ပုဂံဆည်းဆာအလှမျက်ကွယ်ပြုခံရတော့မှာလား

မော်ကျွန်းသူ ကမ္ဘာမှာ အလှတရားတွေကို ရှာဖွေနေကြတဲ့အချိန်မှာ မြန်မာတို့ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အလှတရားတစ်ခုကို မျက်ကွယ်ပြုခံနေရပါပြီ။ ပုဂံဒေသ ရဲ့ ညနေဆည်းဆာအလှတရားဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာသာမ ...

မော်ကျွန်းသူ

ကမ္ဘာမှာ အလှတရားတွေကို ရှာဖွေနေကြတဲ့အချိန်မှာ မြန်မာတို့ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အလှတရားတစ်ခုကို မျက်ကွယ်ပြုခံနေရပါပြီ။ ပုဂံဒေသ ရဲ့ ညနေဆည်းဆာအလှတရားဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာသာမက မြန်မာတို့ရဲ့ကြားမှာပါ ဆွဲဆောင်နိုင်တဲ့ အလှတရားတစ်ခုပါပဲ။

လက်ရှိမှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ဆောင်ရွက်နေပြီး တောင်ကုန်းနေရာများကို ဖန်တီးဖို့ကိုလည်း ယူနက်စကိုနဲ့ သဘောတူညီမှု တွေရရှိထားပြီး ပုဂံဒေသအလှအပကို ခံစားနိုင်ကာ ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်နိုင်စေဖို့ အခုလို တောင်ကုန်းငယ်တွေကို ဆောင်ရွက်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုလူလုပ်တဲ့ ရှုခင်းကြည့်တောင်ကုန်းငယ်တွေကနေတက်ရောက် ကြည့်တာက ဆွဲဆောင်မှု သိပ်မရှိဘူးလို့ ဝေဖန်လာတာကိုလည်းတွေ့ရ ပါတယ်။အခုလို ရှေးဟောင်းဘုရားတွေပေါ်ကနေတက်ရောက်ဖူးမြှော်ခွင့် ပိတ်လိုက်တာကလည်း ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ပုဂံဧည့်လမ်းညွှန်အသင်း နာယက ဦးဇော်ဝင်းချိုက ဆိုပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ဝါရင့် ဧည့်လမ်းညွန်တွေက ဆိုကြပါတယ်။ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနကတော့ ပုဂံရှေး ဟောင်းဒေသ ဘုရားများပေါ်ကနေ ဘုရာဖူးဧည့်သည်တွေကို ဘုရားပေါ်သို့ တက်ရောက်ဖူးမြှော်ခွင့်နဲ့ နေဝင် ဆည်းဆာအလှကို မကြည့်ဖို့ ဇန်နဝါရီ ၁ ရက် ကနေ စတင်ကြေညာ ခဲ့ပါတယ်။ ဒီ အတွက်ကြောင့် ခရီးသွားဝင်ရောက်မှုမှာ သိသိသာသာကို လျော့ နည်းခဲ့ရတဲ့အတွက် ခရီးသွားကဏ္ဍကို မထိခိုက်စေဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေလည်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံကို ဖေဖော်ဝါရီလအတွင်းက စာတင် ထားခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ထူးခြားမှုမရှိသေးပါဘူး။အခု ဆိုရင် နေဝင်ဆည်းဆာအလှတွေကို ကြည့်ရှု့ခွင့်ရဖို့ နေရာတွေမရှိတော့ပါဘူး၊ အရင်ကတော့ ပုဂံရဲ့ နေဝင်ဆည်းဆာအလှကို ကြည့်ချင်ရင် ရွှေဆံတော် ဘုရား ပေါ်ကနေ ကြည့်ရတဲ့ နေဝင်ဆည်းဆာအလှဟာဘာနဲ့မှ မလဲနိုင်တဲ့ ရသတစ်မျိုးကိုပေးစွမ်း ခံစားစေရပါ တယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်နိုင်ငံခြားသားတွေဟာ ပုဂံကို တစ်ခုတ်တရနဲ့ လာရောက်ကြ တာဖြစ်ပါတယ်။

