မော်ကျွန်းသူ၊ ထွန်းတောက်
ရာဇ၀င်တွေဆီ ဒဏ္ဍာရီတွေကြား ပြန်လည်ရောက်ရှိသွားတဲ့နေ့တစ်နေ့လို့ဆိုချင်ပါတယ်။ ဒီအကြောင်းကို တကူးတက ဖုန်းဆက်ပြော လာသူက ရန်ကုန်ဟိုတယ်ခရီးကနေ ဟားခါးကို တာ၀န်နဲ့ပြောင်းရွှေ့ သွားတဲ့ အစ်ကိုတစ်ယောက်ဆီကကြားရာမှနေ စတင်မြစ်ဖျားခံလာခြင်း ပင်ဖြစ်ပါတယ်။
ဒီလိုသမိုင်းဆိုင်ရာတွေ ပြန်လည်တူးဖော်ရှာဖွေထုတ်ရတာကို အင်မတန်မှ နှစ်သက်တဲ့စာရေးသူက သွားဖို့ ဟန်ပြင် နေတာ တကဲကဲပါ။ ဒါနဲ့ပဲ ရောက်ဖြစ်သွားခဲ့ပါတယ်။ ဒုတိယ မြန်မာနိုင်ငံတော်ကိုပြန်လည်တည်ထောင် ခဲ့တဲ့ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရဲ့ မိဖုရားဖြစ် သူ ဆုပန်ကလျာ(ထိုင်းမင်းသမီး) လို့လည်း ခေါ်ဝေါ်ကြ တဲ့ သူမရှိရာဆီ ကိုပါ။ ဘုရင့်နောင်မင်းကြီးကိုယ်တော်တိုင် ထီးဖြူပေးပြီး အယုဒ္ဓယဘုရင် အဖြစ် ခန့်အပ်ပေးခဲ့တဲ့ ဗြမဟာဓမ္မရာဇာမင်းနဲ့ မိဖုရား ဗြ၀ိသုဒိ်္ဓကေသ ထရီတို့ရဲ့ သမီးတော်ဖြစ်တယ်လို့ သမိုင်းစာ များက ဆိုပါတယ်။
ဆုပန်ကလျာမင်းသမီးဟာ ဘုရင့်နောင်မင်းကြီးနဲ့ သမီးတော်တစ် ပါးရရှိခဲ့ပြီး မင်းအထွေးဟုမြန်မာမှတ်တမ်းများ ကလည်း တညီတညွတ် တည်း ပြဆိုထားကြတယ်ဟု လေ့လာမှတ်သားရပါတယ်။ ဘုရင့်နောင် မင်းတရား နတ်ရွာစံပြီး ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင် နန်းတက်ပြီး ဆုပန်ကလျာကိုလည်း မိဖုရားအရာ ပြန်ထား ခဲ့တယ်လို့သိရပါတယ်။ ဆုပန်ကလျာ ကိုယ်၀န်အရင့်အမာနဲ့ရှိနေချိန်မှာ နန္ဒဘုရင်က ဓားဖြင့် ခုတ်သတ်ခဲ့ တယ်လို့ သမိုင်းစာမျာကို လေ့လာဖတ်ရှုခဲ့ရတဲ့အခါမှာ သိရတာပါ။ မှန်ခြင်း၊ မှားခြင်းဆိုတာကတော့ စာရေး သူတို့ အနေနဲ့ လည်း အတိအကျ မပြောနိုင်ပါဘူး ။
မည်သို့ပင်ဆိုပါစေ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်လိုရှိခဲ့တဲ့ ဆုပန်ကလျာရဲ့ အရိုးအိုးလို့ယူဆရတဲ့ အရိုးအိုးကတော့ သမိုင်း၀င် ကျိက်္ကလော့စေတီ၀င်း ထဲမှာရှိနေတာကတော့ အမှန်တရားလားဆိုတာကတော့ မပြောနိုင်ပါ ဘူး။ ဒါပေမဲ့ ထိုင်းတွေက ဆုပန်ကလျာမင်းသမီးရှိတယ်လို့ ယုံကြည်ပြီး ကျိုက်္ကလော့စေတီကို တခုတ်တရနဲ့ကို လာရောက်လေ့လာနေကြဆဲပါ။
