နှင်းမှုန်မြို့တော် က ဒိုင်နိုဆော ပန်းခြံ

#Travelling Journal တောင်လှေကား မြို့တော်၊ နှင်းမှုန်မြို့တော် ဟု အမည်ဝိသေသ ရှိသည့် ပြင်ဦးလွင်မြို့တွင် ခရီးသွား များလည်ပတ်စရာနေရာအသစ်တစ်ခုအနေဖြင့် ဒိုင်နိုဆော ပန်းခြံ ကို ဖွင့်လှစ်ထားသည်။ မြေဧ ...

#Travelling Journal

တောင်လှေကား မြို့တော်၊ နှင်းမှုန်မြို့တော် ဟု အမည်ဝိသေသ ရှိသည့် ပြင်ဦးလွင်မြို့တွင် ခရီးသွား များလည်ပတ်စရာနေရာအသစ်တစ်ခုအနေဖြင့် ဒိုင်နိုဆော ပန်းခြံ ကို ဖွင့်လှစ်ထားသည်။

မြေဧက ၂ဧက နီးပါးပေါ်တွင် Myhouse garden (PyinOoLwin) ဟု အမည်ပေးထားသည့် စားသောက်ဆိုင်နှင့် ဒိုင်နိုဆော ပန်းခြံ ကို Mini Zoo ပုံစံသဖွယ် ဆောက်လုပ်ထားသည်။ လက်ရှိတွင် ဒိုင်နိုဆော အရုပ်( ၈ )ရုပ် ဖြင့် အသက်ဝင်အောင် ဖန်တီးပုံဖော်ထားသည်ဟု ယင်းပန်းခြံ က တာဝန်ရှိသူ က ပြောသည်။

ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်

ကလေးတစ်ဦးလျှင် ၅၀၀ ကျပ်သာ သတ်မှတ်ထား သည်။ မန္တလေး လာရှိုးလမ်းမကြီးဘေး တွင် တည်ရှိ

သည့် ဒိုင်နိုဆော ပန်းခြံကို ဇန်နဝါရီ ၂၅ ရက်မှ စတင်

ဖွင့်လှစ် ခဲ့ကာ ဒေသခံများ အလုပ်အကိုင်အခွင့်

အလမ်း များရရှိစေရန် ရည်ရွယ်ပြီး ဒိုင်နိုဆော ပန်းခြံကို စိတ်ကူးပုံဖော် အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလများ၌ ပိတ်ရက်များတွင်သာ လာရောက်လည်ပတ်သူ များပြားကြောင်း သိရသည်။

ပြင်ဦးလွင် မြို့တော် သည် ပြည်တွင်း ခရီးသွား အများဆုံး သွားရောက် အပန်းဖြေ လည်ပတ်လေ့ရှိသည့် မြို့တော်တစ်ခုလည်းဖြစ်သည်။ ထင်ရှားသည့်နေရာများမှာ အမျိုးသား ကန်တော်ကြီး ဥယျာဥ်၊ ဘုရင်ခံအိမ် (ခေါ်) Governors House ၊ ဓါတ်တော်ချိုင့်ရေတံခွန်၊ Fame Organic Project ၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ ၊ ဘန့်ဘွေးကျင်းရေတံခွန် နှင့် ပွဲကောက်ရေတံခွန် တို့ကို ခရီးသွား အများဆုံး သွားရောက်လည်ပတ်ကြသည်။

#Travelling journal

#Photo Essays

#Photo Htet Htet Naing