တောင်ပေါ်မြို့လေးဘော်ဆိုင်း

မော်ကျွန်းသူ ဘော်ဆိုင်းဆိုတဲ့ တောင်ပေါ်မြို့လေးကို အမှတ်မထင်ပဲ စက်တင်ဘာလထဲမှာ ရောက်ဖြစ်ခဲ့တယ်။ အကြောင်း ကတော့ ပင်းတယမြို့က ဟိုတယ်လုပ်ငန်း ရှင် အန်ကယ်တစ်ယောက်က ခရီးစဉ်အသစ်တွေ လိုက်ပြဖို့ ဖိတ်ခေ ...

မော်ကျွန်းသူ

ဘော်ဆိုင်းဆိုတဲ့ တောင်ပေါ်မြို့လေးကို အမှတ်မထင်ပဲ စက်တင်ဘာလထဲမှာ ရောက်ဖြစ်ခဲ့တယ်။ အကြောင်း ကတော့ ပင်းတယမြို့က ဟိုတယ်လုပ်ငန်း ရှင် အန်ကယ်တစ်ယောက်က ခရီးစဉ်အသစ်တွေ လိုက်ပြဖို့ ဖိတ်ခေါ်တာကနေ ရောက်ဖြစ်ခဲ့ပါတယ်။

ဘော်ဆိုင်းမြို့ဟာ ပင်းတယနဲ့ (၁၃)မိုင်သာ ကွာဝေးပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း လေးထောင့်ခုနစ်ရာကျော်မှာ တည်ရှိတယ် လို့ သိရပါတယ်။ ဘော်ဆိုင်းမြို့မှာ အထင်ကရနေရာ တွေရှိပါတယ်။ အဲဒါတွေကတော့ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အိမ်၊ ရန်ကင်းတောင်၊ ရှေးပန်းချီလက်ရာ တွေရှိတဲ့ ရွှေမြစည်း ကျောင်း ၊ ကုန်းမဲဝိဇ္ဇာတောင်စတဲ့ နေရာတွေပဲဖြစ်ပါတယ်။

ဘော်ဆိုင်းမြို့လေးမှာဆိုရင် စိတ်ဝင်စားစရာ ကောင်းတဲ့နေရာတွေ အများအပြားရှိသော်လည်း စိတ်ဝင်တစား လာရောက်လည်ပတ်မယ့် ပြည်တွင်း ပြည်ပခရီးသွားမရှိသေးတာကလည်း ဝမ်းနည်းစရာ ပါပဲ။

ဘော်ဆိုင်းမြို့လေးရဲ့အဝင်မှာဆိုရင် “ ဘော်ဆိုင်း မြို့မှကြိုဆိုပါ၏ ” ဆိုင်းဘုတ်နဲ့အတူ မြို့အဝင်ဘေး တစ်ဖက်မှာ ဆိုရင်လည် သတ်္တုလုပ်ကွက်တွေကို တောက်လျောက်မြင်တွေ့ခဲ့တယ်။ သတ္တုလုပ်ကွက် ကြီးတွေကို အများစုကတော့ တရုတ်ကုမ်္ပဏီတွေ ကနေ လုပ်ကိုင်နေကြသလို လုပ်ကွက်ငယ်လေးတွေ ကိုတော့ ဒေသခံတွေကို ဟိုတစ်စုဒီတစ်စု တွေ့မြင် ခဲ့ရပါတယ်။ သတ်္တုလုပ်ကွက်တွေမှာလုပ်ကိုင်တဲ့ ဒေသခံ တွေဆိုရင် သတ်္တုတစ်ပိသာကို ကျပ်လေးရာမှ ခုနစ်ရာထိ တရုတ်ကမ်္ပဏီတွေမှာ ပြန်ပြီးရောင်းချ ကြကြောင်းကို ဒေသခံအငြိမ်းစားကျောင်းဆရာ တစ်ဦးက ရှင်းပြခဲ့ပါတယ်။

အဲ့နောက်မှာ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အိမ်ကို ဦးစွာ သွားရောက်လည်ပတ်ခဲ့တယ်။ ဝင်ဝင်ချင်းမြင်တွေ့ရတဲ့မြင်ကွင်းကတော့ ခြံကျယ်ကျယ်ကြီးထဲမှာ ရှေးဟောင်း အိန္ဒိယ လက်ရာ နဲ့ တည်ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးကို တွေ့လိုက်ရပါတယ်။ ခြံအဝင်တံခါးရဲ့ ဘေးတစ်ဖက်တစ်ချက် စီမှာတော့ တောရိုင်းပင်းတွေကို မြင်တွေ့ရပါတယ်။ အိမ်ရှင်ကိုခွင့်တောင်းပြီးတော့ အိမ်ထဲကို ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ အိမ်ရဲ့ ရှေ့တံခါးပေါက်ကို ပိတ်ထားတာကြောင့်မို့ အိမ်နောက်ဖေးဘက် မီးဖိုးဆောင်ကနေ ဝင်ရောက်ခဲ့ပါတယ်။ ဝင်ဝင်ချင်းဆိုရင်ပင် ရှေးကျတဲ့ မီးဖိုကို ဟောင်းကြီးကိုတွေ့ခဲ့ရတယ်။