ကျိုက္ကလော့ ဂေါပကရဲ့ဘဏ္ဍာရေးမှူးဖြစ်သူ ဦးရီအေးကတော့“ ဦးတို့ရဲ့ ဒီဘုရားနဲ့ ဆက်စပ်မှုရှိတယ်လို့ ထိုင်းတွေက ယူဆတယ်။ ဒါပေမဲ့ ဦးတို့က ဆုပန် ကလျာရဲ့ ရုပ်တု၊ ဒါက ထိုင်းတွေအရ ကိုးကွယ်တာ၊ နောက်ပြီးတော့ ဆုပန်ကလျာရဲ့အရိုး ဟုတ်တယ်မဟုတ်ဘူးဆိုတာကလည်း DNA စစ်ဖို့ သူတို့ကို ပေးလိုက်ပါတယ်။ ပြီးတော့ ထိုင်းက ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့တွေလည်းလာကြ တယ်။ သူတို့ကိုလည်း မင်းသမီးအရိုး ဟုတ်/မဟုတ် DNA စစ်ဖို့ပေး လိုက်တယ်။ အရင်တုန်းကတော့ အရိုးအိုးက အပြည့်ပါပဲ။ ခုတော့ ပေး ရင်းပေးရင်းနဲ့ နည်းသွားတယ်။အခုချိန်ထိ သူတို့ကတော့ ယုံကြည်မှုနဲ့လာကြတယ်။ ဦးတို့ကတော့ ဆုပန်ကလျာ ဟုတ်/ မဟုတ်တာတော့ လုံး၀ အာမမခံဘူး။ ပြောလည်း မပြောဘူး။ သုတို့ယုံကြည်မှုနဲ့သူတို့ လာနေကြတယ် ”ဟု Travelling ဂျာနယ်ကို ပြောပါတယ်။
ဟိုးအရင် ၁၉၉၉ မတိုင်ခင်ကာလတွေတုန်းက အခုလိုဘုရားကြီး ဟာ မတိုးတက်ခဲ့သေးပါဘူး။ အဲဒီကာလ တွေမှာ ရင်ပြင်က သေးသေး လေးလို့ဆိုပါတယ်။ အခုလိုမကျယ်သေးပါဘူး။ အဲဒီကာလတွေတုန်းက ထိုင်းတွေ သုံးနှစ်ဆက်တိုက်လာကြတယ်လို့ဆိုပါတယ်။ အဲဒီအချိန်တုန်း ကဆို ထိုင်းထီးတွေကော ထိုင်းပန်းတွေနဲ့ ထိုင်းတွေ က တခမ်းတနား နဲ့ ယူလာကြပြီး ဘုရားပတ်ပတ်လည်မှာ ပွဲလုပ်ကြဖူးတယ်။ ပထမဆုံး ဝိညာဉ်ခေါ်ပွဲ လုပ်ကြတယ်။ သူတို့ကတော့ သူတို့ရဲ့မင်းသမီး ဆုပန် ကလျာ ရှိတယ်လို့ယူဆတဲ့အတွက် ဝိညာဉ်ခေါ်ပွဲ လုပ်ကြတာ။ နှစ်ကြိမ် လုပ်ခဲ့ပေမယ့် ဆုပန်ကလျာ မင်းသမီးက မလိုက်ဘူးလို့ ပြောဆိုတဲ့ အတွက် အဲဒီအဖွဲ့ ဟာ ငိုယိုပြီး ပြန်သွားခဲ့ကြတယ်။ အဲဒါကလည်း သူတို့ ပြောပြလို့ ဦးတို့သိရတာပါလို့ ဂေါပကရဲ့တာ၀န်ရှိသူ ဦးရီအေးက ဆိုပါတယ်။
