ပြည်တွင်းခရီးသွား အားကောင်းလာမည့် ခရီးသွားနှစ် ၂၀၂၀

လရောင်ချို ခရီးသွားခြင်းသည် လူသားများ အတွက် စိတ်အပန်းဖြေရာ အလေ့အထ တစ်ခုဖြစ်ပေသည်။ ထို့ကြောင့် ခရီးသွား လာခြင်းကို တစစနှင့် ခုံမင်လာကြသည်။ ယခင်နှစ်ကာလများနှင့်စာရင် ပြီးခဲ့သည့် နှစ်နှစ်^သုံးနှစ ...

လရောင်ချို

ခရီးသွားခြင်းသည် လူသားများ အတွက် စိတ်အပန်းဖြေရာ အလေ့အထ တစ်ခုဖြစ်ပေသည်။ ထို့ကြောင့် ခရီးသွား လာခြင်းကို တစစနှင့် ခုံမင်လာကြသည်။ ယခင်နှစ်ကာလများနှင့်စာရင် ပြီးခဲ့သည့် နှစ်နှစ်^သုံးနှစ်ကာလအတွင်းမှာ လူတွေ ခရီးသွားလာမှုစိတ်လာတာနဲ့ တစ်ပြိုင်နက် လာမည့် ၂၀၂၀ ခုနှစ်သည် အားကောင်း လာမည့် ခရီးသွားနှစ် တစ်နှစ်ဖြစ်လာလိမ့် မည်ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်နေ သည့်သူများက ပြောကြားလာခဲ့သည်။

ထိုသူများ ပြောကြားသလိုပင် ပြည်တွင်းခရီးသွားသွားရောက်မှုများပြား သည့်နှုန်းမှာ ၂၀၁၉ ထက် တိုးတက်လာ စေခဲ့သည်ကတော့ ပိုမှန်လာခဲ့သည်။ ယခု ကဲ့သို့အားကောင်းလာစေသည့်အကြောင်း ရင်းများကလည်းရှိလာခဲ့သောကြောင့်ဖြစ် သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်းမှာ ကျိန်စာသင့်နေသည့်ဟု မဆိုလိုသော်လည်း ခရီးသွားအခြေအနေ အားကောင်း လာမည်ဟုဆိုလိုက်တိုင်း တစ်ခုမဟုတ်တစ်ခုက ဖျက်ဆီးသွားတက် ခဲ့သည်မှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် သူများအသိဆုံးပင်ဖြစ်ပါသည်။

သို့သော် မျက်နှာသာပေးသည်ဟု ပင်ဆိုရပေမည်။ အဆိုးထဲက အကောင်း ဟု ဆိုရမည်အတိုင်း လက်ရှိတွင် အစိုးရ အနေဖြင့် အလုပ်ပိတ်ရက်ပေါင်းများစွာကို ကလင်ဒါနှစ်များ၌ ထည့်သွင်းဖော်ပြထား ပြီးဖြစ်ရာ ပိတ်ရက်အများစုမှာ အနည်းဆုံး ၂ ရက်မှ ၁၀ ရက်အထိ ရှိတက်သော ကြောင့် ထိုကာလအတွင်း ခရီးသွားလာ ကြသည့် အလေ့အကျင့်မှာ ထွန်းကားလာ ခဲ့ပြီဖြစ်ပါသည်။

ယခင်ကပိတ်ရက်ဆိုပါက အများစု မှာ အိမ်တွင်နေထိုင်သည့် အလေ့အကျင့်မှ တစ်ညအိပ်ပဲရရ ခရီးသွားလာကြသည့်ခရီး သွားယဉ်ကျေးမှုမှာ အရှိန်အဟုန်ဖြင့် ကြီး မားလာခဲ့ပြီဖြစ်သည်ကလည်းအကြောင်း ရင်းတစ်ခုပင်ဖြစ်ပါသည်။

ထို့အပြင် ကမ္ဘာ့လှည့်နိုင်ငံသားများ ကို ဝန်ဆောင်မှုပေးသည့် ခရီးသွားကုမ္ပဏီ များအနေဖြင့် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ အသီးသီးကို ခြိမ်းခြောက်နေသည့် ဝူဟန် ဗိုင်းရပ်စ်ရောဂါကြောင့် သက်ဆိုင်ရာများမှ တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ပေးထားသည့်အနေအထားအား အကန့် အသတ်မရှိပိတ်ပင်ထားခြင်း၊ နိုင်ငံအသီး သီးမှလာရောက်မည့် အာရှခရီးသွားများ ကလည်း ခရီးသွားလာမှုကို စိတ်ဝင်စားမှု နည်းပါးကာ ခရီးမထွက်နိုင်သည့် အနေ အထားများရှိလာကာ လက်ရှိတွင် ပြည်ပ ခရီးသွားဝင်ရောက်မှုမှာ အင်မတန်ကိုနည်း ပါးသွားခဲ့ပြီဖြစ်သည်။

အရှေ့ကိုလည်း မျှော်လို့မရ …၊ အနောက်ကိုလည်းမျှော်လို့မရတဲ့ အနေ အထားကို ရောက်နေရတယ်ဟု ခရီးသွား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်တစ်ဦး ကလည်း ပြောလာသည်။