လက်ရှိမှာတော့ ဒီမီးဖိုကြီး အသုံးပြုုချင်း မလုပ်ကြတော့ပါဘူး။ အိမ်မကြီးထဲကို မြို့စားဦးစစ်ဟန်ရဲ့ မြစ်တော်စပ်သူကနေလိုက်လံရှင်းပြခဲ့ပါတယ်။ အိမ်မကြီးထဲမှာဆိုရင် ပြတင်းပေါက်ကနေ ဝင်လာတဲ့ အပြင်ဘက်အလင်းရောင်က လွဲပြီး ကျန်တဲ့ အလင်းရောင် မရှိတာကို သတိပြုမိစေခဲ့ပါတယ်။ အိမ်ရှေ့ဧည့်ခန်းမှာဆိုရင် အစီအရီ ချိတ်ဆွဲထားတဲ့ မြို့စားရဲ့ ဓာတ်ပုံအပါအဝင် ကျန်တဲ့ မိသားစုပုံတွေ နဲ့ မီးလင်းဖို တစ်ချို့ကို တွေ့မြင်ရပါတယ်။ ဒီအိမ်ရဲ့ ထူးခြားချက်က အိန္ဒိယ ဗိသုကာ ကျောက်စစ်လက်ရာတွေနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုလည်းရှိပါသေးတယ်။ အိမ်တွင်း အလင်းရောင် ရရှိနိုင်ဖို့အတွက် စနစ်တကျ ဖန်တီးထားတဲ့ မှန်ကွက်ကြီးကိုလည်းတွေ့မြင်ရပါတယ်။ ဒီမှန်ကြီးကနေ နေဝင် /နေထွက်မှ ရရှိလာတဲ့ အလင်းရောင်ကို အောက်ထပ်အခန်းစီရောက်ဖို့အတွက် ကြားခံအသုံးပြုထားတဲ့ မှန်ကြီးပဲဖြစ်ပါတယ်။ ဒီမှန်ဟာဆိုရင် လူဘယ်လောက်ပဲခုန်ခုန် မကွဲဘူးလို့ အိမ်သားတစ်ယောက်က ပြောပြပါတယ်။ အဲ့ဒီနောက်မှာတော့ အပေါ်ထပ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အပေါ်လှေကားထိပ်ကိုရောက်ပြီဆိုရင်ပဲ ကျယ်ပြန့်လွန်းလှတဲ့ Hall ခန်းကြီးကိုတွေ့မြင်ခဲ့ရပါတယ်။ အိမ်ဆောင်ရဲ့ မျက်နှာသာဘက်မှာဆိုရင် ဘုရားခန်းကြီးကို တွေ့ရပါတယ်။ အပေါ်ထပ်မှာတော့ ထူထူထွေထွေသိပ်မတွေ့ရပေမယ့် မထင်မှတ်ပဲ အရာတစ်ခုကိုတွေ့လိုက်ပင်ဆိုရင်ပဲ စာရေးသူကို့ အံ့သြသွားစေခဲ့ပါတယ်။ ဒါကတော့ ခေါင်းတလားကို တွေ့မြင်လိုက်ခြင်းပင်ဖြစ်ပါတယ်။

ဒါကြောင့် လိုက်လံရှင်းပြပေးတဲ့ အိမ် သားကို မေးမြန်းကြည့်တဲ့အခါမှာ … “ ဒါက ကျွန်တော့်အဘိုး က သူ့အတွက် ပြင်ဆင် ထားတဲ့ ခေါင်းတလားပါ။ အဘိုးကတော့ အသက် (၉၄)နှစ်ရှိပြီ။ ဒီခေါင်းတလောင်းကို သူ့အသက်(၆၀) လောက်ကတည်းက ပြင်ဆင်ထားခဲ့တာ။ ခုဆို ခေါင်း တလောင်းရဲ့ သက်တမ်းက နှစ်(၃၀) ကျော်ပြီပေါ့။ အဘိုးက အခုဆိုရင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ခေါင်းတလားထဲဝင်ပြီးတော့ သေခြင်းတရား ကမ်္မဋ္ဌာန်းစီးမြန်းတာပါ ”ဟု စာရေးသူကို ရှင်းပြပါ တယ်။
ဒါပေမဲ့ လက်ရှိမှာဆိုရင် အသက်(၉၄)နှစ်ရှိပြီ ဖြစ်တဲ့ အဘိုးဟာ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်ရဲ့သား ဦးစောမောင်ပဲဖြစ်ပါတယ်။ သူဟာ ခုချိန်ထိ ကျန်းကျန်းမာမာနဲ့ သွားလာနိုင်ပါသေးတယ်။