ဒီလိုနှစ်နှစ်ဆက်တိုက် ဝိညာဉ်ခေါ်ပွဲလုပ်ပေမယ့် မလိုက်တဲ့အတွက် တတိယနှစ်မှာ ဆုတောင်းပွဲ လာလုပ်ကြ တယ်လို့ ဆိုပါတယ်။ ဆုပန် ကလျာမင်းသမီး မလိုက်ချင်လည်းနေပါစေ သူဒီမှာပျော်ပါစေဆိုပြီး ဆုတောင်းပွဲ လုပ်ပြီး အဲဒီအဖွဲ့ဟာ လုံး၀မလာတော့ဘူးလို့ ဆိုပါတယ်။ မင်းသမီးဆုပန်ကလျာရဲ့ မြန်မာပြည်ကို ချစ်တာ လား။ ဒါမှမဟုတ် ဖခမည်းတော်က ဘုရင့်နောင်မင်းတရားကို မိဖုရားအဖြစ်ဆက်သပြီး နောက် ခင်ပွန်းကိုသခင် လို့ မှတ်ယူပြီး သစ္စာရှိခဲ့သူမင်းသမီးအဖြစ် ရှိနေ တာလား။ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ကိုယ့်တိုင်း ပြည် ကို မလိုက်ပဲ ဒီမှာနေနိုင်ရတာလဲ။ ဒါမှမဟုတ် သူချစ်သောမင်းကြီး ဒီမှာပဲ ကံတော်ကုန်လို့ဒီတိုင်းပြည်မှာပဲ သူ နေချင်ခဲ့တာလား။ လားပေါင်းများစွာ စတဲ့အတွေးတွေက စာရေးသူတို့ကို အတွေးတွေပေးစေခဲ့ပါတယ်။
၁၉၉၉ ခုနှစ်နောက်ပိုင်း ဦးတို့ဂေါပက တက်လာပြီးတဲ့အခါမှာ ဒီ ဘုရားရဲ့ထီးတော်က နှစ်တစ်ရာရှိသွားပြီမို့ ပျက်ဆီး နေပီလေ။ အဲဒါ ထီး တော်အသစ်ကို နိုင်ငံတော်အဆင့် ပြန်တင်ခဲ့ပါတယ်။ အဲဒီလိုထီးတော် အသစ်ကို တင်ပြီး ထီးတော်ဟောင်းထားဖို့နေရာရှာခဲ့တယ်။ တနင်္ဂနွေ ထောင့်မှာ ဖောင်ဒေးရှင်းတူးတော့ မြေတူးတဲ့သူက အောက်မှာ အခေါင်း တွေ့တယ်။ ဘုန်းကြီးအခေါင်းလား ဘာအခေါင်းလည်းမသိဘူးတဲ့။ အဲ့ ဘေးနားမှာလည်း အရိုးအိုးတစ်ခုလည်းတွေ့တယ်။ အဲဒါနဲ့ ဘာအိုးလည်း ဆိုတာသိဖို့ ယူခိုင်းလိုက်တယ်။ အဲ့ဒီအရိုးအိုးကို အခုဂေါပကဥက္ကဋ္ဌ အခန်းမှာပဲ သိမ်းထားတာ အခုချိန်ထိပါပဲ ။ အဲ့အချိန်မှာပဲ ထိုင်းဧည့်သည် တွေ ပြန်လာကြ တယ်။ ထီးတော်စေတီတည်ပြီး ထီးတော်အလှူရှင်က ဂေါပကကို တိုင်ပင်တယ်။ ကျွန်တော်တို့ ဒီမှာအမျှ ပေးဝေ ချင်ပါတယ်။ မကျွတ်မလွတ်တဲ့သူတွေကိုလည်း အမျှပေးဝေချင်လို့ နတ်ကနားပွဲလေး လုပ်ချင်ပါတယ် ဆိုပြီး အလှူရှင်က ပြောလာတယ်။ ရင်ပြင်တော်မှာတော့ ပွဲကို လုပ်ခွင့်မပေးခဲ့ဘူး ။ အဲဒါနဲ့ ဘုရားအောက်ခြေ နားမှာ လုပ်ခိုင်း လိုက်တယ်။