အခုလို ပုဂံဘုရားတွေပေါ်တတ်ရောက်ခွင့်ကို ပိတ်ပင်လိုက် ခြင်းဟာ ပုဂံဒေသရဲ့ ခရီးသွားပုံရိပ်ကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာဆိုရင် ပုဂံဒေသကို အာရှနိုင်ငံသားတွေ အများဆုံး လာရောက် လည်ပတ်မယ်လို့ မှန်းထားပေမယ့် အခုလို ဘုရား ပေါ်တွေကနေ နေဝင်ဆည်းဆာအလှကို ကြည့်ရှုဖို့မရတော့ ဘူးဆိုရင် နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုမှာ လျော့နည်းစေလာ တော့မှာဖြစ်ပါတယ်။

ဟိုတလောကတော့ ရွှေဂူကြီးဘုရားပေါ်က နေဝင်ဆည်းဆာ အလှကိုကြည့်လို့ရသေးတယ်လို့ ဒေသခံဧည့်လမ်းညွန်တစ်ယောက် က ပြောပြတယ်၊ တစ်ရက်အကြာပဲ ရှိသေးတယ် အဲဒီဘုရားပေါ်က နေ တက်ကြည့်ခွင့်ကို ပိတ်သွားပြန်ပါပြီ၊ ဒီလိုတွေသာ လုပ်နေရင်တော့ ပုဂံရဲ့ ပုံရိပ်က အလားအလာမကောင်း ဖြစ်လာလိမ့်မယ်လို့ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဆိုပါတယ်။

အခုနိုင်ငံခြားသားတွေက အိမ်နီးချင်း ထိုင်းကိုပဲ သွား လာကြတော့မယ်။ တစ်ချို့ကဆို “ မင်းတို့ ပုဂံကိုမသွားနဲ့ သွားလည်း ဘာမှမထူးဖူး၊ နေဝင်ဆည်းဆာအလှကို မကြည့်ရတော့ဘူးလု့ိ ↔ပြောလာခဲ့ရင် မြန်မာ့ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်၊ မြန်မာ့ခရီးသွားကဏ္ဍ ထိလွယ်ရှလွယ်လုပ်ငန်းဖြစ်တာမို့ အရမ်း နုနယ်လှတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်လို့ ဧည့်လမ်းညွန် တစ်ဦးဖြစ် သူ ဦးဇော်ဝင်းချိုက ဆိုပါတယ်။

ပုဂံကို ရောက်ပြီဆိုရင်အများစုဟာ နေဝင်ဆည်းဆာအလှကို တစ်ခုပ်တရကို သွားရောက်ကြည့်ခဲ့ရတာဟာ ပုဂံရဲ့ဆွဲဆောင်မှု တစ်ခုပါပဲ။ အများအားဖြင့်ကတော့ ရွှေဆံတော်ဘုရားကနေ နေဝင် ဆည်းဆာအလှကို သွားမကြည့်ဖြစ်လိုက်ဖူးဆိုရင် ပုဂံကိုရောက်တာ ရောက်ရကျိုးမနပ်ဘူးလို့ ဆိုကြပါတယ်။ ရွှေဆံတော်ဘုရားကို သွားတဲ့လမ်းကတော့ ဘယ်တော့မှမပြောင်းလဲပါဘူး။

ဖုန်တစ်ထောင်းထောင်းနဲ့ ကားတွေ၊ ဆိုင်ကယ်တွေ တစ်စီတစ် တန်းကြီးရှိတယ်၊ ဈေးဆိုင်တန်းတွေကလည်း အများကြီးရှိတယ်။ ဈေးလိုက်ရောင်းနေတဲ့ ကလေးတွေကလည်း အလုအယက်ရောင်း ချနေကြတဲ့ မြင်ကွင်း တွေ့ရင် ဒါဟာ ရွှေဆံတော်ဘုရား ဖြစ်တယ်။