လက်ရှိတွင် ခရီးသွားကုမ္ပဏီများ ၏ စိတ်ဝင်စားမှုရေချိန်မှာ ပြည်တွင်းခရီး စဉ်များကို ရောင်းချလာနိုင်ရေးပင် ဖြစ် သည်။ ခရီးသွားများသွားလာလည်ပတ် နေကြသည့်ခရီးစဉ်များကို စိတ်ဝင်စားလာ အောင် ခရီးသွားကုမ္ပဏီများမှ ရောင်းချ လာခဲ့သည်။ ပြည်တွင်းသို့ ခရီးသွားများ လာသည့်အတွက် ဒေသတွင်းရှိ ဝင်ငွေများ စွာကို စီးဆင်းသွားသောကြောင့် အကျိုး ကျေးဇူးများလာကြောင်း၊ ပြည်တွင်းခရီး သွား၏ ငွေကြေးသုံးစွဲမှုမှာ နိုင်ငံခြားသား များထက်ပိုများသလို ဒေသအမှတ်တရ လက်ဆောင်များကို ဝယ်ယူခြင်းကြောင့် ဒေသရှိ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းကြောင့် ီသာနအျငခ ွှသက-မငျာ မှာ ကြီးထွားလာကြောင်း ပြည် တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးက ပြောသည်။

ပြည်တွင်းရှိ ခရီးစဉ်ဒေသများကို သွားရောက်ကြသလို ဒေသတွင်းအိမ်နီးချင်း နိုင်ငံများသို့ သွားရောက်ကြသည့် ဓလေ့ များမှာ များပြားလာခဲ့သည်။ အိမ်နီးချင်း နိုင်ငံများကလည်း ခရီးသွားများပိုမိုလာစေ အောင် ဆွဲဆောင်မှုများပြုလုပ်လာခဲ့သည်။
ပြည်တွင်းခရီးသွားများ အများဆုံး သွားရောက်လည်ပတ်သည့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အများဆုံး ပို့ဆောင်ပေးနေ သော ီငမနခအ ွသ ခရီးသွားကုမ္ပဏီမှ ဒေါ်နီလာကလည်း ဝူဟန်ဗိုင်းရပ်စ်ရောဂါ ကြောင့် ခရီးသွားလာမှု နည်းမည်ဟု ထင် မှတ်ထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ချင်းမိုင်တွင် ပြုလုပ်သော ပန်းပွဲတော်သို့ ပြည်တွင်းခရီးသွားတချို့ သွားရောက်ခဲ့ ကြောင်း ဆိုသည်။

ထို့အပြင် ဝူဟန်ကြောင့် တရုတ် နိုင်ငံသို့ ခရီးစဉ်ပို့ဆောင်ပေးနေသောခရီး သွားကုမ္ပဏီတချို့က ပြည်တွင်းခရီးစဉ် တချို့နှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ပို့ ဆောင်နိုင်ရန် စီစဉ်လာခဲ့ပြီဖြစ်သည်။

လက်ရှိတွင် ွှမလေနူူငညါ ဂျာနယ် ၏ ှကမလနပ အရ ပြည်တွင်းခရီးသွား အများဆုံးသွားလာကြသည့် ခရီးစဉ်များ မှာ ကလော၊ တောင်ကြီး၊ ပင်းတယ၊ ချင်း ပြည်နယ်၊ ပူတာအို၊ မြိတ်၊ ကော့သောင်း၊ နောင်ချို၊ ကယားပြည်နယ်လွိုင်နဖတောင်၊ ဘားအံ၊ ချောင်းသာ၊ ငွေဆောင်၊ ပုဂံ၊ ပင်လောင်း၊ ကျိုက်ထီးရိုး၊ ဗီယက်နမ်၊မိုးနဲ-ဟိုက်ပါရေတံခွန်၊ မုံရွာ၊ မန္တလေး၊ ငပလီ၊ ဟန်လင်း၊ ပြင်ဦးလွင်၊ တောင်ငူ-နော်ဘူဘောတောင်၊ နေပြည်တော် နမ့်မွန် ကြီးရေတံခွန်စသည့် ခရီးစဉ်ဒေသများ
သို့ သွားရောက်မှုများပြားခဲ့သည်။ အထူး သဖြင့် လူငယ်များ၏ ခရီးထွက်မှုနှုန်းသည် များပြားလာခဲ့ပြီး သဘာဝအလှတရားများ ရှိပြီး ဓာတ်ပုံရိုက်ကောင်းနိုင်သည့် ဒေသ များသို့သွားရောက်မှုများပြားခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ပခရီးသွားဝင် ရောက်မှုနှုန်းကျဆင်းနေသည့်ကာလများ တွင် ပြည်တွင်းခရီးသွားလာမှုများပြားလာ သည့် အတွက် ယခု ၂၀၂၀ ခုနှစ်သည် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပိုမိုအား ကောင်းလာနိုင်သော နှစ်တစ်နှစ် ဖြစ်လာ စေသည်ကတော့အမှန်ပင်ဖြစ်ပါတော့သည်။

TravellingJournal /Vol-1 Issue 21