အဲဒီလို နတ်ကနားလုပ်တဲ့အခါမှာ နတ်ကတော်ကို တခြား မဟုတ်တဲ့တစ်ခုခု ဝိညာဉ်တစ်ခုက ၀င်ချလာ တယ်လို့ဆိုပါတယ်။ ဘယ် နတ်မှန်းလည်းမသိဘူးလေ။ ၀င်လာပြီးတော့ ဒီက အကြီးအကဲနဲ့တွေ့ ချင်တယ် ပြောတယ်။ အဲဒါနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက ပြေးသွားတယ်။ဘယ်နတ်ပါလဲလို့ မေးတဲ့အခါ သူက ဒီဘုရားကို စောင့်ရှောက်နေတဲ့သူ ဆုပန်ကလျာလို့ ခေါ်ပါတယ်။ ထိုင်းမင်းသမီးပါလို့ ပြောပါတယ် ။ သူက ဒီဘုရားမှာ နန်းတောင်း ပါတယ်။ အဲ့ချိန်မှာ ဂေါပကဥက်္ကဋ္ဌကလည်း ကတိပေးလိုက်တယ်။ အလှူရှင်ရှိရင် ကိုးကွယ်ပါ မယ်ဆိုပြီး ကတိပေး လိုက်တာပါ။ အဲဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။
တစ်နေ့သောအခါမှာ ရှင်သီ၀လိ၊ ရှင်ဥပဂုတ်္တ၊ သူရဿတီမယ်တော် တို့ကို ရင်ပြင်ဘက်ကိုထုတ်ဖို့ ဆွေးနွေးကြ တယ်။ အဲ့ချိန်မှာ ဦးတို့က နန်းလေးဆောင်လို့ ပြောမိလိုက်တယ်။ အဲ့အချိန်မှာ အင်းစိန်က အလှူ ရှင်ဇနီး မောင်နှံ က ရောက်လာကြတယ်။ ဒီဘုရားမှာ အရမ်းလှူချင်နေ တယ်ဆိုပြီး ဘာတွေလှူဖို့ရှိလည်းမေးတော့ နန်းသုံးဆောင်ထုတ်ဖို့ရှိတယ်။ ယိုးဒယားမင်းသမီးအတွက် နန်းဆောင်လိုတယ် ပြောလိုက်တယ် အဲဒီအခါမှာ သူတို့ လှူလိုက်မယ်ဆိုပြီး ဖြစ်သွားတယ်။ အဲဒါနဲ့ နန်းလေး ဆောင်ပြည့်သွားတယ်။ အဲဒါနဲ့ပဲ ထိုင်းမင်းသမီး နန်းဆောင်ဖြစ်လာ တာပါ။ ဒီဘုရားကို ထိုင်းဘုရားဖူးတွေ အများကြီးလာကြတယ်။ ထိုင်း ဘိုးတော်တွေကော လာကြတယ်။ မင်းသမီးရဲ့အရိုးစု ဒီမှာရှိတယ်ဆိုပြီး ရောက်လာကြတယ်။
ထိုင်းဘိုးတော်က အရိုးအိုးဒီမှာရှိတယ်ပြောတော့ ဥက္ကဋ္ဌမရှိတာနဲ့ မရှိဘူးပြောလိုက်တဲ့အခါမှာ သူတို့ ဘာသာ စကား နဲ့ သူ လိမ်နေတာလို့ ပြောတယ် ။ ဒီအခန်းမှာရှိတယ်ဆိုပြီး လက်ညိုးထိုးပြောတယ်။ ဒီဘုရား ကို ထိုင်းအငြိမ်းစားဗိုလ်ချုပ်ကြီးတွေလည်းလာကြတယ်။ ဦးတို့ကလည်း ထိုင်းခရီးသွားတွေကို Pass ပေးတဲ့ သဘောပါ။ လိမ်ညာစားတာကြီး လည်း အဖြစ်မခံနိုင်ဘူးလေ။ ဦးတို့က သူတို့ဆန်္ဒအရသာ လုပ်ပေးတာ။ သမိုင်း အထောက် အထားအရ သူတို့ကို ၂၀၀၈ ၂၀၀၉ လောက်က DNA စစ်ဖို့ပေးလိုက်တာ အဖြေကိုလည်း ပြန်မ ပေး သေးတဲ့အတွက် ဟုတ် / မဟုတ်ဆိုတာကို အတည်မပြုပေးနိုင်ဘူးဖြစ်နေတာပေါ့ဟု ဦးရီအေးက ဖြစ်ပျက်ခဲ့မှုတွေကို ပြန်ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ထူးခြားမှုတွေလည်း ကြုံရသေးပါတယ်။ အဲဒီထဲကမှ ထူခြားဆန်းကြယ်မှုတွေလည်းရှိခဲ့ပါတယ်။ အမျိုးတစ်ဦး က အိပ်မက် မက်တယ်လို့ ပြောပါတယ်။ သူ့အမျိုးသားကလည်း ခရစ်ယာန် သူလည်း ပဲ ခရစ်ယာန်ပါ။ သူ့အိပ်မက်ထဲက မက်တဲ့ ဘုရားကို လိုက်ရှာနေကြ တာလို့ပြောတာ။ အဲ့တုန်းက ဖုန်းတစ်လုံးကို သိန်းလေးဆယ်၀န်းကျင် ရှိတဲ့ ခေတ်ကပေါ့။.ရှာနေရင်းနဲ့ ဒီဘုရား ရောက်လာပြီး ဒီဘုရားဟုတ် တယ်ဆိုပြီး သူ့မိန်းမ က ပြောတယ်။ ဒီဘုရားကို ရောက်လာပြီး အိပ်မက် ထဲက အမျိုးသမီးအကြောင်းပြောပြတယ်။ ကောင်းမှုကုသိုလ် လုပ်ပေး မယ်ဆိုပြီး ပြန်သွားကြတာ။ ဒါပေမဲ့ ဒီနေ့ထိတော့မရောက်လာကြသေး ပါဘူး။ ဒါက ထူးခြားမှုတစ်ခုပါ။
နောက်ထပ်တစ်ခုလည်းရှိသေးတယ်။ ဒါတွေကတော့ ယုံချင်လည်း ယုံ မယုံချင်လည်း ရတယ်ပေါ့လေ။ ၂၀၀၇ ထီးတော်တင်တုန်းက အရမ်း ပင်ပန်းတော့အန်တယ်ရယ် ဦးကျော်အေးရယ်အတူ ဒီအခန်းထဲမှာ နား နေရင်းနဲ့ ညောင်းညာနေတာပဲ အနှိပ်ခံရင် ကောင်းမလားဆိုပြီး အခန်း ထဲမှာ အချင်းချင်းပြောနေကြတာ။ အဲဒီအချိန် မကြာခင်မှာ လုံခြုံရေး ၀န်ထမ်းတစ်ဦး ရောက်လာတယ်။ ဆရာတို့ ညောင်းနေလို့ အနှိပ်ခံချင် တယ်ပြောလို့ အမျိုးသမီးတစ်ဦးလာပြောလို့ ကျွန်တော်ရောက်လာတာ လို့ပြောတော့ ဦးတို့လည်း အရမ်းအံ့သြခဲ့ရတယ်။ ဘာလို့ဆို အခန်းထဲ မှာ ဦးတို့ပြောတဲ့ စကားတွေမို့လေ။ ဒီလိုထူးခြားတဲ့ဖြစ်စဉ်လည်းရှိ ခဲ့ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး နောက်ထပ်ရှိပါ သေးတယ်။ ဦးတို့က ဆုပန်ကလျာရုပ်တုကို