ ေရထြက္တဲ့ ေနရာကို သြားေတာ့မယ္ဆို တဲ့ အခါက်မွ အမ်ိဳး စၿပီး စပ္ၾကေတာ့တာပဲ။ ရယ္ရယ္ ေမာေမာနဲ႕ နင္ နဲ႕ ငါက ဘယ္လို အမ်ိဳးေတာ္တယ္။ ဘယ္ႏွစ္၀မ္းကြဲတယ္ဆိုတာေတြက အဲ့က်မွ စက်ေတာ့တာပဲ လို႔ ဧည့္လမ္းၫႊန္ ကိုစိုးသီဟက ေျပာျပပါတယ္။

အဲဒီကေန တဆင့္ ေတာလမ္းေလးအတိုင္း ေလွ်ာက္ၿပီးတဲ့ခဏအၾကာမွာေတာ့ ေဇာ္ဂ်ီ ေရထြက္ေပါက္ ႏွစ္ေပါက္ ရွိတဲ့အထဲ က (ေမာင္) ေပါက္လို႔ ေခၚတဲ့ ျမစိမ္းေရာင္ အသြင္ ၾကည္လင္ေနတဲ့ေရကန္ေလးကို ေတြ႕လိုက္ရ ပါေတာ့တယ္။ ေရေတြက ဘယ္ကေန လာတာလဲလို႔ ေမးမိေတာ့ ေက်ာက္ၾကားေတြကေန စီးလာတာလို႔ပဲ ေျပာပါတယ္။ ဒါနဲ႕ ဒီေရကန္ထဲ ဆင္းဖူးလားလို႔ ဆိုေတာ့ မဆင္းၾကပါဘူး။ ဒီေအာက္မွာ ဘာေတြရွိမလဲ မသိနိုင္ဘူးေလ။ မဆင္းရဲဘူး။ သန႔္ရွင္းေရး ေလာက္ပဲ လုပ္ၾကတယ္ လို႔ ကိုစိုးသီဟ က ဆိုပါတယ္။

ေရအေရာင္က ၾကည္ျမေနတာမို႔ ကန္ ထဲမွာ ေျပးလြားေနတဲ့ ငါးေလးေတြကိုလည္းျမင္ရသလို ကန္ အေနအထားက သိပ္ၿပီး မက်ယ္ဘူးလို႔ ဆိုနိုင္ေပမဲ့ ေရထြက္အားအရမ္းေကာင္းတယ္လို႔ သိရပါတယ္။ အံ့ၾသစရာ ေကာင္းလွ တာက ပင္းတယၿမိဳ႕ရဲ႕ အားထားရတဲ့ ပုန္းတလုပ္ေရကန္ ေရခမ္းရင္ ဒီေဇာ္ဂ်ီ ေရထြက္က ေရကို စုပ္ယူၿပီး ပုန္းတလုပ္ကန္ထဲ ကို ေရထည့္သြင္းတယ္လို႔လည္း သိရပါတယ္။

ေရထြက္ (ေမာင္) ေပါက္ ဘက္ကေန တံတားေလးကူးၿပီး သြားလိုက္တာနဲ႕ ေရထြက္ (မ) ေပါက္ဘက္ကို ေရာက္ရွိခဲ့ပါတယ္။ တံတားေလးဆိုလို႔ ႀကီးႀကီးမားမားရယ္မဟုတ္ပါဘူး။ ဘယ္ညာလက္ရန္းနဲ႕ သစ္သား တံတားပဲျဖစ္ပါတယ္။ တံတားကိုေတာ့ တင္မိုးလြင္ တံတားလို႔ ဧည့္လမ္းၫႊန္က ေျပာပါတယ္။