ဒီအိမ်ကြီးကို စပြီးဆောက်တုန်းကဆိုရင် အဲ့ဒီ ခေတ်ကာလဈေးနဲ့ဆိုရင် အိမ်ရဲ့ ကုန်ကျစရိတ်က တော့ ငွေကျပ်(၁၂)သိန်း ကုန်ကျခဲ့တယ်လို့ သိရပါ တယ်။ အဲဒီတုန်းက ရွှေတစ်ကျပ်သားကို နှစ်ရာကျပ် ရှိခဲ့တာမို့ ရွှေပိဿသ (၆၀)နီးပါး ကုန်ကျခဲ့တယ်လို့ သိ ရပါတယ်။ မြို့စားအိမ်ရဲ့ အိမ်ရှေ့မျက်နှာအပြင်ဘက် မှာဆိုရင် ဝေဆာနေအောင်ပွင့်နေတဲ့ သနပ်ခါးပန်းပင် နှစ်ရုံကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။

အဲ့နောက်မှာတော့ မြို့စားအိမ်ကနေ ထွက်လာကာ ဘော်ဆိုင်းမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရန်ကင်း တောင်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရန်ကင်းတောင်ပေါ်က ကြည့်မယ်ဆိုရင် ဘော်ဆိုင်း တစ်မြို့လုံးကို မြင်ရသည့်အပြင် ပင်းတယ၊ တောင်ကြီး မြို့ရဲ့ ရှုခင်းများကို အပေါ်စီးကနေကြည့်ရှုခဲ့ပါသေး တယ်။ ရန်ကင်းတောင်ပေါ်ကနေဆင်းခဲ့ပြီးတဲ့နောက် မှာတော့ ကုန်းမဲဝိဇ်္ဇာတောင်နဲ့ ရွှေမြစည်းဘုရားတို့ကိုသွားရောက် လည်ပတ်ခဲ့ပါတယ်။ ရွှေမြစည်းဘုရားမှာ တော့ ရှေးလက်ရာ ဇာတ်နိပါတ်ပန်းချီကားတွေကို တွေ့မြင် ခဲ့ရပါတယ်။

အဲ့နောက်မှာတော့ နောက်ထပ်လည်ပတ်လို့ရ မယ့်နေရာတွေ ရှိနေသေးသော်လည်း ရန်ကုန်ကိုပြန် ရမယ်ဖြစ်တာကြောင့် ဆက်ပြီးတော့မလည်ပတ်နိုင် ခဲ့ပါဘူး။ အမှန်ဆိုရင် ဒီခရီးမျိုးကို အချိန်တစ်ရက် သာပေးပြီး လည်ပတ်မယ်ဆိုရင် ဘော်ဆိုင်းမြို့သာ မကပဲ အနီးနားရွှာတွေမှာရှိတဲ့ အထင်ကရနေရာ တွေကို ကောင်းကောင်းလည်ပတ်နိုင်ပါတယ်။
ဘော်ဆိုင်းမြို့လေးကို လည်မယ်ဆိုရင်တော့ ပင်းတယကနေသာမက ဟဲဟိုးနဲ့ ရပ်စောက်ဘက်က နေလည်း လာရောက်လည်ပတ်နိုင်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ အချမ်းသာဆုံး စာရင်းဝင်ပုဂ်္ဂိုလ်တစ်ဦးကလည်း ဒီမြို့လေးမှာ သာမန် ဘဝနဲ့ နေထိုင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

ဘော်ဆိုင်းမြို့လေးဟာဆိုရင် နယ်မြေကျဉ်း ပေးမယ့် ချစ်စရာကောင်းလှတဲ့ တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးဟာဆိုရင် အထင်ကရ လူတစ်ချို့ကို မွေးထုတ်ပေးခဲ့သလို ခဲ၊ ငွေ၊ သတ်္ထု တွေထွက်ပြီး တရုတ်ကုမ်္မဏီတွေ အများစုအခြေ စိုက်တဲ့မြို့လည်းဖြစ်တယ်။ ဒေသန္တရအမြင်သစ်တွေ တွေ့ရနိုင်မယ့်မြို့လေး၊ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အုပ်ချုပ်ခဲ့တဲ့မြို့၊ ဗိသုကာလက်ရာပညာရှင် တွေကို အစပြုမွေးထုတ်ပေးခဲ့တဲ့ ဘော်ဆိုင်းတောင် ပေါ်မြို့လေးကို ပြည်တွင်း/ပြည်ပခရီးသွားနဲ့ စည်စည်ကားကား ရှိလာစေချင်တဲ့ ဆန္ဒနဲ့အတူ အခါ အခွင့်ကြုံရင်လည်း စာရေးသူအနေနဲ့ နောက်ထပ် တစ်ခါ သွားရောက် လည်ပတ်ချင်ပါသေးတယ်။

Travelling_Journal/Vol_1_Issue_5