ဘုရားအနေ ကဇာတင်မလို့ ဘုန်းကြီးငါးပါးနဲ့ တရားနာဖို့ စီစဉ်တယ်။ စီစဉ်တာကလည်း ဂေါပက အချင်ချင်းပဲသိတာပါ။ အဲ့ချိန်မှာ အသက် ၈၀ အဘွားတစ်ဦးရောက် လာပြီးတော့ သားရေ …ရေစက်ချအခမ်းအနား ဘယ်မှာရှိလဲလို့ မေးတယ်။ ဦးတို့ကလည်း ကိုယ့်အစီစဉ်နဲ့ လုပ်တာဆိုတော့ ဘယ်သူမှ လည်း မဖိတ်ထားတဲ့အတွက်အောက်မှာ ဘုန်းကြီးကျောင်းရှိတယ် အဲ့မှာ လားမသိဘူးဆိုပြီး လမ်းညွှန်လိုက်တယ်။ နောက်တစ်နေ့မနက်မှာ ဘုန်းကြီး တွေ ကြွလာတော့ ဦးတို့ တရားနာဖို့လုပ်ကြတယ်။ အဲဒီမှာ အဲဒီအဘွားကြီးက အရှေ့မှာ ရောက်နေတယ်။ ဦးတို့ကလည်း မသိဘူး။ ကိုယ်ကလည်း သီလလာယူတာဆိုတော့ ဘာမှမပြောတော့ဘူးလေ။ လုံခြုံရေး တစ်ယောက်ကို အဲဒီအဘွားကြီးကို ကြည့်ခိုင်းထားလိုက်တယ်။ လုံခြုံရေးကလည်း ကြည့်ရင်းနဲ့ အဲဒီအဘွား ကြီးဘယ်ရောက် သွားမှန်းမသိဘူးလို့ ပြောတယ်။ဒါက ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ် တစ်ခုပါ။
ဒီလို ထူးခြားဆန်းကြယ်မှုတွေ ဖြစ်လာပေမယ့် ဒီဘုရားမှာ တွေတဲ့ အရိုးအိုးက ထိုင်းမင်းသမီး ဆုပန်ကလျာရဲ့ အရိုးဟုတ်မဟုတ် ဆိုတာ ဘယ်သူကမှ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့လည်း ဒီဘုရားမှာတော့ နန်းဆောင်ပေးပြီး ဆုပန်ကလျာရဲ့ ရုပ်တုနန်းဆောင် ရှိနေတာရယ်။ ဆုပန်ကလျာရဲ့အရိုးအိုးလို့ယူဆရတဲ့ အရိုအိုး ကတော့ ဒီနေ့အထိ ရှိနေဆဲ။ ထိုင်းတွေ ယုံကြည်ပြီး ဒီဘုရားကို ဒီကနေ့အထိ လာရောက်နေ ဆဲကတော့ လက်ရှိအမှန်တရားတစ်ခုလို့ဆိုချင်ပါတယ်။
ဒီလောကမှာ ထူးခြားတဲ့ဖြစ်ရပ်တွေ ဖြစ်ရပ်ဆန်းကြယ်တွေရှိတာမို့ ဆုပန်ကလျာရဲ့ဝိညာဉ် ရှိနေတာလားဆိုတာ ကတော့ မည်သူတစ်ဦးကမှ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ထိုင်းတွေယုံကြည်ပြီး သူတို့ ရဲ့ မင်းသမီး ဆုပန်ကလျာ ဒီမှာရှိနေတယ်ဆိုတာကတော့ အကြွင်းမဲ့ ယုံကြည်နေကြဆဲဖြစ်တဲ့အတွက် ဒီနေ့တိုင် မင်းသမီး ရှိရာကို လာရောက် လည်ပတ် ကိုးကွယ် ဖူးမျှော်နေကြဆဲပါပဲ။