ဒီနေရာကို ဧည့်သည်အများစုလာကြတာဟာ ပုဂံရဲ့ နေဝင် ဆည်းဆာအလှ။ ပြောရမယ်ဆိုရင် ဘယ်နေရာမှ မမြင်ရနိုင်တဲ့ အလှပန်းချီကားတစ်ချပ်ကို မြင်တွေ့စေရလို့ပါပဲ။နိုင်ငံစုံက ခရီးသွားဧည့်သည်တွေကို တစ်နေရာတည်းမှာလည်း မြင်တွေ့ရပါတယ်။ လှေကားထစ်လေးတွေကို တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်းတက်တဲ့သူတွေ၊ မတက်နိုင်တော့ဘူး၊ ကြောက်တယ်လို့ပြောတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ဘုရားပေါ် ရောက်ရင် ဆယ်လ်ဖီဆွဲတဲ့သူတွေကော အများကြီးကို တွေ့ရပါတယ်။ ဒါတွေက အမြဲမပြောင်းလဲခဲ့တဲ့ အရာတွေထဲက တစ်ခုပေါ့။

နောက်ပိုင်း နေဝင်ဆည်းဆာအလှတွေကို သီးသန့်ကြည့်ရတော့မယ့် နေရာတွေကို ညောင်ဦး ထွေအုပ်ချုပ်ရေးမှူးရုံးကနေဦးစီးပြီး မြေနေရာရှာဖွေကာ ဆည်းဆာကြည့်ဖို့ဆောင်ရွက် နေတာကလည်း အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး။
ညောင်လက်ဖက်ကန်ကနေ နေဝင်ဆည်းဆာကြည့်ဖို့ လုပ်ထားတဲ့ နေရာက သပ်ရပ်လွန်းလှပါတယ်။ သံဘောင်တန်းတွေကို စနစ်တကျနဲ့ လုပ်ထားတာမို့ ကြည့်ရတာအတွက်လည်း အဆင် ပြေစေပါတယ်။ ဒါပေမဲ့ ဘုရားပေါ်ကနေ ကြည့်ရတဲ့ နေဝင် ဆည်းဆာအလှကိုတော့ ဘယ်လိုမှ မမှီနိုင်ပါဘူး။

ပုဂံကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် တော် တော်များများကတော့ ပုဂံနေထွက်ချိန် နေဝင်ချိန်ကို စေတီပုထိုး များပေါ်ကနေ ခံစားကြည့်ရှုချင်တဲ့အတွက် ပုဂံကို သွားရောက်လည် ပတ်ကြတာ ဖြစ်တယ်။
အဲဒီလိုပဲ ကမ္ဘာလှည့်နိုင်ငံခြားသားတွေကလည်း ဒီလို ရည်ရွယ်ချက် တွေကြောင့် ပုဂံမြေကို လာကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အသားကျနေတဲ့ ပုဂံဘုရားပေါ်ကနေ နေဝင် အလှကြည့်ရှုခြင်းကို ယခုနှစ်ကာလမှသာ အလွယ်တကူ ပယ်ဖျောက်ရပစ်ရတေ့ာမည်ဆိုသည်မှာ သဘာဝသိပ်မကျလှပါဘူး။ ဒီလိုသာ သဘာဝက ဖန်ဆင်းပေးထားတဲ့ ပုဂံရဲ့နေဝင်ဆည်းဆာ အလှတရားကို အလွယ်တကူ မျက်ကွယ်ပြုခံရတော့မယ့် အခြေ အနေရောက်ရှိလာတာကို စိုးရွံ့လို့ လာမိပါတော့တယ်။

Travelling_Journalo/Vol 1 Issue 1