အေၾကာင္းက အရင္ကဆို ေရထြက္ (မ) ေပါက္ကူးမယ္ဆိုရင္ ဟိုဘက္ ဒီဘက္ ကို သစ္လုံးႀကီးႀကီး တန္းတန္းၿပီးကူးၾကရာကေန ကေလးသူငယ္ေတြနဲ႕ လူႀကီးေတြ ကူးတဲ့အခါ အႏၱရာယ္ရွိမွာစိုးတဲ့အတြက္ ေမာ္ဒယ္တင္မိုးလြင္ ကေန ကမကထ လုပ္ၿပီး ေဆာက္ေပးထားလို႔ သိရပါတယ္ ။ ေရထဲ နစ္ျမဳပ္ေနတဲ့ သစ္လုံးကို ၾကည့္ၿပီး ကိုယ္ဆိုရင္ မလြယ္ဘူးပဲ ဆိုၿပီး ေတြးမိလိုက္ပါေသးတယ္။

တံတားေက်ာ္ၿပီး အနည္းငယ္လမ္းေလွ်ာက္သြားလိုက္ၿပီ ဆိုတာနဲ႕ (မ) ေပါက္ေရထြက္ေပါက္ကို ေတြ႕ရပါတယ္။ ထူးထူးျခားျခား ကြဲျပားတာမ်ိဳး မရွိေပမဲ့ (ေမာင္)ေပါက္ ေရထြက္နဲ႕စာရင္ သစ္ရိပ္ဝါးရိပ္ နဲနဲ ထူထပ္တာ ေတြ႕ရသလို (ေမာင္) ေပါက္ေရထြက္ ထက္ ကန္အ၀ ပိုက်ယ္ၿပီး ေရထြက္အားကေတာ့ (ေမာင္) ေပါက္ ေရထြက္ထက္ ေရထြက္အား နည္းတယ္လို႔ သိရပါတယ္။

တကယ္ေတာ့ ပင္းတယၿမိဳ႕ငယ္ေလးမွာ ခရီးသြားဧည့္သည္ေတြ လည္ပတ္နိုင္တဲ့ ေနရာေတြ မ်ားစြာရွိပါတယ္။ ပင္းတယလို႔ ေျပာလိုက္တာနဲ႕ ႏွစ္ရာခ်ီရွိေနတဲ့ ေညာင္ပင္အိုႀကီးေတြ အစီအရီရွိတဲ့ၿမိဳ႕၊ ျပည္တြင္းခရီးသြား ေတြ တခုတ္တရ နဲ႕ လာေရာက္ဖူးျမႇော္ၾကတဲ့ ေ႐ႊဥမင္ ဘုရားနဲ႕ ကုံလုံဆရာေတာ္ ႐ုပ္ကလာဒ္ ေက်ာင္း၊ ရိုးရာထီးလုပ္ငန္း၊ စကၠဴလုပ္ငန္း ၊ လက္ဖက္လုပ္ငန္း နဲ႕ ေတာတြင္းလမ္းေလွ်ာက္ တာေတြကို သြားေရာက္ေလ့လာနိုင္တဲ့ ၿမိဳ႕ငယ္ေလးတစ္ခုပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ပင္းတယၿမိဳ႕ေလးကို ေရာက္တုန္းေရာက္ခိုက္ လည္ပတ္စရာ အသစ္ေတြကို ရွာေဖြရင္း ခရီးသြားေတြၾကား တိမ္ျမႇုပ္လုလု ျဖစ္ေနတဲ့ ျမစိမ္းေရာင္ အသြင္ ေဇာ္ဂ်ီေရထြက္ကို သြားေရာက္လည္ပတ္ရင္း နဲ႕ မေရာက္ဖူးေသးတဲ့ ပတ္၀န္းက်င္အသစ္ ေတာရိပ္ေတာင္ရိပ္အရသာကို ခံစားရင္း ဘာလို႔ မ်ား ေရထြက္ေနရာ တစ္ခုတည္းကို ေမာင္ႏွမ အတူတူ သြားလို႔မရတာလဲဆိုတဲ့ အေတြးတစ္ပိုင္းတစ္စနဲ႕ ေတာလမ္းေလးတစ္ေလွ်ာက္ ျပန္လာခဲ့ပါေတာ့တယ္။

#Photo TravellingJournal